သင်ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ချင်ရင် ဒီအချက်တွေကိုလိုက်နာဖို့လိုတယ်

geralt/Pixabay

သင်ဟာ အနာဂတ်မှာ ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်ရမယ်လို့ မျှော်မှန်းထားသူလား၊ ဒါမှမဟုတ် လက်ရှိလုပ်ငန်းခွင်ထဲမှာ တခြားသူတွေကို ဦးဆောင်ပြီး အလုပ်လုပ်နေရသူ တစ်ယောက် ဖြစ်နေပြီလား။ ဒီလိုဆိုရင်တော့ ခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် တခြားသူတွေက အသိအမှတ်ပြုဖို့ ဒီအချက်လေးတွေကို သိထားသင့်ပါပြီ။ အဲဒါတွေက ဘာတွေလဲဆိုတော့…။

(၁)။ စံနမူနာဖြစ်အောင်လုပ်ပါ

ကိုယ့်လက်အောက်က ၀န်ထမ်းတွေက အလုပ်ချိန် (၉)နာရီလောက် လုပ်နေချိန်မှာ ကိုယ်က (၇)နာရီလောက် လုပ်ပြီး အိမ်ပြန်သွားတာမျိုး၊ ကိုယ်ကပဲ အရင်ပြန်ပြီး ကျန်တဲ့ဝန်ထမ်းတွေကို အလုပ်ခိုင်းထားတာမျိုးက သင့်အပေါ်ထားတဲ့ သူတို့ရဲ့အထင်ကြီးစိတ်ကို လျော့ကျစေမှာ အမှန်ပါ။ သူတို့က ပုံမှန်အလုပ်ချိန် (၈)နာရီ လုပ်နေတဲ့အချိန်မှာ ကိုယ်က သူတို့ထက် ပိုပြီး အလုပ်လုပ်ပြရမှာပါ။ အဲဒါမှပဲ သူတို့စိတ်ထဲမှာ သင်ဟာ အလုပ်အပေါ်မှာ အားလုံးထက်ပိုပြီး တန်ဖိုးထားတဲ့သူအဖြစ် သတ်မှတ်မှာဖြစ်သလို ခေါင်းဆောင်ကောင်းတစ်ယောက် ဖြစ်သင့်တယ်လို့လည်း တွေးလာကြမှာ အမှန်ပါ။

rawpixel/Pixabay
(၂)အချိန်မရွေး လက်ခံဆွေးနွေးပါ

သင့်ရဲ့လက်အောက်က ၀န်ထမ်းတွေရဲ့ ပြဿနာတွေ၊ အခက်အခဲတွေ မှန်သမျှကို အချိန်မရွေး လက်ခံဆွေးနွေးပေးဖို့ အသင့်ဖြစ်နေပါစေ။ ဒီလိုလုပ်ပေးဖို့ဆိုရင် သင့်အနေနဲ့ သူတို့ထက် လုပ်ငန်းခွင် ဗဟုသုတတွေ ရှိထားဖို့ လိုမှာဖြစ်ပြီး အဲဒီလို သိထားမှပဲ သူတို့အတွက် ပိုကောင်းတဲ့ဆွေးနွေးမှုမျိုး၊ သူတို့ကိုပြဿနာ ပြေလည်သွားစေမယ့် အကြံဥာဏ်မျိုးတွေ ပေးနိုင်မှာပါ။ ၀န်ထမ်းတွေအနေနဲ့ သူတို့ရဲ့ ပြဿနာမှန်သမျှကို သင်က ဖြေရှင်းပေးနိုင်တယ်လို့ ယုံကြည်လာတာနဲ့ တပြိုင်နက်တည်း သင့်အနေနဲ့ သူတို့ရဲ့ အားကိုးယုံကြည်မှုကို ရသွားပြီးသား ဖြစ်လာမှာပါ။

