Valentine’s Day မှာ Surprise လက်ဆောင်တွေ အများကြီးရလိုက်တဲ့ ဟိန်းဝေယံ

Image:Fb/Heinn Wai Yan

ဟိန်းဝေယံ ကတော့ ပရိသတ်ချစ်ခင်အားပေးမှုကို ရထားတဲ့ မင်းသားတစ်ယောက်ပါ။ဗီဒီယို တွေ ခေတ် စားခဲ့စဉ် တစ်ချိန် က ဆိုရင် တော့ အရမ်းကို လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့သူပါ။ဖြူဖွေးတဲ့ အသား အရေ နဲ့ ချော မောလှပ တဲ့ ရုပ်ရည် ကြောင့် မိန်းကလေး ပရိသတ်ကြားမှာ တော်တော်လေး ကို ရေပန်းစားပါတယ်။အနုပညာလော ကနေ ခဏ ပျောက်သွားပြီး အခုနောက်ပိုင်းမှာတော့ ဟိန်းဝေယံ က အနုပညာအလုပ်တွေကို ဖြည်းဖြည်း ချင်း ပြန်လုပ် နေပါပြီ။

Image:Fb/Heinn Wai Yan
Image:Fb/Heinn Wai Yan

အခုထိ တစ်ကိုယ်တည်း လူပျိုကြီး လုပ်နေတဲ့ ဟိန်းဝေယံ ရဲ့ ချစ်သူများနေ့ က တော့ Fan တွေ  ကြောင့်  ပျော်စရာ လေးတွေ ဖြစ်ခဲ့ရပါတယ်။ချစ်ရတဲ့ fan တွေ က ဟိန်း ဝေယံ အတွက် Valentine’s Day  မှာ လက်ဆောင်တွေ အများကြီး ပို့ ပေးခဲ့ပါတယ်။လက်ဆောင်တွေထဲမှာတော့ ပိုက်ဆံ တွေနဲ့ပါ အလှဆင်ဖန်တီးထားတဲ့ ပန်းစည်းတစ်ခု လည်း ပါပါတယ်။

READ
Miley Cyrus ရဲ့သီချင်းကို ပြီးပြည့်စုံအောင်ဆိုပြသွားခဲ့တဲ့ Captain Marvel မင်းသမီးလေး
Image:Fb/Heinn Wai Yan
Image:Fb/Heinn Wai Yan

“ချစ်ခင်ရတဲ့ Fanလေးတွေက Valentine day အတွက်ကြို Surprise လုပ်သွားတယ်..
ပျော်လည်းပျော်သလို ကျေးဇူးလည်းတင်ပါတယ်ဗျာ.. 😊…” ဆုိၿပီး Fan တွေ ဆီကနေ ရတဲ့ Surprise gifts တွေ ကို ထုတ်ပြခဲ့ပါတယ်။

Image:Fb/Heinn Wai Yan

“Valentine day အကြို NgalZin Fanလေးတွေကလည်း အကြို Surprise လုပ်သွားကြတယ်.. 😊😊ပျော်လည်းပျော်သလို ကျေးဇူးလည်းတင်ပါတယ်ခင်ဗျာ….” ဆုိၿပီး နောက်ထပ် ရလိုက်တဲ့ လက်ဆောင်တွေ ကိုလည်း ဟိန်းဝေယံ က သူ့ရဲ့ အကောင့်မှာ ထပ်ပြီး ဝေမျှထားပါတယ်။

Image:Fb/Heinn Wai Yan

Source:Fb/Heinn Wai Yan

 

SHARE