3D နည်းပညာနဲ့ ပုံဖော်ရာမှာတွေ့ရှိရတဲ့ သူတော်စင် ဗယ်လင်တိုင်းရဲ့ရုပ်ပုံ

လွန်ခဲ့တဲ့နှစ်ပေါင်း ၁၇၀၀ ခန့်ကတည်းက အချစ် အတွက်ခေါင်းဖြတ်ခံခဲ့ရတဲ့ သူတော်စင် ဗယ်လင်တိုင်းရဲ့ ရုပ်ရည်ကို 3D နည်းပညာအကူအညီနဲ့ ပြန်လည် ပုံဖော်နိုင်ခဲ့ပါတယ်။သိပ္ပံပညာရှင်တွေဟာ သူ့ရဲ့ ဦးခေါင်းခွံကို အသုံးပြုပြီး ဗယ်လင်တိုင်းရဲ့ ရုပ်ရည်ကို ပြန်လည်ပုံဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

ငင

ဘရာဇီးလ်နိုင်ငံ အနောက်အလယ်ပိုင်းဒေသ စီနော့မှာနေထိုင်တဲ့ ကွန်ပျုတာ ဂရက်ဖစ် ဒီဇိုင်းနာ ဆီဆာရို မိုရေ က ဗယ်လင်တိုင်း ရက်အမှီ ဒီ ဗယ်လင်တိုင်းရဲ့ ရုပ်ရည်ကို ပြသခဲ့တာ ဖြစ်ပါတယ်။” ဒီလုပ်ငန်းဟာ စိတ်လှုပ်ရှားစရာကောင်းပါတယ်။နောက်ပြီး တစ်သက်မှာ တစ်ခါလုပ်ခွင့်ရတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး ဒီလိုရှားပါးတဲ့ ရှေးဟောင်းအမွေအနှစ်တစ်ခုကို အသုံးပြုခွင့်ရတာ လည်းကျွန်တော်တို့ ကံကောင်းပါတယ်။ဒီလုပ်ငန်းအတွက် ကျွန်တော်တို့ ၃ လကြာအလုပ်လုပ်ခဲ့ပြီး ဒီလက်ရာဟာ ဒီချစ်ခြင်းမေတ္တာအခြေခံတဲ့ နေ့တစ်နေ့ရဲ့ မူလအစကို သတိရစေမှာပါ။” လို့  ဆီဆာရို မိုရေ က ဆိုခဲ့ပါတယ်။

ဗယ်လင်တိုင်းရဲ့ ဦးခေါင်းခွံအမွေအနှစ်ဖြစ်တဲ့ ဦးခေါင်းခွံကို ရောမမှာရှိတဲ့ ဆန်တာ မာရီယာ ဘုရားရှိခိုးကျောင်းမှာ ထားရှိထားတာ ဖြစ်ပါတယ်။ဒီဦးခေါင်းခွံကို ဖန်သားဗူးတစ်ခုထဲ ဌာပနာ ထားတာဖြစ်ပြီး လေ့လာသူတွေကလည်း ၃ ရာစုနှစ်လောက်က ရောမဘုန်းကြီး တစ်ပါး ဆိုတာ ကို အတည်ပြုခဲ့ကြပါတယ်။

ဟဟဟ

ခန္ဓာဗေဒဆိုင်ရာ ဖွဲ့စည်းပုံတွေဖြစ်တဲ့ အရေပြားကြွက်သားများ ပြန်လည် ဖြည့်တင်းခြင်း၊ဆံပင်၊အသားအရေ အရောင်များ ထည့်သွင်းခြင်းတို့ လုပ်ဆောင်ပြီးတဲ့အခါမှာ ဗယ်လင်တိုင်းရဲ့ ရုပ်ရည်ဟာ ဆံပင်အဖြူရောင်နဲ့ ကြင်နာ သနားတတ်တဲ့ လူတစ်ယောက် အဖြစ် ထွက်ပေါ်လာတာဖြစ်ပါတယ်။

READ
(၂)ယောက်ထဲက တစ်ယောက်ရွေးပါဆိုရင် ဒီလိုယောက်ျားမျိုးကို ရွေးချယ်ပါ

ပုံထဲမှာ ထိုအချိန်က ကတ်သိုလစ် ခရစ်ယာန် ဘုန်းကြီးများ ၀တ်ဆင်ရတဲ့ သင်တိုင်းအနီရောင်နဲ့ တွေ့ရမှာ ဖြစ်ပြီး အနီရောင်ကတော့ အာဇာနည် အဖြစ်ကို ကိုယ်စားပြုတယ်လို့ ဖန်တီးသူများက ဆိုပါတယ်။ဗယ်လင်တိုင်းရဲ့ဇာတ်ကြောင်းတွေဟာ ပဟေဠိတွေနဲ့ ရှုပ်ထွေးနေပေမဲ့ 273 AD မှာ အင်ပါယာရှင် ကလောဒိရပ်စ် ၂ ရဲ့ လက်ထပ်ခြင်းကို တားမြစ်တဲ့ အမိန့်ကို ဖီဆန်ပြီး လူငယ်များကို လက်ထပ်ပွဲကျင်းပပေးခဲ့သူ သူတော်စင် ဖြစ်ပါတယ်။

