အရက်သောက်တာများလို့ ခေါင်းကိုက်သူများအတွက် ဒေသအသီးသီးရဲ့ ကုထုံးအဆန်းများ

ညပိုင်း သောက်တာများသွားတဲ့အခါအမျိုးမှာ မနက်ပိုင်း အိပ်ယာထချိန် ခေါင်းအလွန်ကိုက်ခြင်း၊ ကိုယ်လက် မအီမသာဖြစ်ခြင်းတွေ ကြုံဖူးမယ်ထင်ပါတယ်။ အသောက်လွန်လို့ ခေါင်းကိုက်ရင် မြန်မာနည်းကတော့ ရေခဲအိတ်ရွက်တဲ့နည်းလို့
ဖတ်ဖူးမှတ်ဖူးပါတယ်။ ဒါပေမယ့် ဆေးပညာရှု့ထောင့်အရတော့ ဒါဟာ သွေးကြောတွေကို ပိတ်စေတယ်၊ သွေးခဲစေတဲ့နည်းဖြစ်လို့ အသက်အန္တရာယ်တောင် ထိခိုက်နိုင်ပါတယ်။ ဒီတော့ အသောက်များတတ်တဲ့ ဘော်ဒါတွေအတွက် အသောက်လွန်လို့ ခေါင်းကိုက်တဲ့အခါ အောက်ပါ နိုင်ငံတကာနည်းလေးတွေ သုံးကြည့်ဖို့ Shwemom က တိုက်တွန်းချင်ပါတယ်။

(၁) ချွေးထွက်အောင် ပြေးပါ (အမေရိကန်)

အမေရိကန်နည်းကတော့ အရက်အသောက်လွန်လို့ ခေါင်းကိုက်နေတဲ့အခါမှာ မနက်ပိုင်း ချွေးထွက်အောင် ထပြေးတဲ့နည်း ဖြစ်ပါတယ်။ ဦးနှောက်ထဲ သွေးစီးဆင်းမှုကို မှန်ကန်စေလို့ ထိရောက်တဲ့ နည်းဖြစ်ပါတယ်။ စိတ်ကိုလည်း လန်းဆန်းစေပါတယ်။

READ
အမျိုးသားတွေရဲ့ဆွဲဆောင်မှုအရှိဆုံး ခန္ဓာကိုယ်အစိတ်အပိုင်း(၈)ခု

(၂) နဖူးကို တိပ်ကပ်ခြင်း (ဗီယက်နမ်)

ဗီယက်နမ်နည်းကတော့ နဖူးကို ခေါင်းကပ်ပလာစတာ ကပ်ခြင်းပါ။ တရုတ်အပ်စိုက်ကုထုံး ကုတဲ့နေရာလေးတွေမှာ တိပ်ကလေးတွေ ပိုင်းဖြတ်ပြီး ကပ်တာမျိုးလည်း ရှိသလို၊ နဖူုးတစ်ခြမ်းလုံး တိပ်နဲ့ အုပ်ကပ်တာမျိုးလည်း ရှိပါတယ်။ ဒါလည်း ခေါင်းကိုက်တာကို ပြေစေပါတယ်တဲ့။

(၃) စာကလေးမစင်နှင့် ဘရန်ဒီ (ဟန်ဂေရီ)

ဟန်ဂေရီတွေကတော့ ရှေးတုန်းကတည်းက သုံးလာတဲ့နည်းကိုပဲ သုံးပါတယ်။ သောက်တတ်တဲ့သူတွေဟာ စာကလေးမစင် ဆောင်ထားလေ့ရှိကြပြီး၊ ခေါင်းအလွန်ကိုက်တဲ့အခါမှာ စာကလေးမစင်ကို ဘရန်ဒီနဲ့ ဆယ့်ငါးမိနစ်လောက် စိမ်ပြီး သောက်ကြတယ်လို့ သိရပါတယ်။

(၄) ဆိတ်ဦးနှောက် (တောင်အာဖရိက)

တောင်အာဖရိကတွေကလည်း ခေါင်း အလွန်ကိုက်ရင် ဆိတ်ဦးနှောက်ကို ဒေသထွက် အရက်တွေ၊ ဘီယာတွေ၊ ၀ိုင်တွေနဲ့ ရောစပ်ပြီး သုံးဆောင်ကြပါတယ်။

READ
ဂစ်တာတီးတတ်တဲ့ပုရိသတွေကို ကောင်မလေးတွေကြွေရခြင်းအကြောင်းအရင်း

(၅) စာဝါငှက်ကြော် ( ရှေးဟောင်းရောမနည်း)

ရောမတွေရဲ့ နည်းကတော့ လူတိုင်းနီးပါး သဘောကျပါလိမ့်မယ်။ အသောက်လွန်လို့ ခေါင်းကိုက်တဲ့အခါ စာဝါငှက်ကလေးတွေကို ကြော်ပြီး တစိမ့်စိမ့် ထိုင်စားတာလို့ ဆိုပါတယ်။ ဒါကလည်း ခေါင်းကိုက်ခြင်းကို ပြေစေပါတယ်။

(၆) နွားလိင်တံအခြောက် (အီတလီ)

အီတလီတွေရဲ့နည်းကတော့ အော်ဂလီဆန်စရာ ဖြစ်နေမယ်ထင်ပါတယ်။ ဒါပေမယ့် ထိရောက်လို့လည်း ယခုထက်တိုင် သုံးစွဲနေတဲ့ ရှေးဟောင်းနည်းဖြစ်ပါတယ်။ နွားလိင်တံအခြောက်ကို ရေစင်အောင် ဆေးပြီး တစိမ့်စိမ့်ထိုင်ဝါးရတယ်လို့ ဆိုပါတယ်။

နတ်စည်တော် (Shwemom)

source : mirror.co.uk

SHARE