McDonald ဆိုင်ဝန်ထမ်းအတွက် အထူးလက်ဆောင်ပြင်ဆင်ပေးခဲ့တဲ့ ပုံမှန်ဖောက်သည်

McDonald က ၀န်ထမ်းတစ်ယောက်ဟာ ဆိုင်ရဲ့ ပုံမှန်အားပေးသူတစ်ယောက် ပေးတဲ့ လက်ဆောင်ကြောင့် အလွန် စိတ်လှုပ်ရှား ကြည်နူး ပီတိတွေဖြစ်ခဲ့ရပါတယ်။

Denise Panek/YouTube

Wichita မြို့က စီးပွားရေးသမား Chris Ellis ဆိုသူဟာ Hutchinson ရပ်ကွက်တောင်ပိုင်းမှာ ရှိတဲ့ McDonald ဆိုင်ကို ပုံမှန်ရောက်ဖြစ်ရင်းက အဲ့ဒီမှာ အလုပ်လုပ်နေတဲ့Vicki Anderson ဆိုတဲ့ အမျိုးသမီး ၀န်ထမ်းနဲ့ မိတ်ဆွေတွေဖြစ်ခဲ့ကြတယ်။ ပြီးခဲ့တဲ့ (၂၀၁၈)နိုဝင်ဘာ ဒုတိယ အပတ်လောက်မှာ ပထမဆုံးအကြိမ် ကားရပ်ဝယ်လို့ရတဲ့ ဆိုင်မှာတွေ့ပြီးတဲ့နောက် စပြီး ခင်မင်လာခဲ့ကြတယ်။

ဖြစ်ချင်တော့ Vicki ရဲ့ ကားက ဆောင်းဦးပေါက်မှာ ပျက်သွားခဲ့တယ်။ အဲ့ဒါနဲ့ပဲ ကားရောင်းဖို့ ရှိတာများ ကြားမိလားဆိုပြီး Chris ကို မေးမိခဲ့တယ်။ Chris က ဒါ သူမနဲ့ ထာဝရ မိတ်ဆွေဖြစ်နိုင်ဖို့ အထောက်အပံ့ကောင်း တစ်ခုပဲဆိုပြီး စဉ်းစားမိသွားတယ်။

Vicki ရဲ့ (၁၉၉၄) မော်ဒယ် Cutlass Sierra က လွန်ခဲ့တဲ့ လအနည်းကမှ ပျက်သွားခဲ့ပါတယ်။ ပြင်ဖို့ ကြည့်တော့လည်း ဒေါ်လာ (၅၀၀) လောက်ကုန်မှာ ဖြစ်ပြီး  ကားတန်ဖိုးရဲ့ လေးပုံတစ်ပုံလောက် သွားကျနေတာကို တွေ့ခဲ့ရတယ်။ အဲ့ဒီ့ကတည်းက Vicki လည်း ကား စရှာတော့တာပဲ။

READ
မွေးထုတ်လိုက်တာကို သိတဲ့ပုံမပေါ်ဘဲ ဗိုက်ထဲကလို ကြင်နာစွာဖက်နေကြတဲ့ အမွှာလေးများ

လက်ဆောင်ဖို့ စဉ်းစားနေတဲ့ Chris ကလည်း တိုက်တိုက်ဆိုင်ဆိုင် သားဖြစ်သူက ကားရောင်းဖို့လုပ်နေတာနဲ့ သွားကြုံတယ်။ သားက တလောလေးကမှ ကားအသစ်ဝယ်လိုက်တော့ သူရဲ့ (၂၀၀၉) မော်ဒယ် Pontiac GS ကို ရောင်းဖို့ လုပ်နေတယ်။ အဲ့ဒါနဲ့ Chris က သားဖြစ်သူကို ဒီလို ဒီလို စိတ်ကူးထားတာရှိလို့  ဘယ်လောက်နဲ့ ရရင် ရောင်းမလဲမေးတော့ Josh ကလည်း ကောင်းတဲ့ ကိစ္စလည်းဖြစ် သားအဖလည်းဖြစ်တဲ့အတွက် လျှော့ဈေးနဲ့ပေးမယ်လို့ ပြောပါတယ်။