သသ

ရောမအင်ပါယာရှင် ကလောဒိရပ်စ် ၂ ဟာ သူ့ရဲ့ အင်ပါယာအတွက်ကြီးမားတဲ့ စစ်တပ်တစ်ခု တည်ဆောက်ဖို့ ရည်ရွယ်ခဲ့ပါတယ်။ကလောဒိရပ်စ် ၂ ဟာဟာ လူငယ်တွေ ဇနီးမယား၊နှောင်ဖွဲ့စရာနှောင်ကြိုးမရှိရင်ပိုပြီး စစ်တိုက်ချင်ကြမယ်လို့ ယူဆပြီး လက်ထပ်ခြင်းကို တားမြစ်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဗယ်လင်တိုင်းဟာ ဘုရင့်ရဲ့ အမိန့်ကို ဖီဆန်ပြီးတော့ ချစ်မိကြတဲ့ စုံတွဲတွေအတွက် လက်ထပ်ပွဲတွေကို လျှို့ဝှက်စွာဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။သူတော်စင် ဗယ်လင်တိုင်းရဲ့ လက်ထပ်ပွဲတွေဟာ စစ်သားတွေအတွက်အများဆုံးလုပ်ဆောင်ပေခဲ့ပြီး နောက်ပိုင်း ကလောဒိရပ်စ် ၂ က သိသွားတဲ့အခါမှာ ဗယ်လင်တိုင်းကို အကျဉ်းချပြီးနှိပ်စက်ခဲ့တာ ဖြစ်ပါတယ်။

Rom,_Santa_Maria_in_Cosmedin,_Reliquien_des_Hl._Valentin_von_Terni

ဗယ်လင်တိုင်းထောင်ထဲမှာရှိနေစဉ်မှာလည်း လက်ထပ်ခြင်းနဲ့ ချစ်ခြင်းကို ယုံကြည်တဲ့ လူငယ်များကနေ ဗယ်လင်တိုင်းရှိတဲ့ထောင်ထဲကို ပန်းများနဲ့ စာများပို့ပေးပြီး သူတော်စင်ကို လေးစားမှု ပြသခဲ့ပါတယ်။

READ
EX နဲ့ပတ်သက်ပြီး Facebook ပေါ်မှာ ဘယ်လိုကိုင်တွယ်ရမလဲ

ဗယ်လင်တိုင်းဒေးဟာ မသေဆုံးခင်မှာ အကျဉ်းထောင်မှူးရဲ့ သမီး အာတီးမီးယပ်စ် နဲ့ ချစ်ကြိုက်ခဲ့ပြီး ဗယ်လင်တိုင်းကို အဆုံးစီရင်ခဲ့တဲ့ ရက် ဖေဖော်ဝါရီလ ၁၄ ရက်တွင် သူရဲ့ ချစ်သူ အာတီးမီးယပ်စ် ကိုပေးခဲ့တဲ့ စာမှာ ချစ်သော ဗယ်လင်တိုင်း လို့ လက်မှတ်ထိုးခဲ့ပါတယ်။ဒါကြောင့် သူရဲ့ ချစ်ခြင်းတွေကို ကာကွယ်ပေးခဲ့မှုကြောင့် ကမ္ဘာတစ်ဝန်းမှာ Feb 14 ရက်နေ့ကို ချစ်ခြင်းများနဲ့ ပြည့်ဝနေတဲ့နေ့အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ကက

ဆီဆာရို မိုရေ က ” သူတော်စင် ဗယ်လင်တိုင်းရဲ့ ရုပ်ရည်ကို သူရဲ့ ဦးခေါင်းခွံ၊သိပ္ပံနည်းကျလေ့လာမှုတွေနဲ့၊သမိုင်းအချက်အလက်တွေ၊ကျွန်တော်ရဲ့ ပုံဆွဲအတွေ့အကြုံတွေနဲ့ ဖန်တီးထားတာ ဖြစ်ပါတယ်။ကျွန်တော်တို့ သရုပ်ဖော်ထားတဲ့ သူတော်စင်ဗယ်လင်တိုင်းရဲ့ ရုပ်ပုံဟာ သူအသက်ရှင်စဉ်က ရုပ်ရည်ကို အတတ်နိုင်ဆုံးတူအောင် ဖန်တီးထားတာ ဖြစ်ပါတယ် ” လို့ သူရဲ့ 3D သရုပ်ဖော်လက်ရာကို ယုံကြည်စိတ်ချစွာ ပြောဆိုခဲ့ပါတယ်။

ဘရာဇီးလ်ဟာ ဖေဖော်ဝါရီလ၁၄ ရက် ဗယ်လင်တိုင်းဒေးနေ့ကို ဆင်နွဲလေ့မရှိဘဲ ဇွန်လ ၁၂ ရက်နေ့မှာ ကျရောက်တဲ့   Dia dos Namorados ဆိုတဲ့ ချစ်သူများနေ့ကို သာဆင်နွှဲလေ့ရှိကြပါတယ်။

Lumos (Shwemom)

Ref : Mirror

SHARE