
Super Man ဇာတ်ရုပ်မှာ တောက်လျှောက်သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Henry Cavill ကိုတော့ လူတော်တော်များများ သိကြမှာပါ။ DC ပရိသတ်တွေရဲ့ အားပေးမှုကို အပြည့်အဝရရှိထားတဲ့အပြင် ၂၀၁၉ ခုနှစ်မှာ စတင် ထွက်ရှိခဲ့တဲ့ Witcher စီးရီးနဲ့ပါ အေင်မြင်မှု ရရှိထားတဲ့ မင်းသားတစ်ဦးဆိုလဲ မမှားပါဘူး။ အခုလည်း Henry ဟာ မကြာသေးခင်အချိန်က အိမ်မှာနေပြီး သူရဲ့ ကိုယ်ပိုင် Gaming PC စက်တစ်လုံးကို အစအဆုံး စိတ်ကြိုက်တပ်ဆင်ပြသခဲ့ကြောင်း PC Gamer သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
Henry ဟာ Gamer တစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ်ကတည်းက အင်တာဗျူးတစ်ခုမှာ သူ့ရဲ့ ပရိသတ်တွေကို Gaming PC ကောင်ကောင်းတစ်လုံးကို ဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့ Knowledger Sharing ဗီဒီယိုတစ်ခုကို တင်ပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ ရိုက်ကူးရေးကိစ္စတွေနဲ့ တောက်လျှောက်အလုပ်များနေခဲ့လို့ သူ့ရဲ့ပရိသတ်တွေက Gaming PC တည်ဆောက်တဲ့ ဗီဒီယိုတသ်ပေးဖို့ မကြာခဏ တောင်းဆိုခံနေရသူတစ်ဦးဖြစ်ပါတယ်။
လက်ရှိအချိန်ဟာ COVID 19 ဖြစ်ပွားနေတဲ့ ကာလဖြစ်လို့ အိမ်မှာနေရင်း အားနေတာကတစ်ကြောင်း၊ Witcher စီးရီးအသစ်အတွက် ရိုက်ကူးမယ့်အချိန်က နောက်လကိုရွှေ့ပြောင်းလိုက်တာတွေကြောင့်လည်း လက်ရှိအချိန်မှာ အိမ်မှာနေပြီး အားနေတာကြောင့် နောက်ဆုံးမှာတော့ Gaming PC ကောင်းကောင်းတစ်လုံး တည်ဆောက်တဲ့ ဗီဒီယိုဖိုင်ကို တင်ပေးခဲ့ခြင်း ဖြစ်ပါတယ်။
“ဒီလိုအချိန်က လူတိုင်း အိမ်မှာနေရင်း ပျင်းနေမယ့်အချိန်ဆိုတာ ကောင်းကောင်းကြီး နားလည်ပါတယ်။ ဒါ့ကြောင့် ဒီလိုအချိန် အိမ်မှာပဲနေပြီး Game ထိုင်ဆော့တာ အကောင်းဆုံးပါပဲ။ အခုကျွန်တော်ကိုယ်တိုင် တပ်ဆင်ပြတယ်ဆိုတာကလည်း အရမ်းသိနေလို့ မဟုတ်ပါဘူး။ Gaming PC တပ်ဆင်ဖို့ အညွှန်းစာအုပ်ကို ကိုယ်တိုင်ဖတ်ပြီး တပ်ဆင်တာပါ။ စာမဖတ်ချင်သူတွေကတော့ ကျွန်တော် ဗီဒီယိုထဲမှာ တပ်ဆင်ပြထားတဲ့အတိုင်း လိုက်ကြည့်ပြီး တပ်ဆင်နိုင်ပါတယ်” လို့ Henry က ပြောကြားခဲ့ပါတယ်။
Pyi Hein Kyaw