Kim ရဲ့ တင်ပါးအလှ လျှို့ဝှက်ချက်ကိုဖော်ထုတ်လိုက်တဲ့ သူမရဲ့ Trainer

Reality TV star Kim Kardashian ကတော့ ကမ္ဘာကျော်ဆယ်လီတစ်ယောက်ပါ။ သူမကိုတော့ TV Star တစ်ယောက်အဖြစ် အများကသိကြပါတယ်။ Kim က မင်းသမီး၊ မော်ဒယ် အလုပ်တွေကိုလည်း လုပ်သလို Cosmetic ပစ္စည်းတွေ ထုတ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ Social Media Influencer တစ်ယောက်ဖြစ်သလို သူမရဲ့ ဆိုရှယ်မီဒီယာအကောင့်တွေမှာဆိုရင် follower တွေ အများကြီးပါ။

သူမရဲ့ ဆွဲမက်လောက်စရာ ကောက်ကြောင်းအလှကတော့ အရမ်းကို နာမည်ကြီးပါတယ်။ သဲနာရီလို Shape မျိုးကို ပိုင်ဆိုင်ထားပြီး သူမရဲ့ တင်ပါးအလှကတော့ အရမ်းကို နာမည်ကြီးပါတယ်။ Kim ရဲ့ တင်ပါးအလှ လျို့ဝှက်ချက်ကို သူမရဲ့ Trainer ဖြစ်တဲ့ Melissa Alcantara က ဖွင့်ဟခဲ့ပါတယ်။ သူမကတော့ နာမည်ကြီး Fitness Trainer တစ်ယောက်ပါ။ Kim ရဲ့ body လှလှရဲ့ နောက်ကွယ်က ပဲ့ကိုင်ရှင်ပါ။ Keeping Up With the Kardashians ဆိုတဲ့ TV စီးရီးမှာ ဒီအကြောင်းကို ထုတ်ပြောခဲ့တာပါ။

READ
သွယ်လျတဲ့ ခြေတံလေးရဖို့ အိပ်ယာမ၀င်ခင်ပြုလုပ်သင့်တဲ့သုံးမိနစ်စာ လေ့ကျင့်ခန်း

အပိုင်း(၁၄)မှာတော့ Kim က Melissa ကို IG မှာ တွေ့ခဲ့တာလို့ ဆိုခဲ့ပါတယ်။ အဲဒီမှာ Melissa က သူမရဲ့ Before & after ဆိုတဲ့ Post ကို တွေ့ခဲ့ပါတယ်။ “ကျမ ဒီကာယအလှမယ်ကို IG မှာ တွေ့ခဲ့တာပါ။ ကိုယ်ဝန်ဆောင်တုန်းက ပေါင် (၇၀) လောက်တက်သွားခဲ့ဖူးပါတယ်။ အခုဆိုရင် သူမကလေးတွေတောင် (၆)နှစ်လောက်ရှိနေပါပြီ..” လို့ပြောခဲ့ပါတယ်။ Melissa က Kim ကို ပေးတဲ့ Training ကတော့ အစာအာဟာရက အဓိကပါ။ သူမရဲ့ ဟန်ချက်ညီမျှတဲ့ diet မှာဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာ၊ အယ်လ်ကိုဟောကို အကန့်အသတ်နဲ့သောက်တာ၊ ရေများများ သောက်ပါဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။ သူမပေးတဲ့ Training အားလုံးနီးပါးက အစာအာဟာရပါပဲ။

Melissa ရဲ့ Diet Plan တွေကြောင့် သူမရဲ့ body ပြောင်းလဲသွားတဲ့အတွက် ကျေးဇူးတင်ကြောင်းပြောခဲ့ပါတယ်။ Melissa က ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာ၊ အသီးအရွက်တွေကိုသာစားဖို့ ပိုပြီးတော့ အထောက်အကူဖြစ်စေ ခဲ့ကြောင်း၊ Melissa က သူမကို ကိုယ်ကာယကြံ့ခိုင်ရေးအတွက်လည်း Training ကောင်းကောင်းပေးတယ်လို့ ပြောခဲ့ပါတယ်။ အဓိကလုပ်ရတဲ့ Training တွေကတော့ Deadlift (အလေးတုံးထည့်ပြီး တင်ပါးlevel လောက်အထိ မတာ)၊ ခြေသလုံးကြွက်သားအတွက်ကစားတဲ့ (calf raises)၊ squats ထိုင်တာတွေ၊ Rope Crunch လေ့ကျင့်ခန်း၊Candlesticks exercise တို့ပါဝင်တယ်လို့ သိရပါတယ်။

 from .buzzfeed
SHARE