သူ့အသက်ကိုဆုံးရှုံးခံပြီး သခင်မိသားစုကို မီးထဲကကယ်ခဲ့တဲ့ဟီးရိုးခွေးလေး Zippy

twitter/kkuizon

စက်တင်ဘာ(၁၇) ရက်နေ့ အင်္ဂါနေ့မနက် (၂) နာရီအချိန်လောက်ကြီးမှာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ဘရန်ဒန်တွန်မြို့က ဘတ်တ်လာမိသားစုဟာ အိပ်မောကျနေခဲ့တာပါ။ ဒါကြောင့် အိမ်ထပ်ခိုးမှာ မီးလောင်နေတာကို မသိခဲ့ပါဘူး။ အိမ်ထဲမှာလည်း မီးသတ်အချက်ပေးစက်တော့ တပ်ထားပေမယ့် စက်က ခဏလေးမြည်ပြီး ထပ်မမြည်ပါဘူး။

ထပ်ခိုးက မီးတောက်ဟာ တဖြည်းဖြည်းနဲ့ ကြီးလာနေပါတယ်။ ပရိဘောဂပစ္စည်းတွေနဲ့အတူ မျက်နှာကြက်ကိုပါ မီးတောက်က ၀ါးမြိုလာပါတယ်။ မီးသတ်အချက်ပေးစက်ကလည်း ပျက်နေတော့ အောက်ထပ်မှာရှိနေတဲ့ မိသားစုဟာ  မသိပဲ အိပ်ပျော်နေခဲ့တာပါ။ ဒီအချိန်မှာပဲ အိမ်မှာမွေးထားတဲ့ ခွေးလေးဇစ်ပီဟာ အန္တရာယ်ရဲ့ အငွေ့အသက်ကို သတိပြုမိလိုက်ပြီး အိမ်ထဲမှာ လျှောက်ပြေးနေခဲ့ပါတယ်။ မီးတောက်တွေကို ထိုးဟောင်ရင်း အိမ်ရှင်တွေ မနိုးနိုးအောင် လုပ်နေခဲ့တာပါ။

ဇစ်ပီရဲ့ အော်သံနဲ့ ပြေးလွှားတွန်းထိုးသံတွေကြောင့် ဘတ်တ်လာမိသားစုဟာ နိုးလာပြီး မီးလောင်နေတဲ့ အိမ်ထဲက အလျင်အမြန်ထွက်ခွာနိုင်ခဲ့ကြပါတယ်။ မိသားစုတွေ အကုန်လုံး အော်ဟစ်ပြီး ခက်ခက်ခဲခဲနဲ့ အပြင်ထွက်ပြီးနောက်မှာတော့ အိမ်ရှင် ဘတ်တ်လာဟာ မိသားစုဝင်လေးတစ်ဦး ကျန်နေခဲ့တာကို သတိရသွားပါတယ်။ သူကတော့ ဇစ်ပီပဲ ဖြစ်ပါတယ်။ ဇစ်ပီဟာ မိသားစုဝင်တွေ အားလုံးကို လိုက်ပြီး ကယ်ဆယ်နိုင်ခဲ့ပေမယ့် သူ့အသက်ကျတော့ သူမကယ်နိုင်ပဲ ဖြစ်သွားခဲ့တာပါ။

မီးသတ်ကားတွေ ရောက်လာပြီး အိမ်ထဲဝင်ကာ ဇစ်ပီကို ကယ်ထုတ်တဲ့အခါမှာတော့ တယ်ရီယာလေး ဇစ်ပီဟာ အသက်မရှိရှာတော့ပါဘူး။ မီးခိုးတွေ မွှန်ပြီး သေဆုံးသွားခဲ့တာပဲ ဖြစ်ပါတယ်။ စိတ်မကောင်းစရာပဲ ယခုမီးလောင်မှုဖြစ်စဉ်မှာ ဘတ်လ်လာမိသားစုဟာ အိမ်ရော ခွေးပါ ဆုံးရှုံးသွားခဲ့ပါတယ်။ မီးသတ်ဌာနကတော့ မီးဟာ ထပ်ခိုးမှာရှိတဲ့ အဲကွန်းနားက စလောင်တာလို့ ဆိုပေမယ့် မီးလောင်မှုဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ အခုထိ မသိရသေးကြောင်း unilad သတင်းက ဆိုပါတယ်။

READ
မိလ္လာခွက်ထဲကနေ မတက်နိုင်ဖြစ်နေရှာတဲ့ ရှဥ့်ကလေးကို ကယ်ဆယ်ခဲ့ရ

လင်းလင်း (ShweMom)

SHARE