ကူးစက်မြန်ရောဂါဖြစ်ပွားနေချိန်အတွင်း လူလူချင်းဖေးမခဲ့ကြတဲ့ သူရဲကောင်းများ

Laura Mikolajczak, Courtesy of SAR High School

ယနေ့ထက်တိုင် ဖြစ်ပွားနေဆဲ ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံပေါင်း (၁၅၀) ကျော်ကို ပြန့်နှံ့ခဲ့ပြီဖြစ်ကာ လူထောင်ပေါင်းများစွာကို ကူးစက်ခဲ့ပြီး ဖြစ်ပါတယ်။ ရောဂါကြောင့် သေဆုံးသူဦးရေဟာ ထောင်နဲ့ချီရှိလာနေပြီ ဖြစ်ပါတယ်။ အခုလို ရောဂါကပ်ဆိုက်နေတဲ့ကြားထဲမှာ ကိုယ့်ဖို့တစ်ဖို့ထဲကြည့်တတ်တဲ့ အတ္တသမားတွေကို တွေ့မြင်ရသလို ကြင်နာတတ်သူတွေကိုလည်း တွေ့မြင်ရပါတယ်။ အခုဖော်ပြပေးမှာကတော့ insider သတင်းကနေတဆင့် တွေ့ရှိရတဲ့ ထိတ်လန့်စိုးရွံ့ဖွယ် Covid-19 ဖြစ်ပွားနေတဲ့ကြားထဲက ကြည်နူးဖွယ်ကောင်းတဲ့ အခြေအနေလေးတွေပဲ ဖြစ်ပါတယ်။

စပိန်နိုင်ငံမှာ နိုင်ငံတွင်း အ၀င်အထွက်ပိတ်ထားတဲ့အထဲ အသက် (၈၀) ကျော်အဖွားရဲ့ မွေးနေ့အတွက် မွေးနေ့သီချင်း သီဆိုပေးနေတာပါ။

 

ပစ္စည်းကိရိယာလိုအပ်ချက်တွေကြောင့် အသက်အန္တရာယ်ဆုံးရှုံးနေရတဲ့အတွက် အီတလီမှာ အသက်ရှူကိရိယာအဆို့ရှင်တွေကို အင်ဂျင်နီယာနဲ့ 3D ပုံနှိပ်ပညာရှင်များ ပူးပေါင်းဖန်တီးခဲ့တာပါ။

Courtesy of Michele Faini

စင်ကာပူနိုင်ငံက မီးရထားဘူတာရုံတစ်ခုမှာ လူတွေကို မျက်နှာဖုံး masks တွေ အခမဲ့လှူဒါန်းခဲ့တဲ့ ဂျနီဖာလီဆိုသူ အမျိုးသမီးပါ။

Covid-19 ကြောင့် သီးသန့် ခွဲခြားထိန်းသိမ်းခံထားရသူတွေ အမြန်နေကောင်းစေဖို့ အမေရိကန် နီဘရာစကာပြည်နယ်က ကျောင်းသားတွေပြုလုပ်ခဲ့တဲ့ ဆုတောင်းကတ်တွေ ဖြစ်ပါတယ်။

UPDATE: We just heard from the folks in isolation here what a huge impact these made! "It was a real bright spot in my…

Posted by Nebraska Medicine on Tuesday, March 3, 2020

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ခွဲထားခံရပြီး သူနာပြုတွေရဲ့အစောင့်ရှောက်ခံနေတဲ့ ဇနီးသည်အတွက် (၆၇) နှစ်မြောက် မင်္ဂလာနှစ်ပတ်လည် ကျင်းပပေးခဲ့တဲ့ အမျိုးသားတစ်ဦးပါ။

Twitter/Laura Mikolajczak

နယူးယောက် ဘရွန့်စ်မှာ သီးသန့်ခွဲထားခံရတဲ့ မိသားစုတွေအတွက် ပီဇာတွေအခမဲ့လှူဒါန်းခဲ့တဲ့ ဂျူးဘာသာရေးခေါင်းဆောင်တွေနဲ့ ရဟူဒီဘုရားကျောင်းမှ အဖွဲ့ဝင်များဖြစ်ပါတယ်။

Courtesy of Aliza Abrams Konig

အမျိုးသားဘတ်စကတ်ဘောဂိမ်းတွေကို ရွှေ့ဆိုင်းလိုက်ပြီးနောက် Cleveland Cavaliers အဖွဲ့မှာ ကစားသမား Kevin Love က ဘတ်စကတ်ဘောကွင်းမှာ အလုပ် လုပ်နေတဲ့ ၀န်ထမ်းတွေအတွက် ဒေါ်လာ (၁) သိန်းလှူဒါန်းခဲ့ပါတယ်။

 

 

View this post on Instagram

 

Everyone reacts differently to stressful situations. And the fear and anxiety resulting from the recent outbreak of COVID-19 can be extremely overwhelming. Through the game of basketball, we’ve been able to address major issues and stand together as a progressive league that cares about the players, the fans, and the communities where we work. I’m concerned about the level of anxiety that everyone is feeling and that is why I’m committing $100,000 through the @KevinLoveFund in support of the @Cavs arena and support staff that had a sudden life shift due to the suspension of the NBA season. I hope that during this time of crisis, others will join me in supporting our communities. Pandemics are not just a medical phenomenon. They affect individuals and society on so many levels, with stigma and xenophobia being just two aspects of the impact of a pandemic outbreak. It’s important to know that those with a mental illness may be vulnerable to the effects of widespread panic and threat. Be kind to one another. Be understanding of their fears, regardless if you don’t feel the same. Be safe and make informed decisions during this time. And I encourage everyone to take care of themselves and to reach out to others in need — whether that means supporting your local charities that are canceling events, or checking in on your colleagues and family.

A post shared by Kevin Love (@kevinlove) on

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေးအတွက် ကျောင်းသားလေးတွေကို လက်ဆေးကြဖို့ ပါးနပ်စွာသင်ပေးခဲ့တဲ့ ဆရာမလေးဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သမီးလေးရဲ့ပါတီကို ဖျက်သိမ်းခဲ့ရပေမယ့် အစားအသောက်တွေကို ဗိုင်းရပ်စ်ကြောင့် ထိန်းသိမ်းခံထားရတဲ့လူနာတွေဆီ ပြန်လည်မျှဝေခဲ့တဲ့ မိသားစု ဖြစ်ပါတယ်။

Courtesy of SAR High School

ဒေသခံဂျူးလူမျိုး အဖွဲ့အစည်းများမှ ကိုရိုနာဗိုင်းရပ်စ်ရှိနေတဲ့ Yeshiva  တက္ကသိုလ်ကျောင်းသူများအတွက် ကျန်းမာရေးဆိုင်ရာအသုံးပစ္စည်းတွေ လှူဒါန်းပေးထားတာ ဖြစ်ပါတယ်။

It’s been an intense few days, to say the least. But tonight I was struck utterly speechless by the immense kindness in…

Posted by Jonathan Schwab on Thursday, March 5, 2020

လင်းလင်း (ShweMom)

SHARE