James Bond အဖြစ် သရုပ်ဆောင်ချင်ကြောင်း ဖွင့်ပာလာခဲ့တဲ့ မင်းသား Henry Cavill

[email protected] henrycavill

James Bond ဇာတ်ကားတွေကတော့ ဟိုးအရင်တုန်းက အရမ်းအောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေပါပဲ။ ငယ်ငယ်တုန်းကဆိုရင် James Bond ရဲ့ ရုပ်၊ စကားအပြောအဆို၊ အပြုအမူ၊ တိုက်ခိုက်ပုံတွေကို တော်တော်များများ ကြွေခဲ့ဖူးမှာပါ။ လက်ရှိ James Bond မင်းသားကြီး Daniel Craig ဆိုရင်လည်း အသက် ၅၂ နှစ်ရှိနေပြီဖြစ်ပေမယ့် အခုအချိန်အထိကို ဆွဲဆောင်မှုရှိပြီး ကြည့်လို့အရမ်းကောင်း မင်းသားကြီးတစ်ယောက်ဖြစ်နေဆဲပါပဲ။ အခုလည်း Superman သရုပ်ဆောင်ဖြစ်တဲ့ Henry Cavill ကတော့ James Bond သရုပ်ဆောင်နေရာကနေ Daniel Craig တစ်ယောက် အနားယူသွားရင် James Bond နေရာမှာ သူ့အနေနဲ့ တော်တော်လေးသရုပ်ဆောင်ချင်ကြောင်း GQ သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာ ဖွင့်ပြောခဲ့ကြောင်း Dexerto သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

 

 

View this post on Instagram

 

Here’s an exclusive image from BvS juuuust because the press tour is right around the corner! @batmanvsuperman #whowillwin

A post shared by Henry Cavill (@henrycavill) on

 

View this post on Instagram

 

Geralt #TheWitcher @Netflix @WitcherNetflix

A post shared by Henry Cavill (@henrycavill) on

ဗြိတိန်နိုင်ငံရဲ့ နာမည်ကြီးမင်းသားတစ်ဦးဖြစ်တဲ့ Henry Cavill ဟာ Superman ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ပြီး နာမည်ရလာတဲ့ မင်းသားတစ်ဦးဆိုလည်း မမှားပါဘူး။ ဒါ့အပြင် Netflix က ရိုက်ကူးတဲ့ The Witcher စီးရီးဇာတ်ကားမှာလည်း Geralt of Rivia ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ မင်းသားတစ်ဦးလည်း ဖြစ်ပါတယ်။ အမှန်တစ်ကယ်တော့ Henry တစ်ယောက် James Bond နေရာမှာ သရုပ်ဆောင်ချင်နေတာ တော်တော်လေးကြာခဲ့ပါပြီ။ ဒါပေမယ့် James Bond နေရာမှာ သရုပ်ဆောင်ဖို့အတွက် Henry တစ်ယောက်က အနည်းငယ်ဝတယ်လို့ ထင်ရတာကြောင်း ယေဖန်မှုတွေကို ခံခဲ့ရပါသေးတယ်။ လာမာယ့် ၂၀၂၀ ခုနှစ်၊ နိုင်ဝင်ဘာလ ၁၁ ရက်နေ့မှာလည်း Daniel Craig သရုပ်ဆောင်ထားတဲ့ No Time to Die လို့ အမည်ရတဲ့ James Bond ဇာတ်ကားဟာလည်း ထွက်ရှိတော့မှာ ဖြစ်ပါတယ်။

READ
ညီမဖြစ်သူရဲ့ မင်္ဂလာဂုဏ်ပြုစကားကြောင့် မျက်ရည်ကျခဲ့တဲ့ ပိုင်ဖြိုးသု

“James Bond ဇာတ်ကောင်နေရာဟာ တော်တော်လေးကို ကြီးကျယ်ခမ်းနားပြီး နာမည်ကြီးမင်းသားတော်တော်များများ သရုပ်ဆောင်ချင်ကြတဲ့ ဇာတ်ကောင်တစ်ခုပဲ ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ကျွန်တော်ငယ်ငယ်လေးကတည်းက James Bond ဇာတ်ကောင်ကို အရမ်းကြိုက်နှစ်သက်ခဲ့ရတာပါ။ ကျွန်တော် မင်းသားတစ်ယောက်ဖြစ်လာတဲ့ အချိန်ကစပြီး အခုအချိန်အထိ သရုပ်အဆောင်ချင်ဆုံး ဇာတ်ကောင်နေရာက James Bond ဇာတ်ကောင်နေရာပါပဲ။ လက်ရှိမင်းသားကြီး Daniel Craig တစ်ယောက် James Bond နေရာက အနားယူသွားခဲ့ရင် သူ့နေရာကို ကျွန်တော် ဆက်ခံချင်ပါတယ်”လို့ Heney Cavill က ပြောကြားခဲ့ပါတယ်။

 

 

View this post on Instagram

 

Geralt #TheWitcher @Netflix @WitcherNetflix

A post shared by Henry Cavill (@henrycavill) on

Pyi Hein Kyaw

SHARE