မသေခင်မှာ ဈာပနအတွက် ကြိုတင်စီစဉ်ခဲ့တဲ့ ရောဂါသည်သမီးအကြောင်း ဖွင့်ဟခဲ့တဲ့ မိခင်

အသက် 21 အရွယ်မှာ Cystic Fibrosis ရောဂါနဲ့ ဆုံးပါးခဲ့တဲ့ Amy ဟာ သူမရဲ့ ဈာပနအခမ်းအနားအတွက် ကြိုတင်စီစဉ်ခဲ့တယ်လို့ မိခင်ဖြစ်သူ Lyn Eades (45) နှစ်က ထုတ်ဖော်ခဲ့ပါတယ်။ သမီးရဲ့ အစီအစဉ်ကို သူမလည်း ဈာပနအခမ်းအနားပြီးမှာ သိခဲ့ရတာဖြစ်ကြောင်း The Sun က ဆိုပါတယ်။

Lyn Eades
Lyn Eades

Lyn တို့ မိသားစုဟာ အင်္ဂလန်နိုင်ငံ၊ Addington, Croydon မှာ နေထိုင်ကြပြီး၊ Lyn ဟာ မသေခင်အထိ အိပ်ယာထဲမှာသာ နေခဲ့ရတဲ့ သမီးအကြောင်းကို တဖွဖွပြောလို့မဆုံးပါဘူး။ Amy ဟာ Cystic Fibrosis ရောဂါ(အသည်း၊ ကျောက်ကပ်၊ နှလုံးတို့နဲ့ဆိုင်သည့်ရောဂါ)ကို ငယ်ငယ်ကတည်းက ခံစားခဲ့ရသူပါ။

Lyn Eades

သမီးသေဆုံးပြီးတဲ့အခါမှာ Lyn ဟာ သမီးကိုင်ခဲ့တဲ့ iPad ကို စစ်ဆေးခဲ့ပါတယ်။ အဆိုပါ iPad ထဲမှာ Amy က သူမရဲ့ ဈာပနကို အသေးစိပ်စီစဉ်ခဲ့ပါတယ်။ Amy ဟာ ခေါင်းတလားကို ကျားသစ်ပုံထွင်းထုထားတဲ့ ခေါင်းတလားကို လိုလားကြောင်း ရေးသားထားပြီး၊ အ၀တ်အစားကိုတော့  Legend of Zelda Elf အ၀တ်အစားပုံစံ ၀တ်လိုကြောင်း ရေးသားထားပါတယ်။

READ
ရေအောက်မှာ အတွင်းခံကြော်ငြာရိုက်တုန်း ငမန်းအကိုက်ခံခဲ့ရတဲ့ အပြာမင်းသမီး
Lyn Eades

ဒါကြောင့် Lyn နဲ့ ဆွေမျိုးသားချင်းတွေဟာ သမီးရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းသောအားဖြင့် ကျားသစ်ပုံစံအ၀တ်အစားနဲ့ ဖုံးလွှမ်းထားတဲ့ ခေါင်းတလားနဲ့ Amy အတွက် ပြင်ဆင်ပေးခဲ့ပါတယ်။ သူမ ၀တ်ချင်တဲ့  Legend of Zelda Elf အ၀တ်အစားလေး ၀တ်ပေးပြီး၊ ဆွေမျိုးသားချင်းတွေက ကျားသစ်ပုံစံ အကွက်ဖော်ထားတဲ့ ပူပေါင်းတွေ စေလွှတ်ကာ Amy အတွက် ဆုမွန်ကောင်းတွေ တောင်းခဲ့ကြပါတယ်။

Lyn Eades
Lyn Eades

Amy ဟာ အသက် 6 ပတ် အရွယ်မှာပင် Cystic Fibrosis ရောဂါ ခံစားခဲ့ရပါတယ်။ ငယ်ငယ်ကတည်းက တစ်ရှောင်ရှောင်ဖြစ်ခဲ့ပေမယ့်၊ ရောဂါအခြေအနေက သူမ ဆယ်ကျော်သက်အရွယ် ရောက်တဲ့အထိ မဆိုးဝါးသေးပါဘူး။ ဒါပေမယ့် နောက်ဆုံးတော့ ဆေးရုံခုတင်ပေါ်မှာပဲ အချိန်ဖြုန်းခဲ့ရပါတယ်။ ရောဂါကြောင့် ကျောက်ကပ် ခဏခဏဆေးရပြီး နောက်ဆုံးတော့ ရောဂါရဲ့ အနိုင်ယူခြင်းကို ခံလိုက်ရပါတယ်။

Lyn Eades

နတ်စည်တော် (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE