အတွင်းခံအကြပ်နဲ့ အိပ်သည့်အမျိုးသားများ မျိုးဗီဇမအောင်မြင်မှုကို ဖြစ်ပေါ်စေနိုင်

အမေရိကန်နိုင်ငံ Jersey Urology Group ရဲ့ Institute for Men’s Health မှာ ဒါရိုက်တာ တာဝန်ထမ်းဆောင်နေတဲ့ ဒေါက်တာ Brian Steixner က ကိုယ်ကြပ်အတွင်းခံဘောင်းဘီဝတ်ပြီး အိပ်စက်တတ်တဲ့ အမျိုးသားများအနေနဲ့ မျိုးဗီဇမအောင် မြင်မှုကို ဦးတည်စေနိုင်ကြောင်း သတိပေးပြောကြာခဲ့ပါတယ်။

ဒေါက်တာ Brian ရဲ့ ပြောကြားချက်ထဲမှာ အတွင်းခံဘောင်းဘီအကြပ်နဲ့ အိပ်စက်တဲ့ အမျိုးသားတွေဟာ ညပိုင်းမှာ
သုတ်ပိုးတွေကို အပူချိန်အမြင့်ဆုံးအောက်မှာ ကျရောက်စေပြီး၊ မျိုးဗီဇမအောင်မြင်စေတဲ့အထိ သက်ရောက်မှုတွေ အများ
ကြီး ပေးပါတယ်။

ဒေါက်တာ Brain က ” သင်တို့ရဲ့အောက်ပိုင်းဟာ အားကောင်းတဲ့ မျိုးဗီဇရှိ သုတ်ပိုးတွေ ထုတ်လုပ်နိုင်ဖို့အတွက် မှန်ကန်တဲ့ အပူအချိန်အတွင်းမှာ ရှိနေဖို့လိုအပ်ပါတယ် “လို့ ပြောခဲ့ပါတယ်။ တစ်ချို့သော ဘက်တီးရီယားတွေဟာ ပုံမှန်မဟုတ်တဲ့ အပူချိန်ကြောင့် ပြောင်းလဲလာတဲ့ အသားရေတစ်နေရရာကို ခိုကပ်မိတာနဲ့ သာမန်ဘက်တီးရီးယားတွေထက် အသက် ပိုရှည်အောင် နေနိုင်ကြပါတယ်။

READ
မိန်းကလေးဘက်ကလိုလိုလားလားဖြစ်အောင်သင့်ကိုယ်သင်ဘယ်လိုမိတ်ဆက်မလဲ

အတွင်းခံအကြပ် ဘောင်းဘီနဲ့ အိပ်စက်ခြင်းဟာ သာမန်အမြင်အားဖြင့် ခန္ဓာကိုယ်ရဲ့ အဆီပိုတွေကို ကျဆင်းစေနိုင်တယ်၊ ငယ်ရွယ်နုပျိုမှုကို ဖြစ်စေတယ်၊ အတူနေအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ စွဲဆောင်မှု ရှိစေတယ် စတဲ့ကောင်းကျိုးတွေ ပေးတယ်လို့ လူတွေက ယူဆကြပေမယ့် တကယ်လက်တွေ့ဘ၀မှာတော့ မျိုးဆက်ပျက်တောက်ဖို့အထိ အန္တရာယ်ကြီးတယ်လို့ ဒေါက်တာ Brain က သတိပေးခဲ့ပါတယ်။

ညီလင်းထက် (Shwemom)

source : thesun.co.uk

SHARE