ဖင်လန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ပထမဆုံး ဟဲဗီးမက်တဲလ် သိုးမွှေးထိုးပြိုင်ပွဲ

Heavy Metal Knitting

ခေါင်းစဉ်ကိုဖတ်ပြီး စိတ်ရှုပ်သွားပြီလား။ ဟုတ်ပါတယ်။ ‘ဟဲဗီးမက်တဲလ် သိုးမွှေးထိုးပြိုင်ပွဲ’ပါ။ မမှားပါဘူး။ Heavy Metal လို့ ခေါ်ကြတဲ့ ခပ်ကြမ်းကြမ်း အပြင်းစားရော့ခ်ဂီတသံနဲ့ နူးညံ့သိမ်မွေ့ပြီး အေးအေးဆေးဆေးလုပ်ရတဲ့ သိုးမွှေးထိုးတဲ့ အလုပ် ဘယ်လိုလုပ် အပ်စပ်မှာတဲ့တုန်း……

ဖင်လန်နိုင်ငံ အရှေ့ပိုင်းက ယိုဟန်ဆူ ဆိုတဲ့မြို့လေးမှာ ဇူလိုင်လ(၁၅)ရက်နေ့က ကမ္ဘာ့ပထမဆုံး ဟဲဗီးမက်တဲလ် သိုးမွှေးထိုး ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ပြိုင်ပွဲမှာ ရော့ခ်ဂီတအဖွဲ့တွေဟာ စင်ပေါ်မှာ သီဆိုဖျော်ဖြေရင်းနဲ့ သိုးမွှေးထိုးရတာဖြစ်ပြီး အမေရိကန်၊ ရုရှား နဲ့ ဂျပန်နိုင်ငံတွေအပါအဝင် နိုင်ငံပေါင်း (၉)နိုင်ငံက ရော့ခ်အဖွဲ့တွေပါဝင် ယှဉ်ပြိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြိုင်ပွဲမှာ ဂျပန်နိုင်ငံက Giga Body Metal လို့အမည်ရတဲ့ အဖွဲ့ဝင် (၅)ဦးပါ ရော့ခ်အဖွဲ့က ချန်ပီယံဆုကို ဆွတ်ခူးသွား ခဲ့ပါတယ်။ သူတို့ဟာ စင်ပေါ်မှာ ဆူမိုနပန်းသမားပုံစံနဲ့ ကီမိုနိုဝတ် အမျိုးသားတဦးတို့ရဲ့ ပုံစံတွေနဲ့ ဖျော်ဖြေသွားခဲ့တာ ပါ။ ပြိုင်ပွဲစီစဉ်သူတွေကတော့ လာမယ့်နှစ်မှာလည်း ဆက်လက်ကျင်းပသွားဖို့ရှိတယ်လို့ ကြေညာထားပြီး ပြိုင်ပွဲဝင်ခွင့် အတွက် ယိုဟန်ဆူမြို့ခံ ရော့ခ်အဖွဲ့ Maniac Abductor ရဲ့ ဗီဒီယိုကို download ချ၊ ပြီးရင် ကိုယ့်အဖွဲ့နဲ့ သီဆိုရင်း သိုးမွှေးထိုးနေတဲ့ ၁ မိနစ်စာ ဗီဒီယိုကို ပြန် upload  လုပ်ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။

Heavy Metal Knitting

KYM

SHARE