ဟောက်တတ်သူနား အိပ်ဖန်များတဲ့အခါ ကြုံတွေ့လာနိုင်တဲ့ ကျန်းမာရေးအန္တရာယ်များ

sleepfoundation

ဟောက်တတ်တဲ့သူနဲ့ တစ်ခန်းထဲဖြစ်စေ၊ တစ်ကုတင်ထဲဖြစ်စေ အတူအိပ်ဖို့ဆိုတာဟာ စိန်ခေါ်မှုများတဲ့ အလုပ်ပါ။ ကိုယ်တိုင်က မဟောက်တတ်ပေမယ့် ဘေးလူက အိပ်ရင်းဟောက်တတ်တဲ့အခါ ၄င်းကနေ ရလာတဲ့ အကျိုးဆက်ဟာ ကျန်းမာရေးအမြင်ဘက်က ကြည့်ရင် အနုတ်လက္ခဏာဆောင်နေပါတယ်။ Brightside ကနေ တွေ့ရတဲ့ သတင်းအရ ဟောက်တတ်သူအနား အိပ်စက်ခြင်းရဲ့ ကျန်းမာရေးဆိုးကျိုးတွေအကြောင်းတွေကို ဖော်ပြပေးသွားပါမယ်။

Shutterstock/Africa Studio

အိပ်ရေးမ၀ခြင်း

ဒီအချက်ကတော့ ဟောက်တတ်တဲ့သူနား အိပ်စက်တဲ့အခါ ရနိုင်တဲ့ အထင်ရှားဆုံး အကျိုးဆက်တစ်ခုပါ။ ဟောက်တတ်သူရော၊ သူနဲ့အတူ အိပ်စက်ကြသူတွေဟာ အိပ်ချိန်နာရီပေါင်းများစွာကို ဆုံးရှုံးနိုင်ပါတယ်။ အလုံအလောက် အိပ်စက်ခြင်းဟာ ဇီဝလုပ်ဆောင်ချက်တွေဖြစ်တဲ့ မှတ်ဥာဏ်ထိန်းသိမ်းခြင်းနဲ့ ကိုယ်ခံစွမ်းအားဟန်ချက်ညီအောင် ထိန်းညှိပေးခြင်းတို့အတွက် အများကြီး အရေးပါပါတယ်။

ဒါပေမယ့် ဟောက်တတ်သူနံဘေး အိပ်ကြရသူတွေဟာ အိပ်ရေးမ၀တဲ့အပြင် အိပ်လိုက် နိုးလိုက်နဲ့ အကြိမ်ပေါင်းများစွာ ဖြစ်နေတတ်ပါတယ်။ အိပ်ရေး၀၀လင်လင် မရရှိတဲ့အတွက် အမှားတွေကို လုပ်လွယ်လာပါတယ်။ တွေးခေါ်မှုအားနည်းလာပြီး စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။ ဒါ့အပြင် အိပ်ရေးပျက်တာ များလာတဲ့အခါ လူမှာ စိတ်ကျဝေဒနာနဲ့  စိုးရိမ်ကြောင့်ကြစိတ်တွေကိုလည်း ဖြစ်ပေါ်စေပါတယ်။

