အမေရိကန်ရဲ့အမြင့်ဆုံးသူရဲကောင်းဆုချီးမြှင့်ဖို့ ပြည်သူတွေက တောင်းဆိုနေတဲ့ ရဲသားကြီး

twitter/Igor Bobic

အမေရိကန် Capitol အဓိကရုဏ်းအတွင်း ဆီးနိတ် အထက်လွှတ်တော်အဖွဲ့ဝင်တွေရဲ့ အသက်ကို ကာကွယ်ပေးခဲ့တဲ့ ရဲအရာရှိတစ်ဦးအား ဂုဏ်ပြုဆုတံဆိပ်ချီးမြှင့်ဖို့ ပြည်သူတွေက အသနားခံစာရေးသားတင်ထားကြောင်း unilad သတင်းအရ သိရပါတယ်။ အခုဆိုရင်တော့ အသနားခံစာအတွက် ပြည်သူတွေလက်မှတ်ရေးထိုးခဲ့ရာမှ တစ်သောင်းကျော်နေပြီဖြစ်ပါတယ်။

ထရမ့်ပ်လိုလားသူ အစွန်းရောက်တွေဟာ ဇန်နဝါရီလ ၆ရက်နေ့မှာ Capitol Hill အဆောက်အဦးထဲ ကျူးကျော်ဝင်ရောက်လာခဲ့ကြကာ ညီလာခံကိုတားဆီးခဲ့ကြတာပါ။ ဒီအခြေအနေမှာ အဓိကရုဏ်းဖန်တီးဖို့ပြင်နေတဲ့ လူအုပ်ကြီးကို တစ်ဦးတည်းရင်ဆိုင်ခဲ့တဲ့ ရဲအရာရှိတစ်ဦးရဲ့ ဗီဒီယိုဖိုင်ကို အခုလိုတွေ့မြင်ခဲ့ရတာပါ။

လွှတ်တော်အမတ်တွေဟာ အစွန်းရောက်သူတွေရဲ့ရန်ကိုကြောက်လို့ အကာအကွယ်ရှာပြီး ခန်းမထဲကနေ ဘေးကင်းရာကိုထွက်သွားကြရပါတယ်။ ဒေါသထွက်နေတဲ့လူအုပ်ကြီးကိုတော့ ရဲအရာရှိ Eugene Goodman ကနေ ဂရုတစိုက်နဲ့ထိန်းသိမ်းထားကာ ဖွင့်ထားတဲ့ အဆောက်အဦးအဝင်ပေါက်ကနေပဲ ၄င်းတို့ကို ပြန်ထွက်ခိုင်းခဲ့ပါတယ်။ ရုန့်ရင်းဆန်ခတ်ဖြစ်လုနီးအခြေအနေမှာ တာဝန်ကျေစွာ အကောင်းဆုံးစွမ်းဆောင်ခဲ့တဲ့ အရာရှိ Eugene ကိုတော့ သူရဲကောင်းဆိုပြီး ဆိုရှယ်မီဒီယာပေါ်မှာ သမုတ်နေကြတာ ဖြစ်ပါတယ်။

READ
တိုယိုတာကားနဲ့ မီးဘေးထဲ အသက်ပေါင်းများစွာကယ်ခဲ့တဲ့ အမျိုးသားအတွက် ဆုလာဘ်

Change.org ရဲ့အသနားခံစာထဲမှာတော့ ရဲအရာရှိ Eugene Goodman ဟာ သူတစ်ပါးအသက်တွေ အန္တရာယ်ဖြစ်လုနီးအခြေအနေရောက်နေတာကို အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့ကြောင်းနဲ့ အသက်စွန့်ကာ အဓိကရုဏ်းထဲပါဝင်သူတွေကို ရဲဝင့်စွာလမ်းလွှဲနိုင်ခဲ့ကြောင်း ချီးမွမ်းထားတာပါ။

ဒါ့ပြင် Eugene ဟာ အမေရိကန်ဟီးရိုးတစ်ယောက်ဖြစ်ကြောင်းနဲ့ သူ့ရဲ့ခွန်အားနဲ့ သတ္တိကို အိမ်ဖြူတော်မှာရှိတဲ့ ခေါင်းဆောင်တွေနဲ့ ဆီးနိတ်က အသိအမှတ်ပြုပေးဖို့၊ သူ့ကို စစ်ဘက်ဆိုင်ရာရဲ့ အမြင့်ဆုံးဂုဏ်ပြုဆုဖြစ်တဲ့ Medal of Honor ကို ပေးအပ်ချီးမြှင့်ဖို့ ပြည်သူတွေက တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ Eugene သာမတားနိုင်ခဲ့ရင် ဆီးနိတ်အမတ်တွေနဲ့အစွန်းရောက်လူထုကြီး ထိပ်တိုက်တွေ့ပြီး အခန့်မသင့်ရင် သွေးထွက်သံယိုတွေဖြစ်ပွားနိုင်ခြေရှိတယ်လို့လည်း ထောက်ပြခဲ့ကြပါတယ်။

READ
ကိုယ်ကျိုးစွန့်လုပ်ရပ်တစ်ခုကြောင့် လူအများရဲ့လေးစားချီးကျူးခံရတဲ့ လမ်းပြပုလိပ်

တွေ့ရတဲ့ဗီဒီယိုကိုတော့ HuffPost သတင်းထောက် Igor Bobic က မူလရိုက်ကူးရယူခဲ့တာ အွန်လိုင်းပေါ်မှာတော့ အကြိမ်ရေ ၁၀သန်းကျော်ကြည့်ရှုခံရပြီးပါပြီ။ ဗီဒီယိုထဲမှာတွေ့ရမယ့် အဓိကရုဏ်းခေါင်းဆောင်ဖြစ်သူ Iowa က အသက် ၄၁ နှစ်အရွယ် Doug Jensen ကိုတော့ ဇန်နဝါရီလ ၁၀ ရက်နေ့ စနေနေ့မှာပဲ FBI က ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရပါတယ်။

ShweMom

SHARE