မကြာခင် ပွဲဦးထွက်လာတော့မယ့် Highup Girls အဖွဲ့ဝင်သုံးယောက်ရဲ့ ပုံရိပ်တွေ ထွက်ပေါ်လာ

ig/@highupgirls_fan

Highup Entertainment ကနေပြီးတော့ မကြာခင် ပရိတ်သတ်ရှေ့ကို ပွဲဦးထွက်လာတော့မယ့် Kpop girl group အသစ်ဖြစ်တဲ့ Highup Girls နဲ့ တရားဝင် မိတ်ဆက်ပေးလိုက်တာပဲ ဖြစ်ပါတယ်။ ဒီသတင်းကို allkpop က ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ Highup Girls ရဲ့ အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ Sieun, Seeun နဲ့ Soomin တို့ရဲ့ profile image တွေကို အကြိုအနေနဲ့ ပရိတ်သတ်တွေကို ချပြပေးခဲ့တာပါ။ အဖွဲ့ဝင်တွေအားလုံးထဲကမှ အဖွဲ့ဝင် Park Si Eun ဟာ ပရိတ်သတ်တွေရဲ့ စိတ်ဝင်စားမှုကို အခံရဆုံး ဖြစ်နေပါတယ်။ နောက်ပြီး သူမဟာ အဆိုတော် Park Nam Jung ရဲ့ သမီးလည်း ဖြစ်ပါတယ်။

 

 

View this post on Instagram

 

Highup girls #박시은 #하이업걸즈 #Highup_girls #New_girl_group #하이업엔터테인먼트

A post shared by HighUp Girls (하이업걸즈) (@highupgirls_fan) on

Park Si Eun ဟာ အဆိုတော်အလုပ်အပြင် သရုပ်ဆောင်အလုပ်ကိုပါ လုပ်ကိုင်နေသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ သူမဟာ ဇာတ်လမ်းတွေ တော်တော်များများမှာလည်း ပါဝင်ထားပြီးတော့ မကြာခင်မှာပဲ Highup Girls အဖွဲ့ဝင်အဖြစ် ပွဲဦးထွက်လာတော့မှာပဲ ဖြစ်ပါတယ်။ သူမကို 2001 ခုနှစ်မှာ မွေးဖွားခဲ့တာပါ။

READ
နိုဝင်ဘာလမှာရုံတင်တော့မယ့် မဲဆိုင်ဂူဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ ထိုင်းရုပ်ရှင်ကား

 

 

View this post on Instagram

 

Highup girls #윤세은 #하이업걸즈 #Highup_girls #New_girl_group #하이업엔터테인먼트

A post shared by HighUp Girls (하이업걸즈) (@highupgirls_fan) on

အဖွဲ့ဝင်မလေး Yoo Seeun ကို 2003 ခုနှစ်မှာ မွေးဖွားခဲ့ပြီးတော့ လက်ရှိမှာတော့ Plan A Entertainment ရဲ့ လေ့ကျင့်မှုအောက်မှာ ပွဲဦးထွက်နိုင်ဖို့ကို ပြင်ဆင်နေပါတယ်။

 

 

View this post on Instagram

 

Highup girls #배수민 #하이업걸즈 #Highup_girls #New_girl_group #하이업엔터테인먼트

A post shared by HighUp Girls (하이업걸즈) (@highupgirls_fan) on

အဖွဲ့ဝင် Bae Soomin ဟာလည်း Paln A Entertainment ရဲ့ လေ့ကျင့်မှုနဲ့အတူ Highup Girls အဖွဲ့နဲ့ ပွဲဦးထွက်ဖို့ကို ကြိုးစားနေသူ တစ်ယောက်ပါ။ သူမကိုတော့ 2001 ခုနှစ်မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်နော်။

READ
ပုံအမိုက်စားလေးတွေ တင်လိုက်ပြန်တဲ့ သင်ဇာဝင့်ကျော်

Khin

SHARE