တစ်ခြားသူတွေ သိပ်မတွေးမိသေးတဲ့ ရယ်မောဖွယ်ရာ အခက်အခဲဖြေရှင်းနည်းများ

တစ်ချို့ကကျတော့ အခက်အခဲတစ်ခုကို ဖြေရှင်းတဲ့အခါမှာ သူများထက် ဉာဏ်ပိုကောင်းကြပါတယ်။ သူတို့ တွေးတဲ့နည်းတွေဟာ ပုံမှန်မဟုတ်လို့ ရယ်စရာတော့ ကောင်းပေမယ့် လက်တလောအခက်အခဲကိုတော့ အကောင်းဆုံး၊ အထိရောက်ဆုံး ဖြေရှင်းနိုင်တဲ့ နည်းတွေပါ။ တစ်ချို့ကတော့ အန္တရာယ် ရှိတယ်ပြောရမှာပါ။ Shwemom ပရိသတ်ကြီးအတွက် သိပ်မတွေးမိသေးတဲ့ ရယ်မောဖွယ်ရာ အခက်အခဲဖြေရှင်းနည်းတွေကို မျှဝေလိုက်ပါတယ်။

(၁) လက်မအားလို့

ကွန်ပျူတာတို့ ရုပ်ရှင်ရုံတို့မှာ လက်မအားတဲ့ အခြေအနေမျိုးမှာ ပြောင်းဖူးတို့ ပေါက်ပေါက်တို့ စားချင်ရင်လွယ်ပါတယ်။ ခေါင်းစွပ်ပါတဲ့ အင်္ကျီကို ရှေ့နောက် ပြောင်းပြန်ဝတ်ပြီး၊ ခေါင်းစွပ်ထဲကို ပြောင်းဖူးလှော်တွေ ထည့်လိုက်ပါ။ လက်နှစ်ဘက်ကလည်း အလုပ်မပျက် လုပ်လို့ရပါတယ်။ တစ်ချို့ ရုပ်ရှင်ရုံထဲမှာ ကောင်မလေးလည်း ပါလာလို့ လက်မအားဘူးဆိုရင်လည်း ဒီနည်းကို သုံးကြည့်ပါ။ ကောင်မလေးကို နေကြာစေ့ခွာကျွေးနေရလို့ လက်မအားခြင်းကိုသာ ဆိုလိုပါသည်။

(၂) ခရီးတွင်အောင်

ကလေးကို အပြင်လည်ခေါ်တဲ့အခါ တော်တော်ဝေးရင် ခြေထောက်တွေ ညောင်းညာကိုက်ခဲ တတ်ပါတယ်။ ဒီအတွက်လျှက်စစ်ဘီးလေးကို မိခင်ဖြစ်သူကလည်း သုံးနိုင်ပါတယ်။ ယာဉ်ကြောမရှုပ်ထွေးတဲ့ နေရာမျိုးမှာသာ ဒီနည်းကို သုံးသင့်ပါ
ကြောင်း။

(၃) လက်ကိုင်ပါမလာလို့ စိတ်ညစ်မနေနဲ့

ကျွန်တော်တို့သာဆိုရင် ဂျုက်တုံးလက်ကိုင် မရှိတော့ဘူးဆိုရင် အသစ်ဝယ်မိမှာပါ။ အသစ်မ၀ယ်ရင်လည်း မုတ်ဆိတ်က ရိတ်ဖြစ်တော့မှာ မဟုတ်။ ဒါပေမယ့် ဒီလူကတော့ နန်းကြိုးလိမ်တဲ့ ပလာယာအချွန်ကို လက်ကိုင်အဖြစ် သုံးလို့ရတဲ့အ
ကြောင်း သက်သေပြထားပါတယ်။

READ
ပြဿနာဖြေရှင်းမှုစွမ်းရည် တော်လွန်းတယ်လို့ ထင်ရသူများ

(၄) လမ်းလျှောက်ရမှာ ပျင်းလို့

တစ်ခါတလေ အပြင်ထွက်ရင်းနဲ့ အမှိုက်ပစ်ဖို့ ကြုံကြိုက်တာမျိုး၊ အမှိုက်ပစ်တဲ့ နေရာအထိ လမ်းလျှောက် မသွားချင်တာမျိုးဆိုရင် ဒီနည်းလမ်းကို သုံးသင့်ပါတယ်။ ဒါပေမယ့် ကိုယ်တိုင်က ယာဉ်မောင်း၊ ကိုယ်တိုင်က အမှိုက်ပုံးကို ထိန်းရမယ်ဆိုရင် အန္တရာယ်ကို ဖိတ်ခေါ်သလို ဖြစ်တတ်ပါကြောင်း။

