ဆိုင်ကယ်ဘီးနဲ့ အိပ်ဇောပိုက်ကြားမှာ ခေါင်းညှပ်ပြီး အိပ်ပျော်တဲ့အထိ အမူးလွန်သူ

ညဘက် ထွက်ကဲပြီး မနက်လင်းလို့ နိုးလာတဲ့အခါ ဆိုင်ကယ်ဘီနဲ့ အိပ်ဇောပိုက်ကြားမှာ ခေါင်းကြီး ညှပ်နေလို့ ကယ်ပါကူပါ ဖြစ်ခဲ့ရတဲ့ အမျိုးသားတစ်ယောက်ရဲ့ အကြောင်းကို ဖော်ပြပေးချင်ပါတယ်။

Newsflare/HTnews

ဗီယက်နမ်နိုင်ငံရဲ့ ရွာတစ်ရွာမှာ လူတစ်ယောက် အခုလိုပဲ ညပ်ပြီး အိပ်ပျော်နေတာကို ရွာသာတွေကို တွေ့ရှိခဲ့ကြပါတယ်။ ရွာသားတွေရဲ့ ၀ိုင်းအုံမှုနဲ့ အသံဗလန်တွေကြောင့် အဲ့ဒီ့အမျိုးသားက နိုးလာခဲ့တယ်။ အဲ့ဒီ့နောက်မှာတော့ သူခေါင်းကို ထုတ်လို့ရအောင် ရွာသားတစ်ယောက်က စတင်ပြီး ကူညီခဲ့တယ်။

Newsflare/HTnews
Newsflare/HTnews

ဒီ ဗီဒီယိုကို ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း Lai Chau စီရင်စုမှာ မေလတုန်းက ရိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒီအမျိုးသားက သူ ဘယ်လိုဖြစ်ပြီး အခုလိုတောင် အိပ်မောကျသွားသလဲဆိုတာ လုံးဝမမှတ်မိဘူးလို ပြောပါတယ်။ အဲ့ဒီည မတိုင်ခင်က သူဟာ မူးနေခဲ့တယ်ဆိုတာတော့ မျက်မြင်တွေက ပြောပြခဲ့ပါတယ်။

READ
Photoshop ကျွမ်းလို့ပုံပြင်ခိုင်းတာကို တမင်တကာ အလွဲတွေပဲလုပ်ပေးခဲ့တဲ့ အမျိုးသား
Newsflare/HTnews

ခေါင်းကြီး ညှပ်ပြီး မျက်လုံးလေး ကလယ်ကလယ် ဖြစ်နေသူနဲ့ ၀ိုင်းဝန်းကူညီနေတဲ့ လူတစ်စုကို ဗီဒီယိုထဲမှာ တွေ့ရမှာပါ။ နောက်ဆုံး အိပ်ဇောပိုက်နဲ့ ဘီးကို မရရအောင် ခွာပြီး အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ကြပါတယ်။ ဘယ်လောက်တောင် သောက်ပြီး အိပ်နေတာလဲ မသိပါဘူး။ ဒါမှ မဟုတ် တစ်ယောက်ယောက်ကပဲ ဆေးထိုးသွားတာလား အခုထိတော့ မသိရသေးပါဘူး။

Source: Daily Mail

Matthew (ShweMOM)
SHARE