READ
မနက်တိုင်းပြုလုပ်တတ်တဲ့ ဒီအလေ့ကျင့်ကြောင့် အ၀လွန်ခြင်း ဖြစ်ပွားနိုင်

ရေရှည်ဆက်ဆံရေးကို ယိုယွင်းစေခြင်း

စုံတွဲတစ်တွဲမှာ တစ်ဦးရဲ့ ဟောက်သံဟာ နောက်တစ်ဦးကို စိတ်အနှောင့်အယှက်ဖြစ်စေလွန်းရင် တစစနဲ့ ၄င်းတို့ ဆက်ဆံရေးဟာ ယိုယွင်းလာတတ်ပါတယ်။ ညတိုင်း ကိုယ့်ဘေးက လူရဲ့ ဟောက်သံကို နားထောင်ရပြီး သူတို့က ဟောက်လိုက်၊ ကိုယ်က လန့်နိုးလာလိုက်နဲ့ အိပ်ချင်လည်း ကောင်းကောင်းမအိပ်ရတဲ့ဘ၀ဟာ စိတ်ညစ်ညူးစရာပါ။ အချို့သော လင်မယားတွေဆိုရင် ကြင်ဖက်ရဲ့ ဟောက်သံကို မကြားနိုင်အောင် နားကြပ်တွေ၊ အသံလုံအကူကိရိယာတွေကို အသုံးပြုပါတယ်။ ဒီကိရိယာတွေ သုံးလို့မှ မရတဲ့အဆုံးတော့ လင်မယားနှစ်ယောက် ခွဲအိပ်တာပဲဖြစ်ဖြစ်၊ ကွာရှင်းတာပဲဖြစ်ဖြစ် ပြုလုပ်ကြပါတယ်။

Shutterstock/Voronin76

အကြားအာရုံချို့ယွင်းခြင်း

ကနေဒါ အွန်တာရီယိုက Queen’s တက္ကသိုလ်ဟာ ဟောက်ခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ အကျိုးဆက်ကို ဇနီးမောင်နှံတွေထံ လေ့လာခဲ့ပါတယ်။ သုတေသနထဲမှာတော့ အသက်(၃၅-၅၅) နှစ်အတွင်းရှိတဲ့ စုံတွဲ(၄) စုံကို ရွေးချယ်ခေါ်ယူခဲ့ပါတယ်။ စုံတွဲ(၁) တွဲချင်းမှာ ဟောက်တတ်တဲ့ ကြင်ဖက်တွေ တစ်ဦးစီ ပါဝင်ကြပါတယ်။ စစ်ဆေးစမ်းသပ်မှုတွေ များစွာ ပြုလုပ်အပြီးမှာတော့ ဟောက်သံကြောင့် ဟောက်တဲ့သူဟာ အကြားအာရုံချို့ယွင်းမှုကို သိပ်မခံစားရပေမယ့်လည်း ၄င်းတို့ရဲ့ ကြင်ဖက်တွေကတော့ အကြားအာရုံတွေ တဖြည်းဖြည်း ချို့တဲ့လာတာကို တွေ့ရှိခဲ့ကြပါတယ်။

READ
တစ်ပတ်အတွင်း ပေါင်တံကျစ်လစ်သွယ်လျစေမယ့် လေ့ကျင့်ခန်း

သွေးတိုးခြင်း

ဟောက်သံအကျယ်ကြီးဟာ တစ်ဖက်လူရဲ့ အကြားအာရုံတင်မကပါဘူး၊ သွေးဖိအားကိုလည်း အန္တရာယ်ရှိအဆင့်ထိ မြင့်တက်စေနိုင်ပါသေးတယ်။ လန်ဒန်က Imperial College of Science ကတော့ ဥရောပလေဆိပ်တွေအနီးမှာ နေထိုင်သူတွေရဲ့ ဖိစီးမှုပမာဏကို စမ်းသပ်သုတေသန ပြုခဲ့ကြပါတယ်။ ဒီအခါ သိရတာက သူတို့ကြားရတဲ့ ဆူညံသံဟာ ပိုကျယ်လေလေ ပိုပြီး သူတို့ရဲ့ သွေးတိုးနှုန်း မြင့်မားလာလေလေ ဆိုတာကိုပါပဲ။ အလားတူပဲ ဟောက်သံအကျယ်ကြီးတွေကိုလည်း ခန္ဓာကိုယ်က သွေးခုန်နှုန်းတွေ တိုးပြီး တုံ့ပြန်မှာဖြစ်ကြောင်း ပညာရှင်တွေက ကောက်ချက်ချခဲ့တာ ဖြစ်ပါတယ်။

လင်းလင်း (ShweMom)

SHARE