The Witcher ဇာတ်လမ်းတွဲမှာမြင်တွေ့ရတော့မယ့် Superman သရုပ်ဆောင်

@henrycavill/Instagram, Netflix/YouTube

The Witcher ဆိုတာ သူ့ပရိတ်တွေရဲ့ ရင်ထဲကို ဝတ္ထုစာအုပ်ရော၊ ဂိမ်းအဖြစ်ရော ဝင်ရောက်လာခဲ့ပြီးကာမှ အခုအချိန်မှာ The Witcher နာမည်နဲ့ပဲ ဇာတ်လမ်းတွဲအဖြစ် ပြန်အသက်သွင်းနေပြီဆိုပြီး ရင်ခုန်စရာသတင်းတစ်ခုကို Lad Bible အပါအဝင် မီဒီယာတော်တော်များများမှာ ဖော်ပြနေခဲ့ပါတယ်။

ပိုပြီးရင်ခုန်စရာကောင်းတာကတော့ The Witcher ထဲက မင်းသားလို့ ပြောလို့ရမယ့် Geralt နေရာမှာ သရုပ်ဆောင်မယ့်သူဟာ ကျွန်တော်တို့ရဲ့ Superman မင်းသားကြီး Henry Cavill  ပါတဲ့။ နောက်ထပ် အဓိကဇာတ်ကောင်တွေဖြစ်တဲ့ Yennefer ကိုတော့ Anya Cholatra နဲ့ Ciri အဖြစ်ကိုတော့ Freya allan တို့က သရုပ်ဆောင်သွားမှာပါ။

 

@henrycavill/Instagram
@henrycavill/Instagram
@henrycavill/Instagram

မေလ ၃၀ ရက်နေ့တုန်းကတော့ Henry Cavill ရဲ့ Instagram မှာ The Witcher ရဲ့ season 1 ကို ရိုက်ကူးပြီးသွားပြီဆိုပြီး ဓာတပုံလေးနဲ့တကွတင်ထားခဲ့ပါတယ်။ သူ့ရဲ့ caption ထဲမှာ ရုပ်ရှင်အဖွဲ့သားတွေနဲ့ ပညာရှင်ဆန်ဆန်အချင်းချင်းရိုင်းပင်းကူညီခဲ့ကြတဲ့ သရုပ်ဆောင်တွေအားလုံးကိုလည်း အထူးကျေးဇူးတင်တယ်လို့ ပြောထားပြီး မနက် ၃ နာရီထခဲ့ရတဲ့ နေ့ရက်တွေဟာလည်း ဇာတ်လမ်းကိုရိုက်ကူးရတာနဲ့တင် တန်ပါတယ်ဆိုပြီး ရေးထားပုံအရ Henry Cavill တစ်ယောက် The Witcher မှာ သရုပ်ဆောင်ရတာ သိပ်ကိုကျေနပ်နေတာ သိသာလျက်ရှိနေပါတယ်။

READ
အသက်က နံပါတ်တစ်ခုဆိုရင် အရွယ်ကပြယုဒ်တစ်ခုဖြစ်ပါစေဆိုတဲ့ အေးမြတ်သူ

The Witcher ပြန်ရိုက်တော့မယ်ဆိုတဲ့ သတင်းကြားကြားချင်းမှာပဲ ဒီဇာတ်လမ်းမှာ သရုပ်ဆောင်ရဖို့ကို Henry Cavill ကိုယ်တိုင် သွားပြီး စတင်ကမ်းလှမ်းခဲ့တယ်ဆိုပြီးလည်း မီဒီယာတော်တော်များများမှာ ဖော်ပြထားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ Henry Cavill ဟာ The Witcher ဂိမ်းရဲ့ အမာခံပရိတ်သတ်တစ်ယောက်ဖြစ်နေလို့ပါပဲ။

 

ဇာတ်လမ်းတွဲကိုတော့ Netflix ကနေပြီး ပြသသွားမှာဖြစ်ပေမယ့်လို့ အခုအချိန်အထိ trailer တောင် မထွက်သေးဘူးဆိုတော့ ဘယ်နေ့လဲဆိုတာ တိတိကျကျမသိရသေးပါဘူး။ ဒါပေမဲ့လည်း နောက်ထပ် ၃ လ လောက်ကြာရင် အဲဒီပတ်ဝန်းကျင်လောက်မှာ ထုတ်လွှင့်ပြသသွားမယ်လို့လည်း သတင်းသဲ့သဲ့ကြားနေခဲ့ပါတယ်။ The Wicher ဇာတ်လမ်းတွဲကို Henry Cavill နဲ့ လာတော့မယ်ဆိုတာ ၂၀၁၈ ခုနှစ်ကတည်းက Netflix ကနေကြိုပြီး teaser လေး ထုတ်လွှင့်ခဲ့ပေမယ့် လူတွေဆီသိပ်မပေါက်ခဲ့တာပါ။ Trailer မထွက်သေးတော့ teaser လေးနဲ့ပဲ Henry Cavill ကို Geralt အဖြစ် မြင်ရရင် ဘယ်လိုနေမလဲဆိုတာ ကြည့်လိုက်ကြပါစို့လား။

READ
မီးသတ်သမားတွေ ငှားပြီး သူမရဲ့ အိမ်ကြီးကို ကယ်လိုက်တဲ့ Kim Kardashian

Penny

 

 

SHARE