ကမ္ဘာ့လူသန်းကြီး နှစ်ယောက် လေယာဉ်ပေါ်မှာ ဘေးချင်းကပ်ထိုင်ရသောအခါ…..

စကော့တလန်နိုင်ငံဆီ ပျံသန်းတဲ့ လေယာဉ်ပေါ်မှာ ကမ္ဘာ့ ကာယဗလ ချန်ပီယံကြီးနှစ်ယောက်ကို အတူထိုင်ခိုင်းပြီး ရိုက်ထားတဲ့ ဓာတ်ပုံဟာ အင်မတန် ရယ်စရာကောင်းခဲ့ပြီး လူတွေတော်တော် သဘောကျခဲ့ပါတယ်။

ကမ္ဘာ ခွန်အားအကြီးဆုံး လူသားအဖြစ် ၂၀၁၇ မှာ သရဖူ ချီးမြှင့်ခံထားရတဲ့ Eddie Hall ဟာ ယင်းဆု ၄ ကြိမ်တိုင်တိုင် ဆွတ်ခူးဖူးတဲ့ Brain Shaw ရဲ့ ဘေးမှာ ထိုင်ခဲ့ပါတယ်။

instagram

လန်ဒန်မြို့ကနေ စကော့တလန်နိုင်ငံဆီ ပျံသန်းတဲ့ လေယာဉ်ပေါ်မှာ အရပ်အမြင့် ၆ ပေ ၃ လက်မ ရှိတဲ့ Hall က အရပ်မြင့် ၆ ပေ ၇ လက်မ ရှိတဲ့ Shaw ရဲ့ ဘေးမှာ ထိုင်ပြီး ရိုက်လာခဲ့တဲ့ ဓာတ်ပုံကို Instagram မှာ တင်ခဲ့ပါတယ်။

READ
ပါးစပ်က အမှန်အတိုင်း ထုတ်မပြောကြပေမယ့် လူတိုင်းလုပ်ဖူးကြတဲ့ အရာ (၃)မျိုး

ဧရာမ လူထွားကြီး နှစ်ယောက်ဟာ သူတို့ရဲ့ ထိုင်ခုံတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် ထိုင်ရင်း မျက်နှာကြီးတွေက ရှစ်ခေါက်ချိုးဖြစ်နေတာကို တွေ့ရမှာပါ။ Hall ဆို သူ့ရဲ့ ညာဘက်လက်တစ်ဖက်လုံး လျှောက်လမ်းဘက်ထွက်နေခဲ့ပါတယ်။ ဘေးကတစ်ယောက်ကတော့ အသက်အောင့်နေရသလား ထင်မှတ်ရပါတယ်။

လေယာဉ်ပေါ်မှာလည်း ဘယ်သူကမှ ခုံလည်း မပေးချင်ကြဘူးလို့ Hall ကို အွန်လိုင်းပေါ်မှာ ပြောထာတာတွေ့ရပါတယ်။

instagram

ဒုတိယ တစ်ပုံမှာတော့ Shaw တစ်ယောက် အမျိုးသမီးတစ်ယောက်ဘေးမှာ ကပ်ထိုင်ရင်း သူကိုယ်တစ်ခြမ်းက အမျိုးသမီးရဲ့ ထိုင်ခုံဘက်ကို ရောက်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဘေးက အမျိုးသမီးကလည်း နားလည်မှုရှိပြီး ပျော်တတ်တဲ့ သူဖြစ်တာကြောင့်  ဒီလို ဟာသ ဓာတ်ပုံထွက်လာခဲ့တာ ဖြစ်ကြောင်း Shaw က ဆိုပါတယ်။

instagram

နောက် ဓာတ်ပုံ တစ်ပုံကတော့ လူသန်ကြီးနှစ်ယောက် နယူးယောခ့်မြို့ကို ဧပြီ (၂၅) ရက်နေ့မှာ သွားဖို့အတွက် ပြင်ဆင်နေကြရင်း အတူတွဲရိုက်ခဲ့တဲ့ ပုံဖြစ်တယ်။ Hall က ရုပ်ရှင်ရိုက်ဖို့ ကိစ္စတစ်ချို့အတွက် စကော့တလန်နိုင်ငံကို သွားခဲ့ရတာဖြစ်ပြီး Shaw နဲ့လည်း အတူတူ ပုခုံးလေ့ကျင့်ခန်း လုပ်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။

READ
မင်းသားကြီး အာနိုးရဲ့ ဓာတ်ပုံတွေကို ရယ်စရာအဖြစ် ပြန်လည်ဖန်တီးခဲ့ကြသူများ
instagram

Ref: Daily Mail

Matthew (ShweMOM)
SHARE