အိုင်လာဝင်းတားဝှိုက်အမည်ရတဲ့ ကောင်မလေးတစ်ယောက်ရဲ့ အသက်(၈၂) နှစ်အရွယ် အဖိုးဖြစ်သူဟာ အိုင်လာ့ကို လူနာကြည့်ဖို့ လာခဲ့ပါတယ်။ ဒါပေမယ့် အဖိုးအို ကိတ်သ်ရဲ့ မြေးအပေါ်မှာ ထားတဲ့အချစ်ဟာ အကဲပိုလွန်းတယ်လို့ ထင်ချင်စရာပါပဲ။ ဘာကြောင့်လည်းဆိုတော့ အဖိုးဟာ မြေးကို အားပေးဖို့လာရင်း ပူပူနွေးနွေးခွဲစိတ်မှုပြုလုပ်ထားတဲ့မြေးမလေးရဲ့ လက်သည်းတွေကို လက်သည်းဆိုးဆေး ဆိုးပေးခဲ့တာ ဖြစ်ပါတယ်။

အဖိုးရဲ့ လက်သည်းဆိုးဆေးဆိုးနေတဲ့ဗီဒီယိုဟာ အွန်လိုင်းပေါ်မှာ ပြန့်နှံ့ပြီးတဲ့နောက် လူတော်တော်များများက နှစ်သက်ခဲ့ကြပါတယ်။ အိုင်လာကတော့ အသက်(၂၀) နှစ်အရွယ် ကောင်မလေးဖြစ်ပြီး သူမက အခုလို တွစ်ထားပါတယ်။ “ကျွန်မအဖိုးနဲ့အဖွားက ကျွန်မခွဲစိတ်မှုလုပ်ပြီးတော့ ကျွန်မကို လာကြည့်ကြတာ။ ကျွန်မအဖိုးက ကျွန်မကို နေမြန်မြန်ကောင်းစေချင်တယ်။ အဖိုးက သူက အဖွားရဲ့ လက်သည်းတွေကို ဆေးဆိုးပေးလာတာ အနှစ်(၃၀) ကျော်ပြီ။ အခုတစ်ခါတော့ ကျွန်မကို လက်သည်းဆိုးပေးမယ်လို့ ပြောပြီး ဆေးဆိုးပေးနေတာ…”

ဗီဒီယိုထဲမှာတော့ မြေးမလေးကို လက်သည်းနီ ဘယ်နှစ်ထပ် ထပ်ဦးမလဲဆိုပြီး မေးနေတဲ့ အဖိုးဖြစ်သူကို ချစ်စရာကောင်းစွာ တွေ့ရမှာပါ။ အိုင်လာဟာ တင်ပါးဆုံရိုးနေရာကို ခွဲစိတ်ကုသထားတာ ဖြစ်ပါတယ်။ အိုင်လာက သူမအဖိုးဟာ အဖွားဖြစ်သူရဲ့ ပင်တိုင်ဓာတ်ပုံဆရာဖြစ်တဲ့အပြင် အဖွားဖြစ်သူကို အရမ်းချစ်ကြောင်းလည်း ပြောပြခဲ့ပါတယ်။ တွစ်တာအသုံးပြုသူတွေကတော့ ကြည်နူးစရာကောင်းတဲ့ အိုင်လာနဲ့ ကိတ်သ်မြေးအဖိုးရဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်မ၀အောင်ဖြစ်နေကြောင်း Insider သတင်းအရ သိရပါတယ်။
my grandparents came to look after me after my surgery and my grandad told me he wanted to make me feel better, he told me he’s been painting my nan’s nails for 30 years and that he wanted to paint mine and I needed to share this. “How many coats do you have on?”😭😭 pic.twitter.com/P0VJjZsHzn
— Ayla Winter-White (@aylawinter_) August 1, 2019
လင်းလင်း (ShweMom)