XBox ဂိမ်းစက်ကြောင့် သေဆုံးသွားတဲ့ ချစ်သူအပေါ် ယူကြုံးမရဖြစ်နေရှာတဲ့ အမျိုးသမီး

တစ်ဦးနဲ့တစ်ဦး နှစ်နှစ်ကာကာ ချစ်ခဲ့ပေမယ့် ကံတရားက သစ္စာဖောက်လို့ ကွေကွင်းရတဲ့ ချစ်သူစုံတွဲတွေ အများကြီးရှိပါတယ်။ တန်နက်စီပြည်နယ်က ချစ်သူနှစ်ဦးကတော့ ကံတရားရဲ့ မညှာမတာ ရက်ရက်စက်စက် အခွဲခံခဲ့ရပြီး နှစ်ဦးသား သေကွဲကွဲခဲ့ရပါတယ်။ ဖြစ်ပုံကတော့ ဒီလိုပါ။ အသက်(၂၂) အရွယ် ဆာရာနဲ့ အသက်(၂၄) နှစ်အရွယ် ရှာရီဖီတို့ဟာ တန်နက်စီတက္ကသိုလ်က ကျောင်းသားကျောင်းသူတွေပါ။

twitter

နှစ်ဦးသား မေတ္တာမျှနေကြပြီး (၁၆.၃.၂၀၁၉)ရက်နေ့မှာ လက်ထပ်ကြဖို့အထိ အားလုံးအစီအစဉ် ဆွဲပြီးပါပြီ။ ဒါပေမယ့် ကံဆိုးချင်တော့ သတို့သားလောင်း ရှာရီဖီဟာ အမျိုးသားတစ်ယောက်ရဲ့ သေနတ်နဲ့ ပစ်သတ်တာကို ခံလိုက်ရပါတယ်။ ရှာရီဖီဟာ သူ့ရဲ့ XBox console ဂိမ်းစက်ကို Facebook Marketplace ကနေ ဒေါ်လာ(၂၀၀)နဲ့ ရောင်းချခဲ့ပါတယ်။

twitter

ရှာရီဖီဟာ ဖေ့စ်ဘုတ်ကနေ အသက်(၂၀) အရွယ် ဒီမားကတ်စ်ဆိုသူ အမျိုးသားနဲ့ ချိတ်မိပြီး အရောင်းအ၀ယ်ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီ (၁၉) ရက်နေ့မှာတော့ ရှာရီဖီဟာ ဂိမ်းစက်ကိုယူဆောင်ပြီး ဒီမားကတ်စ်နဲ့ အချိန်းအချက်ပြုထားတဲ့ ကားပါကင်နေရာကို သွားရင်း ထိုနေရာမှာပဲ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။ တကယ်တော့ ဒီမားကတ်စ်က ဂိမ်းစက်ကို လိုချင်ပေမယ့် ပိုက်ဆံမပေးချင်တာကြောင့် ရှာရီဖီကို သတ်ဖြတ်ခဲ့တာပါ။ ရလဒ်ကတော့ အဖိုးမတန်တဲ့ ဂိမ်းစက်လေးတစ်ခုနဲ့ လူတစ်ယောက်ရဲ့ အသက် အလဲလှယ်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပြစ်မှုကျူးလွန်သူ ဒီမားကတ်စ်ကို လူသတ်မှုနဲ့ ဖမ်းဆီးထားပါတယ်။

READ
တိုက်ရိုက်ထုတ်လွှင့်မှုမတိုင်ခင် မထင်မှတ်တာလုပ်ခဲ့တဲ့ အစီအစဉ်တင်ဆက်သူရဲ့ဗီဒီယို
Hamilton Co. Sheriff’s Office

လက်ထပ်ဖို့ ရက်သိပ်မလိုတော့တဲ့အချိန်မှာ သတို့သားလောင်းက ရုတ်တရက်ကြီး သေဆုံးသွားတဲ့အတွက် ဆာရာခမျာ ယူကြုံးမရ ဖြစ်နေရှာပါတယ်။ ရှာရီဖီ သေဆုံးသွားပေမယ့် သူမတို့ရဲ့ မကျင်းပဖြစ်လိုက်တဲ့ လက်ထပ်ပွဲလေးကို အမှတ်ရပါတယ်ဆိုတဲ့ သဘောနဲ့ ဆာရာဟာ သူမမင်္ဂလာဆောင်ရင်ဝတ်မယ့် သတို့သမီးဝတ်စုံကို ၀တ်ဆင်ပြီး ချစ်သူလဲလျောင်းအိပ်စက်ရာ သင်္ချိုင်းမြေဆီကို အခုလို ရောက်လာခဲ့တာပဲ ဖြစ်ပါတယ်။

twitter

ဓာတ်ပုံတွေကြည့်ရတာတော့ ဆာရာနဲ့ ရှာရီဖီတို့ဟာ တစ်ဦးနဲ့တစ်ဦး အတော်လေး ကြင်နာကြဟန်ရှိသလို သိပ်ချစ်ကြပုံပေါ်ပါတယ်။ သတို့သမီးလောင်းလေး ဆာရာအတွက်ကတော့ စိတ်မကောင်းစရာပါ။ သူမနဲ့ ဓာတ်ပုံရိုက်ထားတဲ့ သေဆုံးသူချစ်သူရဲ့ ဓာတ်ပုံကို စိုက်ကြည့်ပြီး မျက်ရည်လည်ရွှဲဖြစ်နေပုံက တကယ့်ကို သနားဖွယ်ရာပဲ ဖြစ်ပါတော့တယ်။ ဒါကြောင့် သေခြင်းတရားဆိုတာ လက်တကမ်းအလိုမှာပဲ ရှိတာမို့ ကိုယ့်ရဲ့ ချစ်သူခင်သူတွေကို အသက်ရှင်နေတုန်းကာလလေးမှာ တတ်နိုင်သလောက် ချစ်ပေး၊ ဂရုစိုက်နားလည်မှု ပြုပေးခြင်းသည်သာ အကောင်းဆုံးပါပဲ။

လင်းလင်း (ShweMom)

Ref: Dailymail, People

SHARE