အလုပ်မှာစားနိုင်ဖို့ ကျန်းမာရေးကောင်းစေမယ့် Healthy Snack များ

အလုပ်လုပ်နေရင် Snack (အစာပြေ သရေစာ) များကို ပိုစားမိတယ်။ တစ်နေ့ကုန်အလုပ်လုပ်နေရတော့ ထမင်းစားပြီးရင်တောင် မလုံလောက်ဘဲ အစာပြေ ( Snack )တွေကိုစားနေရမှာ ကျေနပ်နိုင်ကြတာပါ။ ဒီလို အစာပြေ ( Snack )တွေကို စားတဲ့အခါ မကျန်းမာတဲ့ Snack တွေကို စားမိတတ်ကြတယ်။ ဒီလိုတွေ စားနေမယ့်အစား ကျန်းမာရေးအတွက် သင့်တော်မယ် Healthy Snack တွေကို စားပေးပါ။

(၁) သခွားသီး Sandwiches

lifehack

သခွားသီး Sandwiches က ပရိုတင်းဓာတ်တွေ ထုတ်ပေးနိုင်တယ်။ ပေါင်မုန့်တွေအစား သခွားသီးကို အသားပြားညှပ်ပြီး စားပေးနိုင်ပါတယ်။ သခွားသီး မှာ ရေဓာတ်ပါတာကြောင့် များများစားပေးရင် ကျန်းမာရေးအတွက်ကောင်းပါတယ်။

(၂) Tuna Salad Cucumbers

READ
ကြက်အူချောင်း သုံးထပ်သား ခေါက်ဆွဲကြော်ပြုလုပ်နည်း
lifehack

သခွားသီးကတော့ ဈေးထဲရှာရတာလွယ်သလို သခွားသီးမကြိုက်သူက ရှားပါတယ်။ ဒီနည်းလေးကတော့ သခွားသီးအကွင်းပေါ် တူနာငါးနဲ့ Sandwiches ပုံစံလေးပါ။ ငါးနဲ့သခွားသီးက ကယ်လိုရီနည်းပြီး ဗိုက်ပြည့်စေနိုင်တယ်။

(၃) အစေ့အဆန် ခြောက်

lifehack

Healthy Snack ဆိုကတည်းက ကျန်းမာရေးနဲ့ သင့်တော်တဲ့ အစာပြေမုန့်တွေကို ဆိုလိုတာပါ။ ဒီလို သကြားမပါတဲ့အစေ့အဆန်ခြောက် နဲ့ အသီးခြောက်တွေ အားလုံးကို ရောပြီး စားပေးလို့လည်းရပါတယ်။

(၄) Almond Butter နဲ့ ငှက်ပျော်သီး Sandwich

 

lifehack

ကယ်လိုရီလည်းနည်း ဗိုက်လည်းပြည့် စေတဲ့ Healthy Snack ပါ။ ငှက်ပျော်သီးအပေါ်ကို Almond Butter သုပ်လိမ်းပေးပါ။ ဒီနည်းကတော့ လွယ်လွယ်လေးနဲ့ မြန်လည်းမြန်ပါတယ်။

(၅) ထောပတ်သီးနဲ့ ကြက်ဥ

READ
မီးဖိုချောင်ထဲက ပြဿနာတစ်ချို့ကို အလွယ်တကူ ဖြေရှင်းနည်းများ
lifehack

ကြက်ဥအကာက ကယ်လိုရီနည်းတဲ့အတွက်ကြောင့် အစာပြေအဖြစ် စားသင့်ပါတယ်။ နောက်ပြီး ထောပတ်သီးကိုမွှေပြီး ကြက်ဥနဲ့တွဲစားရင်လည်း အရသာရှိပါတယ်နော်။ ဒါမျိုး Healthy Snack ကို အိမ်ကနေလုပ်သွားပြီး ဗိုက်ဆာနေတဲ့အချိန်ထုတ်စားနိုင်ပါတယ်။ အာဟာရလည်းရှိ ဗိုက်လည်းပြည့်စေပါတယ်။

Hannwe Soe

SHARE