အရက်မူးပြီး ကားမောင်းတဲ့မိခင်အကြောင်း ရဲကို ဖုန်းဆက်တိုင်ခဲ့တဲ့ (၁၀)နှစ်သမီးလေး

Glendale Police Department / Facebook

အမေရိကန် အရီဇိုးနားမှာနေထိုင်တဲ့ အသက်(၁၀)နှစ်သာရှိသေးတဲ့ ကောင်မလေးကတော့ မိခင်ရဲ့ မမှန်ကန်တဲ့လုပ်ရပ်ကို တားမြစ်ဖို့ သတ္တိရှိရှိ လုပ်ဆောင်ခဲ့တာကြောင့် သတင်းမီဒီယာတွေထက်မှာ သူမကို သူရဲကောင်းအဖြစ် ဖော်ပြနေကြပါတယ်။ သူမရဲ့ မိခင်ဟာ အရက်မူးပြီး ကားကို ဗရမ်းဗတာ မောင်းနှင်ခဲ့တာပါ။ ဒါကို သက်သေအဖြစ် ဗွီဒီယိုမှတ်တမ်းလည်း သူမက ရယူထားနိုင်ခဲ့ပါတယ်။

သူမရဲ့အမည်ကိုတော့ သတင်းမှ ဖော်ပြမထားဘဲ မိခင်ရဲ့အမည်ကတော့ Stephanie Davis ဖြစ်ပြီး၊ အသက်(၃၁)နှစ်ပါ။ Davis ဟာ သမီးနဲ့ (၄)နှစ်အရွယ် တူမတွေကို အားလပ်ရက်မှာ The Lion King ဇာတ်ကား လိုက်ပြခဲ့တာပါ။ သူမဟာ ဇာတ်ကားလည်းပြီးရော တော်တော်လေး အရက်မူးနေပြီ ဖြစ်ပါတယ်။

ကားကို တရကြမ်းမောင်းနှင်ခဲ့လို့ သမီးဖြစ်သူနဲ့ တူမတွေမှာ ငယ်သံပါအောင် အော်ခဲ့ရပြီး၊ ကားကိုရပ်တန့်ဖို့ တောင်းဆိုခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ ဒီလိုနဲ့ သမီးဖြစ်သူဟာ ရဲကို ဖုန်းဆက်ပြီး လှမ်းတိုင်ပါတော့တယ်။ သူမက “ ကျွန်မ ရဲကို ဖုန်းဆက်ခဲ့တယ် … ကျွန်မက ဒီလို လူမျိုးပါ … အမေက အဆင်မပြေဘူးလေ .. သူမ အရက်မူးပြီး ကားကို မူးကြောင်ရူးကြောင် မောင်းနေတာ ”လို့ ပြောခဲ့ပါတယ်။

READ
ရန်ကုန်မှာသေဆုံးတဲ့ ဗြိတိန်ဆရာအတွက် လုပ်ဖော်ကိုင်ဘက်ဖြစ်သူကို ရဲတပ်ဖွဲ့ရှာဖွေနေ
Glendale Police Department / Facebook

ရဲက Davis ကို ဖမ်းဆီးနိုင်ခဲ့ပြီး၊ သူမဟာ မူးယစ်ဆေးတတ်တဲ့ အရည်ကို သောက်သုံးထားတယ်လို့ သံသယရှိထားကြောင်း၊ မျက်လုံးတွေကလည်း ခပ်ထွေထွေဖြစ်နေပြီး၊ နီကြောင်ကြောင်ဖြစ်နေကြောင်း၊ စကားတွေလည်း ဗလုံးဗထွေးပြောကြောင်း ဆိုပါတယ်။ ကားထဲက ထွက်ထွက်ချင်းမှာပဲ ကိုယ်ကို မဟန်နိုင်ဘဲ လှဲချခဲ့လို့ ရဲတွေက တွဲခေါ်ခဲ့ရပါသတဲ့။

သူမကို ရဲက မူး/မောင်းပြစ်မှုနဲ့ စွဲချက်တင် ဖမ်းဆီးခဲ့ပေမယ့် Davis ကတော့ သမီးကို အပြစ်မမြင်ကြောင်း၊ သမီးရဲ့လုပ်ရပ်က မှန်ကန်ပါတယ်လို့ ပြောပါတယ်။ သူမက “ အခုဟာက ကျွန်မဘဝမှာ ရှက်စရာအကောင်းဆုံး အဖြစ်အပျက်ပါ … အမေတစ်ယောက်နဲ့ မလျှော်တဲ့ ပြစ်မှုလို့ ပြောလို့ရပါတယ် ”လို့ ဆိုပါတယ်။

သူမက ဆက်လက်ပြီး “ သမီးက တကယ့် သူရဲကောင်းပါ … သူမ မှန်ရာကို လုပ်ခဲ့တာပါ … ဒါပေမယ့် ဝိုင်လေးပဲ ကျွန်မ သောက်ခဲ့တာပါ … မှားယွင်းတဲ့ လုပ်ရပ်ဆိုပေမယ့် ဘုရားသခင် ခွင့်လွှတ်နိုင်မယ့် အပြစ်မျိုးပါ … ”လို့ ပြောခဲ့ပါတယ်။ သူမကို ကိုယ်တိုင်ခံဝန်နဲ့ စခန်းက ပြန်လွှတ်ပေးခဲ့ပြီး၊ စက်တင်ဘာ (၂၃)မှာ အမှုချိန်းဆိုထားတယ်လို့ သိရပါတယ်။

READ
ထူးထူးခြားခြား ကျောင်းတစ်ခုတည်းမှာ အတူတက်ကြမယ့် ကလေးမွေးချင်း အမွှာ(၁၃)မွှာ

လင်းသူရိန်

SHARE