မြန်မာဆန်ဆန်လေးနဲ့ ကောင်မလေးတွေကို ဖမ်းစားလိုက်ပြန်တဲ့ ဖေမြိုင်နဲ့ ရစ်ချက်

အဆိုတော်တစ်ယောက်ဖြစ်တဲ့အပြင် သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတဲ့ ဟိန်းမင်းသူနဲ့ မိန်းကလေး ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ မင်းသား ရှင်မွေလတို့ကတော့ “ပျားရည်အိုင်” ဇာတ်လမ်းတွဲထဲမှာ ရစ်ချက်နဲ့ ဖေမြိုင်ဆိုတဲ့ သူငယ်ချင်းတွေအဖြစ်နဲ့ တွဲဖက်ညီညီ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိနေတာဖြစ်ပါတယ်။

လတ်တလောမှာ ပျိုမေတို့ရဲ့ နုလုံးသားကို သိမ်းပိုက်ထားတဲ့ အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ ဟိန်းမင်းသူနဲ့ ရှင်မွေလတို့ကတော့ မြန်မာဆန်ဆန်ပုံရိပ်လေးတွေနဲ့ သူတို့ရဲ့ ပရိသတ်တွေကို ဖမ်းစားလိုက်ပြန်ပါပြီ။ ဓါတ်ပုံတွေကတော့ ဟိန်းမင်းသူက သူ့ရဲ့ ဖေစ်ဘုတ်ပေါ်မှာ “မြန်မာဆန်ဆန်မျောက်နှကောင်” လို့ရေးထားပြီး တင်ပေးထားတာဖြစ်ပါတယ်။

ဟိန်းမင်းသူနဲ့ ရှင်မွေလတို့ကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကိုတင်ဆက်ပေးလိုက်ပါတယ်။ သူတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော်။

SOurce: Hein Min Thu

SHARE