ခါးပတ်ထိန်းသိမ်းဖို့ ကြိုးစားခဲ့တဲ့ (၅) နှစ်အရွယ် ကရာတေးသမားလေးရဲ့ ဗီဒီယိုဖိုင်

ပထမဆုံးအကြိမ်ကြိုးစားလို့ မအောင်မြင်ခဲ့ရင် အကြိမ်ကြိမ်ကြိုးစားပါဆိုတဲ့ ဆောင်ပုဒ်ကို အသက်(၅) နှစ်အရွယ် ကလေးတစ်ဦးကတော့ လက်တွေ့အသုံးချခဲ့ပါပြီ။ ဖီးနစ်စ်အမည်ရတဲ့ ကောင်လေးတစ်ယောက်ဟာ ဖလော်ရီဒါပြည်နယ် အော်လန်ဒိုမြို့မှာ မေလ(၆) ရက်တုန်းက Bobby Dixon’s American Martial Arts Academy မှာ ခါးပတ်စစ်ဆေးမှုခံယူခဲ့ပါတယ်။

Jukin Media

ဖီးနစ်စ်ဟာ ကရာတေးခါးပတ်အဆင့်သတ်မှတ်တဲ့ စစ်ဆေးမှုကို ၀င်ရောက်ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။ သူ့အသက်အရွယ်နဲ့ ဒီလောက်ထိ လုပ်စရာမလိုသေးပေမယ့် ဖီးနစ်စ်က ကရာတေးဘုတ်ပြားတွေကို ခွဲဖို့ သူကိုယ်တိုင် လိုလိုလားလားနဲ့ ပြင်ဆင်နေခဲ့တာ ဖြစ်ပါတယ်။ တကယ်လို့ ဘုတ်ပြားခွဲတာသာ မအောင်မြင်ခဲ့ဘူးဆိုရင်တော့ ဖီးနစ်စ်ဟာ စာမေးပွဲကျပြီး ခါးပတ်ဖြူအဆင့်ကို ကျသွားမှာ ဖြစ်ပါတယ်။

Jukin Media

ဖီးနစ်စ်ကတော့ ဘယ်လိုဖြစ်ဖြစ် သူကြိုးစားကြည့်မယ့်ဆိုပြီး အားထည့်ထားပုံရပါတယ်။ ဒါပေမယ့် အကြိမ်ပေါင်းများစွာ ဘုတ်ပြားကို ခွဲခဲ့ပေမယ့် ဖီးနစ်စ်လေးက မအောင်မြင်ပါဘူး။ အခြားကရာတေးကျောင်းသားတွေကတော့ အလျှိုလျှို သူတို့ဘုတ်ပြားတွေကို ခွဲသွားပြီးခဲ့ပြီ ဖြစ်ပါတယ်။ ဖီးနစ်စ်ကတော့ သူ့ရဲ့ ဘုတ်ပြားကို ခွဲဖို့ကြိုးစားပေမယ့် မအောင်မြင်တာကြောင့် တဖြည်းဖြည်း စိတ်ပျက်လာခဲ့ပါတယ်။

READ
ချစ်ညီလေးကို တနေ့တမျိုး မရိုးရတဲ့ဝတ်စုံတွေနဲ့ သွားကြိုလေ့ရှိတဲ့ ချစ်ကိုကြီး
Jukin Media

ဒါပေမယ့် ဖီးနစ်စ်ရဲ့ ဆရာက ကလေးကို စိတ်ဓာတ်မကျဖို့ပြောရင်း ဘုတ်ပြားကို ဘယ်လိုလေးခွဲလိုက်ရင် ရတယ်ဆိုပြီး သင်ကြားပေးနေပါတယ်။ တစ်ကြိမ်မှာတော့ ဖီးနစ်စ်လေးက ခြေထောက်တွေလည်း နာလာ၊ ဘုတ်ပြားကိုလည်း ဘယ်လိုမှ ခွဲလို့မရတာကြောင့် ငိုရှိုက်ခဲ့ပါသေးတယ်။ သူ့ဆရာကတော့ “သားလေး.. မင်းလုပ်နိုင်တယ်နော်… ခပ်ပြင်းပြင်းလေး ရိုက်ချလိုက် သား….ဖွဖွလေးဆို သစ်သားက ကွဲမှာမဟုတ်ဘူး… ” လို့ တဖွဖွ အားပေးနေခဲ့ပါတယ်။

Jukin Media
Jukin Media

 နောက်ဆုံးမှာတော့ ဖီးနစ်စ်လေးဟာ သစ်သားပြားကို အောင်မြင်စွာပဲ ရိုက်ခွဲနိုင်ခဲ့ပါတယ်။ ဗီဒီယိုထဲမှာတော့ သူ့ကိုကြည့်နေကြတဲ့ ဘေးနားက သူငယ်ချင်းတွေက ပြေးလာပြီး ဖီးနစ်စ်ကို ၀ိုင်းပြီး ဂုဏ်ပြုအားပေးကြတာကို တွေ့ရမှာဖြစ်ပါတယ်။ အခုဆိုရင်တော့ ဖီးနစ်စ်လေးဟာ ခါးပတ်စစ်စာမေးပွဲကို အောင်မြင်ခဲ့ပြီဖြစ်တာကြောင့် သူ့ရဲ့ ခါးပတ်ဝါအဆင့်ကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail

SHARE