
လူတစ်ယောက်နဲ့ တစ်ယောက် ရိုင်းပင်းကူညီတာဟာ တော်တော်လေးကို ကောင်းတဲ့ အလေ့အကျင့်တစ်ခုပါ။ အထူးသဖြင့် စားဝတ်နေရေး အခက်အခဲ ဖြစ်နေတဲ့လူတွေ၊ အိမ်ခြေယာမဲ့တွေကို ကူညီခွင့်ရတဲ့ အခိုက်အတန့်မှာ ခံစားရတဲ့ ခံစားချက်ဟာ ဘာနဲ့မှကို လဲလို့မရနိုင်တဲ့ ခံစားမှုမျိုးပါ။ အခုပြောပြချင်တာကတော့ အခက်အခဲဖြစ်နေတဲ့ အိမ်ခြေရာမဲ့ အမျိုးသားကြီးတစ်ယောက်ကို ကူညီလိုက်တဲ့ အဖြစ်အပျက်တစ်ခုပဲ ဖြစ်ပါတယ်။ သူ့ရဲ့ အခက်အခဲကို တစ်ခြားလူတစ်ယောက်က ကူညီပေးလိုက်တဲ့အချိန်မှာ အဲဒီအိမ်ခြေရာမဲ့ အမျိုးသားကြီးခမျာ ဝမ်းသာလွန်းလို့ မျက်ရည်တွေတောင် ကျလာရတဲ့အထိကို ဖြစ်ပျက်သွားကြောင်း သိရပါတယ်။

နာမည်ကြီး Tiktok cele တစ်ယောက်ဖြစ်တဲ့ Akramadinas(AK) ဟာ စတိုးဆိုင်တစ်ခုမှာ အခက်အခဲဖြစ်နေတဲ့ အိမ်ခြေရာမဲ့အမျိုးသားကြီးတစ်ယောက်ကို တွေ့ခဲ့ရပါတယ်။ အဆိုပါ အမျိုးသားကြီးဟာ စူပါမားကပ်တစ်ခုကမှန်တစ်ချပ်ကို မတော်တဆခွဲလိုက်မိတာကြောင့် အဆိုပါ မှန်တန်ဖိုးကို ပြန်လျော်ပေးဖို့ လမ်းဘေးမှာ အလုပ်လုပ်ရင်းပိုက်ဆံရှာနေရတာ ဖြစ်ပါတယ်။ သူလျော်ရမယ့် မှန်ရဲ့တန်ဖိုးကတော့ အမေရိကန် ဒေါ်လာ ၁၅၀ ဖြစ်ပါတယ်။ ပိုက်ဆံကို တောင်းစားပြီးမရှာချင်တာကြောင့် အဆိုပါ အမျိုးသားကြီးဟာ မှန်တစ်ခါသန့်ရှင်းရေးလုပ်ရင် ၁ဒေါ်လာဆိုတဲ့ ဆိုင်းဘုတ်လေးကိုင်ပြီး နေရာအနှံ့သွားကာ အလုပ်ရှာနေသူတစ်ယောက်ပါ။
@akramadinaswhen he said $11 my heart broke ##giveback♬ The Wisp Sings – Winter Aid
အကြောင်းစုံကို သိသွားတဲ့ AK ကတော့ နောက်ဆုံးမှာ အဆိုပါ အိမ်ခြေရာမဲ့ အမျိုးသားကြီးကို အမေရိကန်ဒေါ်လာ ၅၀၀ ပေးခဲ့ပါတယ်။ AK ရဲ့ မမျှော်လင့်တဲ့ ကူညီမှုကြောင့် အဆိုပါ အမျိုးသားကြီးခမျာ တော်တော်လေးကို ဝမ်းသာခဲ့ရပြီး မျက်ရည်တွေတောင်ကျလာရတဲ့အထိကို ဖြစ်သွားခဲ့တာပါ။ အဲဒီနောက်မှာတော့ အဆိုပါ အမျိုးသားကြီးဟာ AK ကို ကျေးဇူးတင်ပြီး ဖက်လှဲတကင်း နှုတ်ဆက်ခဲ့ပါတယ်။ အဆိုပါ ဗီဒီယိုဟာ Tiktok မှာ ကြည့်ရှု့သူ ၁၁ သန်းကျော်ရှိခဲ့ပြီး လူတိုင်းက AK ရဲ့ လုပ်ရပ်ကို ချီးကျူးခဲ့ကြပါတယ်။

Pyi Hein Kyaw