READ
ကလေးတွေကိုဖိစီးမှုတွေကင်းစေချင်တာကြောင့် ကမ္ဘာ့ကျောင်းမှာပဲ ပညာပေးမယ့်မိဘများ
(၃)။ အမြဲ စမတ်ကျအောင်နေပါ

သင့်ရဲ့ ၀တ်စားဆင်ယင်မှုနဲ့ နေထိုင်တဲ့ပုံစံက အားလုံးရဲ့အမြင်မှာ စမတ် ဖြစ်နေဖို့ လိုပါတယ်။ သင့်ရဲ့အ၀တ်အစားတွေက သန့်ရှင်းသပ်ရပ်နေမယ်၊ သင့်ပုံစံက မြင်လိုက်တာနဲ့တင် ထူးချွန်တဲ့သူ တစ်ယောက်ပုံ ပေါက်နေမယ်ဆိုရင် သင့်ရဲ့လက်အောက်ဝန်ထမ်းတွေက သင့်ကို နမူနာယူကြမှာပဲလေ။ သူတို့အတွက်တော့ ခေါင်းဆောင်တစ်ယောက် ဖြစ်လာပြီဆိုရင် ဒီလိုမျိုး နေရတယ်၊၀တ်ရတယ်လို့ သင်ပေးလိုက်သလိုဖြစ်သွားမှာမို့ သင့်ကိုယ်သင် စမတ်ကျအောင်နေဖို့ဆိုတာလည်း အရေးကြီးပါတယ်။

Free-Photos/Pixabay
(၄)။ ကိုယ့်အဖွဲ့သားတွေ ဘာလုပ်နေသလဲဆိုတာ အမြဲသိပါစေ

သင်ဟာ ခေါင်းဆောင်တစ်ယောက် ဖြစ်တာကြောင့် အလုပ်များလိမ့်မယ်ဆိုတာ သိပေမယ့် သင့်ရဲ့အဖွဲ့တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့တော့ အဆက်အသွယ်မပြတ်ရှိနေပါစေ။ ဒီလိုမှပဲ သူတို့ ဘာလုပ်နေလဲဆိုတာ သိနိုင်မှာဖြစ်ပြီး သူတို့ကို လုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ အကြံဥာဏ်တွေပေးနိုင်မယ်၊ သူတို့ရဲ့ စွမ်းဆောင်ရည်တွေကို လေ့လာနိုင်မယ်၊ စတာတွေကို သင် လုပ်နိုင်မှာပါ။

READ
ဘယ်တော့မှ ၀ယ်ယူ အသုံးမပြုသင့်တဲ့ တစ်လက်ကျပစ္စည်း (၆) ခုအကြောင်း
889520/Pixabay
(၅)။ အကောင်းမြင်တဲ့ လုပ်ငန်းခွင်တစ်ခုကို ဖန်တီးပါ

သင့်ရဲ့လက်အောက်က ၀န်ထမ်းတွေ အလုပ်အပေါ် မကျေနပ်တာ၊ အဆင်မပြေတာ တစ်ခုခုရှိတိုင်း သင်ကပဲ အရင်ဆုံးသိသူ ဖြစ်ပါစေ။ ပြီးတဲ့နောက် အဲဒီပြဿနာတွေကို သင်ကပဲ ဦးဆောင်ဖြေရှင်းပေးတဲ့သူ ဖြစ်ပါစေ။ ပြဿနာတွေများလွန်းတဲ့ လုပ်ငန်းခွင်တွေဟာ အောင်မြင်မှုရဖို့ ခက်ခဲလေ့ရှိတာကြောင့် သင်ဦးဆောင်တဲ့ နေရာဟာ အကောင်းမြင်စိတ်တွေ၊ ကြိုးစားလိုစိတ်တွေ ရှိနေဖို့ သင်ကိုယ်တိုင်စွမ်းဆောင်ရမှာဖြစ်ပါတယ်။

Linn

Source : Wikihow

SHARE