ကျောင်းအုပ်ဆရာကြီးရဲ့ ကိုဗစ်ပညာပေး ဗီဒီယိုဖိုင် အွန်လိုင်းမှာ ရေပန်းစားနေ

Image:youtube/Quentin Lee

ကျောင်းအုပ်ဆရာကြီး တစ်ယောက်ရဲ့ ဗီဒီယိုဖိုင် တစ်ခု အွန်လိုင်းမှာ ရေပန်းစား နေပါတယ်။COVID-19 ပညာပေး လှုံ့ ဆော်မှု တစ်ခု အဖြစ် ဖန်တီးထားတဲ့ ဗီဒီယိုဖိုင်ပါ။ကိုဗစ်ကာလ ကျောင်းတွေ ပြန် ဖွင့် တဲ့ အခါ စည်းမဲ့ ကမ်း မဲ့ မ နေ ကြပဲ သတိ နဲ့နေ ကြ စေဖို့ ရည်ရွယ်ချက်နဲ့ ဖန်တီးခဲ့တာပါ။အမေရိကန် ပြည်ထောင်စု Childersburg အထက် တန်း ကျောင်းရဲ့ ကျောင်း အုပ်ဆရာကြီး Quentin Lee  ရဲ့ ဗီဒီယိုဖိုင် အ ကြောင်းကိုတော့ CNN မှာ ဖော်ပြ ထားတာပါ။

Image:youtube/Quentin Lee

“U Can’t Touch this” ရဲ့ တေးသွား က တော့ နာမည်ကြီး ရက်ပ် ပါ အဆို တော်  MC Hammer  ရဲ့သီချင်း တစ်ပုဒ် က နေ ရယူထားတာပါ။ကျောင်းအုပ်ကြီး Lee က တော့ ပညာပေးလဲ ဖြစ် ပျော်စရာ လည်း ကောင်းတာ မျိုး၊  ကျောင်းသား၊ကျောင်းသူတွေ အ နေနဲ့ အရင် က နဲ့ မတူ တော့တဲ့ စာသင် ခန်း ပတ်ဝန်းကျင် အေ န အထား သစ် မှာ ..

READ
Limited Edition အဖြစ် ထွက်ရှိလာမယ့် (၂၄)ကာရက်ရွှေနဲ့ စီခြယ်ထားတဲ့ PS5 ဂိမ်းစက်
Image:youtube/Quentin Lee
အ ရေးကြီးတဲ့  ဘေးကင်းလုံခြုံမှု အတွက် သတိပြုမိ စေ ဖို့ အတွက် အခုလို ဖန်တီး ခဲ့တာပါ။အွန်လိုင်း ပေါ် မှာ ဘယ်လောက်ထိ နာမည်ကြီးလဲ ဆိုရင်တော့ CNN က နေ ပါ အင်တာဗျူး ခေါ် ရတဲ့ အထိ နာမည်ကြီး ခဲ့တာပါ။

ကြည့်တဲ့ သူတင်ပဲ (၁.၈)သန်း ရှိခဲ့ပါတယ်။Childersburg မြို့ တော်ဝန် က တောင် မှ ဒီဖန်တီးမှု အတွက် ချီးကျူး ခဲ့ပါတယ်။

SHWEMOM

SHARE