ငွေချေပြီးတာနဲ့ သားအဖ နှစ်ယောက် ကားကို သန့်ရှင်းရေးလုပ်တယ်၊ ဆီလဲတယ်၊ ဘီးတွေဘာတွေစစ်ဆေးပြီး Vicki ကို စပရိုက်လုပ်ဖို့ ပြင်ဆင်ကြတယ်။

မီးဖိုးချောင်ထဲမှာ အလုပ်လုပ်နေတဲ့ Vicki ဟာ မန်နေဂျာ တွေ့ဖို့ ခေါ်ခိုင်းလိုက်တယ်လည်း ကြားရော အလုပ်များထုတ်တော့မလို့လားဆိုပြီး လန့်ဖျပ်သွားတယ်။

Denise Panek/YouTube

သူမရဲ့ အကြောက်တရားတွေဟာ Chris တို့သားအဖနားမှာ ကပ်ရပ်ပြီး သူမကို ဗီဒီယိုရိုက်နေတဲ့ မန်နေဂျာကိုမြင်တော့မှ ပျောက်သွားတော့တယ်။ Chris က Vicki ကို အပြင်မှာ ရပ်ထားတဲ့ ကားလက်ဆောင်ဆီ ခေါ်သွားပြီး အခုကစလို့ ဒါ ခင်ဗျားကားပဲလို့လည်းဆိုရော Vicki တစ်ယောက် ၀မ်းသာမျက်ရည်တွေကျခဲ့ရတဲ့ အထိဖြစ်ခဲ့ပါတယ်။

READ
မသန်စွမ်းအမျိုးသားကို ဆယ်ကျော်သက်က ထူးခြားစွာ ကူညီပေးခဲ့တဲ့ ကြည်နူးဖွယ်ဖြစ်ရပ်လေး

Vicki ဟာ အစက နောက်နေတယ်ပဲ ထင်ခဲ့ကြောင်း၊ အဲ့ဒီအခိုက်အတန့်မှာ အလွန်ရှောခ့်ဖြစ်နေပြီး ဘယ်လို ပြုမူတုန့်ပြန့်ရမှန်မသိအောင် ဖြစ်နေခဲ့ကြောင်း The Wichita Eagle သတင်းဌာနနဲ့ အင်တာဗျူမှာ ပြောပြခဲ့ပါတယ်။

အရင်ကား အဟောင်းတုန်းကဆိုလည်း Vicki က ကားမရှိတဲ့ တခြား ၀န်ထမ်းတွေကို ပေးသုံးခဲ့သလို အခုလည်း ပေးသုံးမယ့် အစီအစဉ်ရှိပါတယ်။

လက်ဆောင်ပေးခဲ့တဲ့ Chris က “သူက သိပ်ခင်ဖို့ ကောင်းပါတယ်၊ အမြဲလည်း ခင်မင်ချင်ခဲ့ပါတယ်၊ ကားပျက်သွားလို့ ကားဝယ်ဖို့လုပ်နေကြောင်းကို သူ ပြောပြပြီးတဲ့နောက်မှာ သူမအတွက် တစ်ခုခု လုပ်ပေးချင်ခဲ့တယ်။ ဒါ ကျွန်တော့်ဘ၀မှာ အကောင်းဆုံး နေ့တစ်နေ့ပါပဲ… ထူးခြားတယ်၊ ထူးခြားနေတုန်းပဲ၊ ဗီဒီယိုပြန်ကြည့်လိုက်တိုင် မျက်ရည်ကျမိတယ်၊ သူမ ဒီလက်ဆောင်နဲ့ ကောင်းတဲ့အလုပ်တွေ ဆက်လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်” လို့ပြောပါတယ်။

 

Ref: Unilad , www.kansas.com

Matthew (ShweMOM)

 

SHARE