လာမည့်ဆယ်နှစ်အတွင်း လကမ္ဘာပေါ်မှာလူတွေနေထိုင်ဖို့ ရွာတည်ဆောက်မည်

ဥရောပအာကာသအေဂျင်စီက လာမည့်ဆယ်နှစ်အတွင်းမှာ လကမ္ဘာပေါ်မှာ လူတွေနေထိုင်နိုင်မယ့် အိမ်တွေကို တည်
ဆောက်သွားမယ့်အကြောင်း ကြေငြာခဲ့ပါတယ်။ လကမ္ဘာပေါ်မှာ တည်ဆောက်မယ့် နေအိမ်တွေဟာ ဘာနဲ့ အလာသဏ္ဍန် တူမလဲဆိုရင် အန္တာတိကကဲ့သို့သော ရေခဲပြင်ဒေသတွေမှာ ဆောက်လေ့ရှိတဲ့ အိမ်ပုံစံမျိုး ဖြစ်လိမ့်မယ်လို့ ဆိုပါတယ်။

လကမ္ဘာပေါ်မှာ အပူချိန် ပြောင်းလဲမှုဟာ -200C အထိ လျှင်မြန်စွာ ပြောင်းလဲနိုင်ပြီး အပူချိန်ကလည်း သာမန်လူတွေ နေထိုင်ဖို့ မဖြစ်နိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ ဒါပေမယ့် သိပ္ပံပညာရှင်တွေက ရာသီဥတုခံနိုင်တဲ့ လကမ္ဘာရွာကို တည်
ဆောက်ဖို့ လကမ္ဘာဆီကပဲ ကုန်ကြမ်းတွေ ပြန်လည်ရယူမှာလို့ ဆိုပါတယ်။

ရေအတွက်လည်း လကမ္ဘာနဲ့ အနီးတစ်ဝိုက်မှာ ရယူထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်နေကြပြီး၊ လကမ္ဘာအနီးမှာ ရေငွေ့တွေ ပါဝင်တဲ့ Asteroid Belt တစ်ခုကို တွေ့ရှိထားတယ်လို့ အတည်ပြုခဲ့ကြပါတယ်။ အာကာသအေဂျင်စီတွေဟာ 2030 ခုနှစ်
မှာ အင်္ဂါဂြိုဟ်ပေါ်မှာ လူတွေနေနိုင်ရမယ်ဆိုပြီး ပစ်မှတ်ထားနေပါတယ်။

READ
ကမ္ဘာအချောဆုံးအမျိုးသမီးဟက်ကာ (၅) ယောက်

2024 ခုနှစ်မှာတောင် အင်္ဂါဂြိုဟ်ပေါ်ကို လူ 100 ကနဦးလွှတ်ဖို့ SpaceX တည်ထောင်သူ Elon Musk နဲ့ ပညာရှင်တွေက
ကြိုးစားနေတယ်လို့ သိရပါတယ်။ ယခု လကမ္ဘာပေါ်မှာ တည်ဆောက်မယ့် Lunar Village ဟာ အဆင်မြင့် နည်းပညာ
တွေနဲ့ တည်ဆောက်မှာမို့ ရာသီဥတု ရုတ်တရက်ပြောင်းလဲခြင်းတွေအတွက် အနှောက်အယှက် မဖြစ်နိုင်ဘူးလို့ ဆိုပါ
တယ်။

နတ်စည်တော် (Shwemom)

source : mirror.co.uk

SHARE