တရုတ်နိုင်ငံရဲ့ အကြီးဆုံး ရုပ်ရှင်ဆက်တင်မြို့တော်ကြီး Hengdian World Studios

Visit Tour China

Hengdian World Studios ဟာ တရုတ်နိုင်ငံရဲ့အကြီးဆုံးသော ရုပ်ရှင်မြို့တော်ဖြစ်ပါတယ်။ ရုပ်ရှင်ရိုက်ကူးဖို့အတွက် အဆောက်အအုံတွေ၊ ရှုခင်းတွေကို ဆက်တင်အနေနဲ့တည်ဆောက်ပေးထားတဲ့ နေရာပဲဖြစ်ပါတယ်။ သူ့ကို Hengdian Film and TV Production City လို့လည်း သိရပါတယ်။

Visit Tour China

ရှေးဟောင်းတရုတ်နိုင်ငံကို အခြေခံကာနောက်ကျောယူရိုက်ကူးထားတဲ့ ရုပ်ရှင်တွေတော်တော်များများဟာ Hengdian ရဲ့လောင်းရိပ်အောက်ကနေ မလွတ်နိုင်ပါဘူး။

Visit Tour China

Hengdian World Studio ဟာ တရုတ်နိုင်ငံ Hengdian မြို့မှာတည်ရှိပါတယ်။ Hangzhou မှ ကီလိုမီတာ (၁၆၀)၊ Jinhua မှ (၉၀) ကီလိုမီတာအကွာမှာ ရှိပါတယ်။ Hengdian ဟာ Zhejiang-Jiangsu-Shanghai-Fujian-Jiangxi တို့ရဲ့ စီးပွားရေးအချက်အချာနေရာတစ်ခုလည်းဖြစ်လို့ ဘယ်နေရာကမဆို လေကြောင်းလမ်း၊ မီးရထား၊ ကားတို့နဲ့ အလွယ်တကူပဲ သွားလာလို့ရနိုင်ပါတယ်။

READ
သာယာလှပတဲ့ မီးတောင်နှာဝအတွင်းမှာ တည်ဆောက်ထားတဲ့ ဘုရားကျောင်းလေး
Visit Tour China

လက်ရှိမှာတော့ Hengdian World Studio ဟာ အာရှတစ်ခွင်လုံးမှာ အကြီးဆုံးလို့ သတ်မှတ်ထားပြီး “Chinese Hollywood” လို့တောင် အမေရိကန်မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ Hollywood က တင်စားထားပါတယ်။

Visit Tour China

Hengdian World Studio ဟာ အရင်တုန်းကတော့ ရုပ်ရှင်ရိုက်ကူးရေးတွေအတွက်ပဲ သီးသန့်တည်ရှိခဲ့ပေမယ့် အခုအခါမှာတော့ ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်ရာ နေရာအဖြစ်ပါ ပြောင်းလဲခဲ့ပါတယ်။

Visit Tour China

Studio ထဲ Qin, Ming Qing မင်းဆက်မှ ဆက်တင်များ၊ ရှေးဟောင်းပုံသဏ္ဍာန်နဲ့ မြစ်တို့ကို ပုံဖော်ထားရာမှာ သိပ်ကိုအနုစိတ် ကျလွန်းလှပြီး သေသပ်လှပါတယ်။ အတွင်းပိုင်း ဆက်တင်တွေထဲ မီတာ (၃၀) ဥာဏ်တော်အမြင့်ရှိတဲ့ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူလည်း ရှိပါသေးတယ်။

Visit Tour China

Hengdian World Studio ဟာ တရုတ်နိုင်ငံရဲ့ အကြာဆုံး၊ အကြီးဆုံးနဲ့ အအောင်မြင်ဆုံး production site တစ်ခုဆိုလည်း မမှားပါဘူး။

READ
FBI ရဲ့ အလိုရှိဆုံးရာဇ၀တ်ကောင်စာရင်းမှာ ရှားရှားပါးပါးပါဝင်ခဲ့တဲ့ အမျိုးသမီးများ

Source: Visit Tour China

Penny

 

 

SHARE