ပညာလိုအိုသည်မရှိဆိုတာကို သက်သေပြနေတဲ့ ကြည်နူးဖွယ်ဓာတ်ပုံလေးများ

အသိပညာ၊ အတတ်ပညာတစ်ခုကို သင်ယူရာမှာ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ လူအချို့ကတော့ ဘ၀ပေးကုသိုလ်လေးကလည်းကောင်း၊ မိဘကလည်း ထောက်ပံ့နိုင်တဲ့အခါမျိုးမှာ ပညာရေးအတွက် အချိန်ပေးနိုင်ကြပါတယ်။ တချို့ကျတော့ ပညာသင်နေဆဲကာလမှာ ရုတ်တရက်ပေါ်လာတဲ့ အရေးကြီးကိစ္စကြောင့် ပညာရေးရပ်နားလိုက်ရတာတွေလည်း ရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ လက်ရှိအသက်အရွယ်ကိုမတွက်ပဲ ကိုယ်တစ်ဝက်တစ်ပျက်နဲ့ နားခဲ့တဲ့ ပညာရေးကို ခရီးဆုံးထိ ရောက်အောင် လျှောက်လှမ်းနိုင်သွားသူတွေကတော့ လေးစားအားကျဖွယ် ကောင်းနေပါတယ်။ အသက်(၈၀) (၉၀) ဖြစ်နေတာတောင် သားသမီး၊ မြေးမြစ်တွေနဲ့အပြိုင် ပျော်ပျော်ကြီး ဘွဲ့ဒီဂရီတွေယူခဲ့ကြတဲ့ လူတွေကို boredpanda ကနေ အောက်ပါအတိုင်း တွေ့ရှိရပါတယ်။

ဥပဒေဘွဲ့ယူနိုင်ခဲ့တဲ့ ကလေး(၅) ယောက်မိခင် single mother အမျိုးသမီး

Richard Holman

ပညာသင်ယူခြင်းဟာ ဘယ်တော့မှ နောက်မကျပါ..

larryfeltonJ

အသက်(၉၈) နှစ်ရောက်မှ အထက်တန်းအောင်ဒီပလိုမာ ရယူနိုင်ခဲ့တဲ့ အမျိုးသားကြီး

_twilliamson

ဒုတိယကမ္ဘာစစ်တုန်းက ကမ့်ပ်ထဲရောက်ခဲ့ရပြီး အသက်(၇၂) နှစ်မှ အထက်တန်း အောင်မြင်ခဲ့တဲ့ စုံတွဲ

Avianne Tan , tustintillers

(၉၂) နှစ်အရွယ် အတန်းဖော်နဲ့ ဘွဲ့ရဓာတ်ပုံရိုက်ကူးစဉ်

Chasep7 R

ဘွဲ့အခမ်းအနားတစ်ခုမှာ တွေ့လိုက်ရတဲ့ အဖွားအို

stellascura

လေးစားလောက်ဖွယ် မေမေ

Amctier928

အသက်(၇၁)နှစ်မှ ဘွဲ့ရတဲ့ ဖခင်ဖြစ်သူနဲ့ ပို့စ်ပေးနေကြတဲ့ သားများ

AlexSalt

အတန်းတစ်တန်းတည်း အတူတက်ပြီး ဘွဲ့ရခဲ့ကြတဲ့ သားအဖ

reddit.com

အသက်(၉၃) နှစ်မှ အထက်တန်းအောင်လက်မှတ်ရရှိခဲ့တဲ့ ဒုတိယကမ္ဘာစစ် စစ်ပြန်ကြီး

guns.com

လင်းလင်း (ShweMom)

SHARE