Hello Kitty ချစ်သူတွေ အကြိုက်တွေ့စေမယ့် ဂျပန်နိုင်ငံက Hello Kitty ဟိုတယ်

TobuHotelAsakusa

မိန်းကလေးတိုင်းရဲ့ ငယ်ဘ၀အချစ်တွေထဲမှာ Hello Kitty လဲ တစ်ခုအပါအ၀င်ဖြစ်မှာပါနော်။ ကိုယ်တွေနိုင်ငံမှာသာ Hello Kitty နဲ့ ပတ်သက်ပြီး အကျယ်တ၀င့် မရှိပေမယ့် ဂျပန်မှာကတော့ Hello Kitty ရထားတွေကစပြီး ကားနောက်ကြည့်မှန်တွေ အထိ Hello Kitty ကို အကျယ်တ၀င့် အလှဆင်ကြတာနော်။ အခုလဲ Hello Kitty ချစ်သူတွေ အတွက် Hello Kitty ဟိုတယ် ဖွင့်လှစ်တော့မှာဖြစ်ကြောင်း SoraNews သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

TobuHotelAsakusa.com

ခရီးသွားလို့ပင်ပန်းရင်တော့ ဟိုတယ်မှာ ၀င်နားရတာကတော့ အထူးအဆန်းမဟုတ်ပါဘူး။ ဒါပေမယ့် သာမန်ရိုးကျဟျုတယ်ခန်းတွေမှာ မနားချင်တဲ့ သူတွေအတွက် Tokyo မှာ ရှိတဲ့ The Asakusa Tobu Hotel ကတော့ Hello Kitty ဒီဇိုင်း ပြင်ဆင်ထားတဲ့ အခန်း(၂)ခန်းကို အခုလာမယ့် အောက်တိုဘာလထဲမှာ ဖွင့်လှစ်သွားတော့မှာပါ။

READ
နှလုံးသားအရည်ပျော်လောက်အောင် ချစ်စရာကောင်းလွန်းတဲ့ တိရစ္ဆာန်ကျွန်းကလေးများ
TobuHotelAsakusa.com

” Asakusa မြို့ကတော့ ဂျပန်နိုင်ငံရဲ့ အငွေ့အသက်တွေ အလွှမ်းခြုံဆုံး မြို့ဆိုလဲ မမှားပါဘူး။ လမ်းမပေါ်မှာ လမ်းလျှောက်နေရင်းနဲ့တောင် ဂျပန်ရဲ့ ရှေးခေတ်အငွေ့အသက်တွေ ရနိုင်တယ်ဆိုပြီး တင်စားခံရတဲ့  မြို့လို့တောင် ပြောလို့ရပါတယ်။ လာရောက် တည်းခိုတဲ့ဧည့်သည်တွေကိုလည်း Asakusa မြို့ရဲ့ ရှေးဟောင်းအငွေ့အသက်နဲ့အတူ Hello Kitty ရဲ့ ခေတ်ပေါ် အပြင်အဆင်ပေါင်းတို့ကြောင်း ထူးခြားတဲ့ ခံစားမှုမျိုး ရရှိနိုင်မယ်လို့ ယုံကြည်ပါတယ်” ဆိုပြီး The Asakusa Tobu Hotel ရဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

TobuHotelAsakusa.com

ပထမအခန်းနာမည်ကတော့ Sakura Heavenly Maiden လို့နာမည်ပေးထားပါတယ်တဲ့။ Hello Kitty ပုံလေးကိုပဲ Heavenly Maiden ဆိုတဲ့အတိုင်းအလှဆင်ထားတာလေးကို Wallpaper လေးလုပ်ထားတာပဲ ဖြစ်ပါတယ်။ အရောင်ကိုလဲ ပန်းနှရောင်လေး သုံးထားပြီး မျက်နှာကြက်မှာလဲ ဆာကူရာပန်းပု့လေးတွေနဲ့ အလှဆင်ထားတာပဲ ဖြစ်ပါတယ်။

READ
ဗီယက်နမ်ရောက်ရင် လည်ပတ်သင့်တဲ့နေရာများ
TobuHotelAsakusa.com

ဒုတိယအခန်းနာမည်ကိုတော့ Modern Japanese လို့အမည်ပေးထားပါတယ်တဲ့။ ဒီအခန်းလေးမှာတော့ ပန်းပွင်ပလေးတွေရယ် ပန်းရောင် checker ကွက်လေးတွေနဲ့ အတူ ကီမိုနိုဝတ်ထားတဲ့ Hello Kitty လေးနဲ့ အလှဆင်ထားပါတယ်။ ဒီအခန်းလေးကတော့ Asakusa ရဲ့ အငွေ့အသက်နဲ့အတူ ခေတ်ဆန်တဲ့အရောင်လေးနဲ့ အတူ ခေတ်ပေါ် Hello Kitty လေးကို အတူပုံဖော်ထားတာပဲ ဖြစ်ပါတယ်။

TPS

SHARE