ပုံထဲက ရည်းစားဟောင်းကို ဖိုတိုရှော့နဲ့ဖျက်ပေးဖို့ အွန်လိုင်းကတစ်ဆင့် အကူအညီတောင်းခဲ့သူ

@TweetGyorgi/Twitter

တွေ့ကြုံဆုံကွဲဆိုသလိုပဲ ကျွန်တော်တို့ဘဝမှာ ရည်းစားပေါင်းများစွာနဲ့ တွဲဖူး၊ ပြတ်ဖူးကြမှာပဲ။ ချစ်သူနဲ့ပြတ်ပြီး သူနဲ့အတူတူတွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကို ဖျက်ရတာလည်း အလုပ်တစ်ခုပါ။ ဒီကြားထဲ ပုံထဲမှာ ကိုယ်ကသိပ်လှနေရင် နှမြောကလည်းနှမြော၊ ရည်းစားဟောင်းမျက်နှာကြီးကလည်းပါနေတော့ မဖျက်ဘဲထားဖို့ကလည်း မသင့်လျော်နဲ့ ဗျာများတတ်ကြမယ်မလား။

ဒီလိုအဖြစ်အပျက်မျိုး အသက် ၂၄ နှစ်အရွယ် အမျိုးသားတစ်ဦးမှာလည်း ဖြစ်သွားခဲ့ပါတယ်။ သူ့နာမည်ကတော့ Callum Tait ဖြစ်ပြီး သူကတော့ ဓာတ်ပုံထဲက ရှုခင်းနဲ့သူ့ပုံလေးကို နှမြောလို့ဆိုပြီး ရည်းစားဟောင်းရဲ့ပုံကို ဖျက်ထုတ်ဖို့ ကြံစည်ပါတော့တယ်။ ဒါနဲ့ပဲ သူ့ရဲ့ Twitter မှာ tweet လုပ်ပြီး ပုံထဲက အရင်ကောင်မလေးပုံကို ဖျက်ထုတ်ပေးကြပါဆိုပြီး ဓာတ်ပုံပြင်ဆရာကြီးတွေကို အကူအညီတောင်းခဲ့ပါတယ်။

ပုံဟာ Grand Canyon မှာ ရိုက်ထားတာဖြစ်ပြီး Callum Tait လိုချင်တာက သူတစ်ယောက်တည်း ရှုခင်းတွေကြည့်နေတဲ့ပုံမျိုးပေမယ့်လို့ ဆရာကြီးတွေလုပ်ချလိုက်တဲ့ပုံကတော့ တကယ်လက်မြှောက်လောက်ပါပေတယ်။ ပုံတွေကို ကြည့်လိုက်ကြပါဦး။

READ
စွတ်ဖားလှည်းကို ကျွမ်းကျင်စွာစီးပြခဲ့တဲ့ သိုးထိန်းခွေးလေးရဲ့ ဗွီဒီယို

 

ရည်းစားဟောင်းကိုဖျက်ပေးပါဆိုမှ သူ့ကိုဖျက်ပစ်လိုက်တယ်အေးရော

@LuvEvertonForum/Twitter

Grand Canyon ကနေ Gotham ကို ရောက်သွားခဲ့ပြီ

@AScf90/Twitter

“Simba..”

@TweetGyorgi/Twitter

ခင်ဗျားချစ်သူကိုဒိုင်နိုဆောစားသွားမယ်ဆိုရင်ရော ရပြီလားဗျတဲ့

@_NineStars_/Twitter
@fishfacejohnny/Twitter

ရှုခင်းကြည့်နေတဲ့တစ်ယောက်တည်းပုံလိုချင်ပါတယ်ဆိုမှ

@JoosyJew/Twitter

တစ်နေ့မှာကိုယ့်ကိုယ်ကိုနဲ့ပါ ပျက်သွားခဲ့မယ်ဆိုရင်ဆိုပြီး ဓာတ်ပုံကြိုပြင်ပေးထားသတဲ့။

@h7s7n7/Twitter

Penny

SHARE