အမေဇုံတောကြီး ပျက်စီးလာမှုနဲ့အတူ၊ လူရိုင်းတွေအတွက် နေရေးထိုင်ရေး အခက်အခဲဖြစ်လာ

အခုသတင်းဆောင်းပါးထဲမှာ ဖော်ပြထားတဲ့ ဓာတ်ပုံလက်ရာတွေဟာ ဘယ်တော့မှ မပျက်စီးလောက်ပါဘူးဆိုတဲ့ အမေဇုံတောနက်ကြီးရဲ့ ပျက်စီးဆုံးရှုံးမှုတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေကို မျက်ဝါးထင်ထင် မြင်တွေ့ရစေမှာ ဖြစ်ပါတယ်။ အထူးသဖြင့် တောနက်ကြီးကို အမှီပြု စားဝတ်နေရေး ဖြေရှင်းနေရတဲ့ လူရိုင်းမျိုးနွယ်စုတွေအတွက် အလွန်ဆိုးရွားတဲ့ အခက်အခဲတွေကို မြင်သာစေမှာပါ။

ဓာတ်ပုံတွေထဲမှာ ဒေသခံလူရိုင်းတွေဟာ ရေကန်တစ်ခုအလယ်က သစ်ပင်ပေါ်ကို တက်နေတာကို တွေ့ရမှာပါ။ ယခင်က အဲဒီနေရာဟာ တောနက်ကြီးတစ်ခုဖြစ်ပြီး၊ တောပြုန်းလာသည်နှင့်အမျှ ရေကြီးရေလျှံမှုတွေက ဆိုးရွားစွာ သက်ရောက်ခဲ့ပြီး၊ အခုလို ဟင်းလင်းပြင်ကြီး ဖြစ်လာခဲ့တာပါ။

MediaDrumImages

သစ်တောပြုန်းတီးရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ လူတို့ရဲ့ ပယောဂက အဓိကနေရာမှာ ပါဝင်ပြီး၊ တောမီးလောင်ခြင်းနဲ့ သဘာဝဘေးအန္တရာယ်တွေကလည်း သဘာဝပတ်ဝန်းကျင်ကို အချိန်အနည်းငယ်အတွင်း ပျက်စီးစေနိုင်ပါတယ်။

ဓာတ်ပုံတစ်ခုထဲမှာတော့ ဒေသခံလူရိုင်းမျိုးနွယ်စုတွေဟာ ဆည်တည်ဆောက်ခြင်းကိစ္စကို အစိုးရဘက်က ဆောင်ရွက်နေချိန်၊ သူတို့အတွက် ဘယ်လိုသက်ရောက်မှုတွေ ရှိနိုင်တယ်ဆိုတာကို စောင့်စားနေတဲ့ပုံဖြစ်ပါတယ်။ ဆည်တည်ဆောက်ခြင်းဟာ စိုက်ပျိုးရေးနဲ့ လျှပ်စစ်ထုတ်လုပ်ရေးအတွက် အကျိုးရှိသော်လည်း သဘာဝပတ်ဝန်းကျင်ကို ဆိုးရွားစွာ ပျက်စီးစေပြီး၊ တစ်ခြားကြီးမားတဲ့ အန္တရာယ်တွေကိုလည်း ရင်ဆိုင်ရဖို့ ရှိပါတယ်။

MediaDrumImages

အခြားဓာတ်ပုံတစ်ခုတည်းမှာတော့ ငါးဖမ်းနေတဲ့ ဒေသခံလူမျိုးစုတစ်ဦးရဲ့ ပုံပါ။ ဒီပုံရဲ့နောက်ကွယ်မှာ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ရှားပါးလာတဲ့ ငါးမျိုးစိတ်ဟာ အခုလိုပဲ ပိုက်ချည်းဗလာနဲ့ ဘယ်နှစ်ကြိမ်အထိ ကြုံတွေ့နေရမလဲဆိုတာကို လူရိုင်းမျိုးနွယ်စုအတွက် စိုးရိမ်စရာ ဖြစ်စေပါတယ်။

MediaDrumImages

တစ်ခြား အတွေးတွေများစွာပေးနေတဲ့ ဓာတ်ပုံတွေလည်း များစွာရှိနေသေးပြီး၊ ဒေသခံလူမျိုးတွေကို သက်ဆိုင်ရာက လာရောက်ဖမ်းဆီးစစ်ဆေးတာတွေ၊ နှိပ်စက်တာတွေလည်း ရှိနေတယ်လို့ သိရပါတယ်။ ဒီဓာတ်ပုံတွေကို ကနေဒါ ဓာတ်ပုံဆရာ  Aaron Vincent Elkaim က ရိုက်ကူးခဲ့တာပါ။

MediaDrumImages
MediaDrumImages
MediaDrumImages

နေရာကတော့ ဘရားဇီးပိုင်နက် အမေဇုံတောထဲမှာ ဖြစ်ပြီး၊ သစ်တောပြုန်းတီးမှု အဆိုးရွားဆုံးဒေသတွေထဲမှ တစ်ခုအပါအဝင်လို့ သိရပါတယ်။ အဲဒီဒေသမှာ ဆည်မြောင်းစီမံကိန်းတစ်ခုကို အစိုးရက အကောင်အထည်ဖော်နေပြီး၊ သဘာဝပညာရှင်တွေကတော့ အမျိုးမျိုး ဝေဖန် ကန့်ကွက်နေကြပါတယ်။

 

READ
ပင်လယ်တွင်းက မုန်တိုင်းဖြစ်ရပ်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်

လင်းသူရိန် (Shwemom)

Source : thesun.co.uk

SHARE