နည်းပညာအသစ်အဆန်းတွေနဲ့ ပြုလုပ်ထားတဲ့ နောက်ဆုံးပေါ် ဂွမ်းကပ်စောင်

Simba.Com

စောင်လုတဲ့ကိစ္စတွေကတော့ လင်မယားတွေများများမှာ ဖြစ်တတ်ပါတယ်။ကုတင်တစ်ခုထဲမှာ ဂွမ်းကပ်စောင်အကြီးတစ်ခုကို ခြုံပြီး သင်နဲ့ သင့်ဖော်ကအတူတူအိပ်နေကြတယ် ဆိုပါစို့။ညသန်းခေါင်ယံမှာ အရမ်းချမ်းပြီး သင်ကတစ်ရေးနိုးလာတတ်ပါတယ်။အဲဒီအချိန်မှာ စောင်ကြီးတစ်ခုလုံးကို သင့်အဖော်က မောင်ပိုင်စီးပြီး အကုန်လုံးခြုံထားတတ်ပါတယ်။သင်အခုအချိန်ကစပြီး အဲဒီလိုကိစ္စတွေရှိတော့မှာ မဟုတ်ပါဘူး။အခုအသစ်ပေါ်လာတဲ့ နည်းပညာအသစ်အဆန်းတွေနဲ့ ပြုလုပ်ထားတဲ့ ဂွမ်းကပ်စောင်ကြောင့်ပါပဲ။

ဒီဂွမ်းကပ်စောင်ဟာ သင်အိပ်နေတဲ့အချိန်တောက်လျှောက် သင့်ကိုသေသေချာချာနွေးနွေးထွေးထွေး ခြုံထားပေးမှာပါ။ဒါ့အပြင်အိမ်ထောင်ရေးပုံစံက အေးစက်စက်ဖြစ်နေတဲ့ ဇနီးမောင်နှံတွေကိုလည်း နွေးထွေးစေမှာပါ။

Simba.Com

ဂွမ်းကပ်ဒီဇိုင်းကိုတော့ Simba နည်းပညာကုမ္ပဏီရဲ့ သိပ္ပံပညာရှင်တွေက တီထွင်ထားတာပဲဖြစ်ပါတယ်။ ခုတင်အောက်မှာလည်း ဒလိမ့်တုံးစနစ်ပုံစံပါရှိမှာဖြစ်ပြီး အဲဒီလိုပါဝင်ရခြင်းအကြောင်းကတော့ စောင်ကိုဘေးသို့မကျသွားဘဲ တောက်လျှောက်လည်ပတ်နေတဲ့ ပုံစံကို ဖန်တီးထားတာပဲဖြစ်ပါတယ်။ဒါ့ကြောင် သင်အိပ်နေတဲ့အချိန် ရွေ့လျားသွားတဲ့နေရာပေါ်မူတည်ပြီး စောင်ကလည်း သင့်နဲ့အတူလိုက်ရွေ့လျားနေမှာ ဖြစ်ပြီး ဘေးကိုစောင်မကျသွားအောင် ဒလိမ့်တုံးစနစ်ပုံစံက ထိန်းပေးသွားမှာ ဖြစ်ပါတယ်။

ကုမ္ပဏီဘက်ကလည်း ဒီလိုပုံစံတီထွင်ရခြင်းအကြောင်းက အတွဲတော်တော်များများဟာ ညဘက်အိပ်ချိန်တိုင်း စောင်လုတဲ့ ကိစ္စနဲ့ မကြာခဏစကားများရန်ဖြစ်လေ့ရှိပါတယ်။ဒါကြောင့် အဲဒီလိုကိစ္စတွေမဖြစ်တော့အောင် ဒီလိုပုံစံတီထွင်ထားရခြင်းဖြစ်ကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။

Simba.Com

“ညဘက်ရောက်ရင် အိပ်ခါနီးစောင်လုတဲ့ကိစ္စတွေက ဗြိတိန်က အတွဲတော်တော်များများမှာ ဖြစ်လေ့ရှိတဲ့အကျင့်တစ်ခုပါပဲ။အခုချိန်ကစပြီး အဲဒီလို ရန်ဖြစ်စရာတွေမလိုတော့ပါဘူး။ဒါ့အပြင် အခုလိုဇိမ်ကျကျနဲ့ အိပ်ရတော့ နောက်နေ့မနက်မိုးလင်းရင် စိတ်ကြည်ကြည်လင်လင်နဲ့ အိပ်ရာထနိုင်ပြီး နေ့သစ်တစ်နေ့ကို ကောသ်းမွန်စွာ စတင်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်”ဟု Simba ကုမ္ပဏီရဲ့ CEO Steve Reidက အခုလိုပြောကြားခဲ့ပါတယ်။

 

READ
သင့်ဖုန်းပေါ်ကဒီAppကိုဖျက်ထုတ်လိုက်ရင် ဖုန်းဘက်ထရီ၂၀%ပိုခံလိမ့်မယ်

Pyi Hein Kyaw

SHARE