ကော်ဖီနေ့စဉ် သောက်သုံးခြင်းကြောင့် ရလာနိုင်တဲ့ အကျိုးကျေးဇူးများ

ကော်ဖီကြိုက်နှစ်သက်သူတွေဟာ မနက်ခင်းနိုးလာခဲ့ရင်တောင် ကော်ဖီမသောက်ရသေးပဲ တစ်နေ့တာအလုပ်တွေကို စလုပ်လေ့မရှိပါဘူး။ ရုံးအလုပ် လုပ်နေသူတွေဆိုရင်လည်း ထမင်းစားပြီးနားချိန်မှာ ကော်ဖီတစ်ခွက်လောက်တော့ ထပ်သောက်လိုက်ရမှ အာသာပြေပြီး အလုပ်လုပ်ရ ပိုကောင်းသူတွေ ရှိပါတယ်။ ကော်ဖီဟာ လူကို နိုးကြားစေရုံတင်မကပဲ တက်ကြွလန်းဆန်းနေအောင်လည်း အကူအညီပေးပါသေးတယ်။ “တန်ဆေး လွန်ဘေး” ဆိုတဲ့ စကားအတိုင်း အလွန်အကျွံ မသောက်မိဖို့တော့ အရေးကြီးပါတယ်။ ဒါပေမယ့် နေ့တိုင်းကော်ဖီသောက်တဲ့အခါ ခန္ဓာကိုယ်မှာ ဘာတွေ အကျိုးကျေးဇူးရှိသွားလဲဆိုတာ စာဖတ်သူတွေ သိကြရဲ့လား။

Wikipedia

ဥာဏ်ရည်ပိုထက်စေတယ်

လေ့လာချက်တွေအရ ကော်ဖီသောက်ခြင်းဟာ သင်ယူလေ့လာနိုင်စွမ်းကို ပိုမိုတိုးတက်စေပါတယ်။ ဦးနှောက်ရဲ့ အာရုံစူးစိုက်စွမ်းအားကို အထောက်အကူပေးပြီး မှတ်ဥာဏ်ကိုလည်း တိုးတက်စေပါတယ်။ ဘာစီလိုနာတက္ကသိုလ်က သုတေသနပညာရှင်တစ်ဦးကတော့ သကြားဓာတ်နဲ့အတူ ကဖင်းရဲ့ လွှမ်းမိုးမှုအောက်မှာ ဦးနှောက်ဟာ အလုပ်ကောင်းကောင်းလုပ်တယ်လို့ ဆိုတာကြောင့် မနက်ခင်း ကော်ဖီကို သကြားကဲပြီး ဖျော်သောက်တတ်သူတွေအတွက်တော့ သတင်းကောင်းပါပဲ။

နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေကို လျော့ချပေးခြင်း

တကယ်လို့ စာဖတ်သူဟာ နှလုံးကျန်းမာရေးနဲ့ ပတ်သက်လို့ စိုးရိမ်နေသူတစ်ဦးဆိုရင် တစ်နေ့ကို ကော်ဖီ(၃) ခွက်လောက် သောက်ပေးသင့်ပါတယ်။ JACC: Clinical Electrophysiology မှာထုတ်ပြန်တဲ့ တွေ့ရှိချက်အရ ကော်ဖီပုံမှန်သောက်သုံးသူတွေဟာ ကော်ဖီသိပ်မသောက်တတ်သူတွေထက် ပုံမှန်မဟုတ်တဲ့ နှလုံးရိုက်ခတ်သံဖြစ်ပွားနိုင်ခြေ လျော့နည်းကြောင်း သိရှိရပါတယ်။

READ
မိန်းကလေးတွေဆီမှာ ယောက်ျားလေး BFF ရှိကိုရှိသင့်သည့်အကြောင်းရင်းများ
Pixabay

ပိုမို ပျော်ရွှင်စေခြင်း

မနက်ခင်း ကာဖီတစ်ခွက်ဟာ လူကို နိုးနိုးကြားကြားဖြစ်အောင် စွမ်းအင်ပေးနိုင်တဲ့အပြင် စိတ်ကိုလည်း ပိုပျော်ရွှင်အောင် လုပ်ပေးနိုင်တယ်ဆိုတာ သိပါရဲ့လား။ သုတေသနပြုချက်တွေအရ ကော်ဖီမှာပါဝင်တဲ့ ဓာတ်တိုးပစ္စည်းတွေကြောင့် စိတ်ဓာတ်ကျရောဂါဖြစ်ပွားနိုင်ခြေလျော့နည်းပြီး လူကို ပိုမိုပျော်ရွှင်စေတယ်လို့ သိရပါတယ်။

ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေ လျော့နည်းခြင်း

တစ်နေ့ ကော်ဖီ(၇) ခွက် သောက်သုံးသူတွေဟာ တစ်နေ့ ကော်ဖီ(၂) ခွက်ပဲ သောက်တတ်တဲ့သူတွေထက် စာရင် ဆီးချိုရောဂါဖြစ်ပွားနိုင်ခြေ (၅၀) ရာခိုင်နှုန်းကျော်အထိ လျော့နည်းနိုင်တယ်လို့ သိရပါတယ်။

Wikipedia

အယ်လ်ဇိုင်းမားရောဂါကို ဆန့်ကျင်ပေးခြင်း

အီတလီသိပ္ပံပညာရှင်တွေက တစ်နေ့ကော်ဖီ(၁) ခွက် ပုံမှန်သောက်သုံးခြင်းဟာ အယ်လ်ဇိုင်းမားရောဂါကို ရှောင်ပြေးစေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကော်ဖီအများကြီးသောက်မိတဲ့အခါမှာတော့ သိမှုဆိုင်ရာမှတ်ဥာဏ်ချို့ယွင်းမှုဖြစ်ပွားနိုင်ခြေ (၂) ဆ ပိုများတယ်လို့ ဆိုပါတယ်။ လက်ရှိအထိတော့ ကဖင်းဓာတ်ဟာ အယ်လ်ဇိုင်းမားနဲ့ မှတ်ဥာဏ်ချို့ယွင်းပြီး စိတ်ဖောက်ပြန်တဲ့ဝေဒနာမျိုးတွေကို ကာကွယ်ပေးတယ်ဆိုတဲ့ အထောက်အထားမျိုး အတိအကျမသိရပါဘူး။

READ
မိန်းကလေးတိုင်း ကြည့်သင့်တဲ့ ဇာတ်ကား(၆)ကား

ပိုမိုဖော်ရွေလာခြင်း

အမေရိကန် သုတေသနပညာရှင်တွေဟာ လူစိမ်းတစ်ဦးဆီကို ကော်ဖီတစ်ခွက် သို့မဟုတ် အချိုရည်တစ်ဘူးဆီပေးပြီး စမ်းသပ်ခဲ့ကြပါတယ်။ ဒီအခါ ကော်ဖီသောက်ရတဲ့သူဟာ လူစိမ်းတွေနဲ့ တွေ့ဆုံရာမှာ ဖော်ဖော်ရွေရွေပိုရှိပြီး ပိုမိုပျော်ရွှင်မှုရှိနေတာကို တွေ့ရှိခဲ့ပါတယ်။

ကင်ဆာ ဆန့်ကျင်ကာကွယ်ပေးခြင်း

ကော်ဖီဟာ ကင်ဆာဖြစ်ပွားနိုင်ခြေကို လျော့ချပေးတယ်လို့ ဆိုပေမယ့် သိပ္ပံနည်းကျ အထောက်အထားတော့ အခုထိ မတွေ့ရပါဘူး။ ဒါပေမယ့် လေ့လာချက်တစ်ခုထဲမှာတော့ တစ်နေ့ကို ကော်ဖီ(၄) ခွက်ထက် ပိုသောက်တဲ့ အမျိုးသမီးတွေဟာ ကော်ဖီမသောက်တဲ့ အမျိုးသမီးတွေထက် သားအိမ်ကင်ဆာဖြစ်ပွားနိုင်ခြေ (၂၂) ရာခိုင်နှုန်း ပိုလျော့နည်းတာကို တွေ့ရှိရပါတယ်။

 

လင်းလင်း (ShweMom)

Ref: newsner

SHARE