ကလေးနှစ်ယောက်ကို အသက်ပေးပြီးကယ်ခဲ့တဲ့ (၈၈)နှစ်အရွယ်လုံခြုံရေးဝန်ထမ်းကြီး

Twitter

အမေရိကန်နိုင်ငံတ၀ှမ်းမှာတော့ ကားရှုပ်လွန်းတဲ့နေရာတွေမှာ ကလေးတွေ လမ်းကူးတဲ့အခါ အကူအညီပေးဖို့ဆိုပြီး အချိန်ပိုင်းလုံခြုံရေးဝန်ထမ်းတွေကို ခန့်ထားလေ့ရှိပါတယ်။ အများစုကတော့ လုပ်ငန်းခွင်ကနေ အနားယူပြီးတဲ့ အသက်ကြီးသူတွေဖြစ်ကြပြီး သူတို့ရဲ့ အလုပ်က ကျောင်းသားလေးတွေ လမ်းကူးတဲ့အခါ အန္တရာယ်ကင်းကင်းနဲ့ ကူးနိုင်စေဖို့ပါပဲ။

အမေရိကန်နိုင်ငံ၊ ကန်ဆက်မြို့မှာနေထိုင်တဲ့ အသက် (၈၈)နှစ်အရွယ် ဘော့ဘ် ဆိုသူ အမျိုးသားကြီးဟာလည်း အဲဒီလို လုံခြုံရေးဝန်ထမ်းတာဝန်ကို ထမ်းဆောင်နေသူပါ။

သူက King Catholic School ရဲ့ အပြင်ဖက်မှာ တာဝန်ထမ်းဆောင်ရတဲ့ ၀န်ထမ်းကြီးဖြစ်ပြီး အဲဒီကျောင်းက ကလေးတွေ လမ်းကူးတဲ့အခါ အန္တရာယ်ကင်းစေဖို့ ဆောင်ရွက်ပေးရသူပါ။

တစ်ရက်မှာတော့ ဘော့ဘ်ဟာ အရှိန်နဲ့မောင်းလာခဲ့တဲ့ ကားတစ်စီးနဲ့ ရင်ဆိုင်ခဲ့ရပြီး အဲဒီကားက လမ်းကူးနေတဲ့ ကလေးနှစ်ယောက်ဆီ တည့်တည့်ကြီး ၀င်လာခဲ့တာပါ။ ဘော့ဘ် က ကလေးတွေကို ကားနဲ့ဝေးရာဆီ တွန်းလွှတ်ခဲ့ပြီး အသက်ဘေးက ကယ်တင်လိုက်နိုင်ပေမယ့် သူကိုယ်တိုင်ကတော့ ကားတိုက်ခံခဲ့ရပြီး အသက်ဆုံးရှုံးသွားခဲ့ရတာပါ။

ကားသမားကိုယ်တိုင်လည်း ဘော့ဘ်ကိုဝင်တိုက်ပြီးနောက် လမ်းဘေးသစ်ပင်ကို တိုက်မိခဲ့ပြီး ဆေးရုံကို ဒဏ်ရာတွေနဲ့ တင်ပို့ခဲ့ရတာပါ။ ကန်ဆက်မြို့ရဲ့ မြို့တော်ဝန် အယ်လ်ဗေးက ဘော့ဘ်ဟာ ကိုယ်ကျိုးစွန့်တဲ့ ကယ်တင်မှုတစ်ခု ပြုလုပ်ခဲ့တာဖြစ်ပြီး မြို့ရဲ့သူရဲကောင်းအဖြစ် သတ်မှတ်ပေးခဲ့တာပါ။

READ
Wifi Password ကြောင့် စကားများရန်ဖြစ်ရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ မောင်နှမနှစ်ယောက်

King Catholic School ကျောင်းကလည်း ကျောင်းသားလေး နှစ်ယောက်ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့ ဘော့ဘ် ကို သူရဲကောင်းတစ်ယောက်အဖြစ် သတ်မှတ်ကြောင်း စာထုတ်ပြန်ခဲ့ပြီး ဘော့ဘ်ရဲ့ အပြုအမူအတွက် အမြဲအမှတ်ရနေမှာဖြစ်ကြောင်း ကြေညာခဲ့တာပါ။

အားကစားနည်းပြဟောင်းကြီးဟာ အလုပ်ကနေ အနားယူပြီးတဲ့နောက် နှစ်အနည်းငယ်အကြာမှာ လမ်းဖြတ်ကူးတဲ့ကလေးငယ်တွေရဲ့ လုံခြုံရေးအတွက် တာဝန်ယူပေးသူအဖြစ် ဆောင်ရွက်ခဲ့တာဖြစ်ပြီး သူ့ရဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်ကို အားလုံးက မှတ်မိနေကြမှာ အမှန်ပါပဲ။

READ
သြစတြေးလျတောမီးကို ကူညီဖို့ (၅)ရက်ဆက် မိုးအကြီးအကျယ်ရွာမယ်တဲ့

Linn

SHARE