(၅) အပြင်ထွက်စရာ မလို

အခြားနိုင်ငံတွေမှာတော့ ဆီဆိုင်တို့ ဘာတို့ဟာ များသောအားဖြင့် မိမိအသုံးပြုလိုတဲ့ ပမာဏကို ငွေသိမ်းစက်ထဲ ပိုက်ဆံထည့်ပြီး၊ မိမိဘာသာ ၀န်ဆောင်မှု ပေးရပါတယ်။ တစ်ချို့က ငွေအကြွေကို စက်မှာ တကူးတကသွားထည့်ကြပြီး၊ ကိုယ်တိုင် ကားအပြင်ဘက်ကနေ ဆီဖြည့်ပါတယ်။ ဒီနည်းကလည်း လူတော့ သက်သာစေမယ့်နည်းပါ။ ကြည့်ရတာတော့ ကားနောက်ခန်းမှာ ထိုင်တဲ့လူ ဖြစ်ဖို့ များပါတယ်။

(၆) ကိုင်ထားစရာ မလို

ဖုန်းနဲ့ဗွီဒီယိုတွေ ကြည့်တဲ့အခါ ပတ်လက်အနေအထားနဲ့ ကြည့်ရင် အတော်အဆင်မပြေပါဘူး။ ဒါအပြင် လက်ကနေ မျက်နှာပေါ် ခဏခဏ ပြုတ်ကျတာမျိုး ဖြစ်တတ်ပါတယ်။ ဒီနည်းကတော့ အသုံးမပြုတော့တဲ့ အလှမွေးငါးကန်ကို အကျိုးရှိရှိ အသုံးချလိုက်တာပါ။

READ
ခြံထဲခိုးဝင်ပြီး ရေဆင်းကူးခဲ့ကြတဲ့ ဝက်ဝံလေးနှစ်ကောင်

(၇) ဟန်ချက်ကို ထိန်းပေးဖို့

ရထားနဲ့ ခရီးသွားတဲ့ အခါမျိုးမှာ လူတော်တော်များများက အိပ်မရတာ များပါတယ်။ ဒီနည်းကတော့ ကိုယ့်ပါတဲ့ ဘေးလွယ်အိတ်အရှည်ကို အပေါ်က ချိတ်နဲ့ချိတ်ပြီး၊ လည်ပင်းကနေ သိုင်းထိန်းထားတဲ့ သဘောပါ။ စိတ်ရှိလက်ရှိ အိပ်လို့ရပါတယ်။

(၈) ရေဖိအားသုံး ခုတင်

အောက်မှာ ဖော်ပြထားတာကတော့ ကြည့်ရတာ နေလောင်ခံရင်း ခုတင်က အနည်းငယ်နိမ့်နေတဲ့ သဘောပါဘဲ။ ဒါပေမယ့် သူ့ ဖြေရှင်းပုံကလည်း ထိရောက်ပါတယ်။ အသင့်ဖျော်လာတဲ့ ဖျော်ရည်ဘူးကို အဲဒီနိမ့်နေတဲ့ နေရာလေးကို ခုထားတဲ့ သဘောပါ။ ဒါမှမဟုတ် ခုတင်က အနည်းငယ် ဟန်ချက်ပျက်နေလို့ အခုလို လုပ်တာလည်း ဖြစ်နိုင်ပါတယ်။ သေချာတာကတော့ ကိုယ်အိပ်နေတဲ့အချိန် ဖျော်ရည်ဘူးကို လူအသောက်မခံရတော့ဘူးပေါ့။

(၉) စာဖတ်ရင်း ခွေးကျောင်း

ရုံးသုံးဘီးပါတဲ့ ကုလားထိုင်လေးရှိရုံနဲ့ စာဖတ်ရင်း ခွေးကျောင်းလို့ ရပါတယ်။ ခွေးကိုတော့ နှိပ်စက်ရာကျလို့ ဒီပုံစံနဲ့ သင့်ကိုတွေ့ရင် လူတွေက ဆဲတာမျိုးတော့ ခံရနိုင်ပါတယ်။ နောက်ပြီး ကိုယ်က စာကို သည်းကြီးမည်းကြီး ဖတ်နေတဲ့အချိန် ခွေးက ကားလမ်းတွေပေါ် ဖြတ်ပြေးရင်လည်း စာဖတ်နိုင်တဲ့ဘ၀ကို စွန့်လွှတ်ရဖို့ ရှိပါတယ်။

ညီလင်းထက် (Shwemom)

source : thesun.co.uk

SHARE