ဈေးဝယ်တာကြာနေတဲ့သခင်ကို စိတ်မရှည်တော့လို့ ဟွန်းသံရှည်ဆွဲပြီးခေါ်နေခဲ့တဲ့ ခွေးလေး

သခင်ရဲ့ ပြန်အလာကို စိတ်မရှည်စွာစောင့်ဆိုင်းရင်း ထရပ်ကားဟွန်းကို လက်မလွတ်တမ်းနှိပ်ထားတဲ့ ခွေးတစ်ကောင်ရဲ့ ရယ်စရာဖြစ်ရပ်ကို အခုလို တွေ့ရပါတယ်။ အမေရိကန် အလက်စကာပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဒီအဖြစ်ကိုတော့ အမည်မသိအမျိုးသားတစ်ဦးက အခုလို ဆိုပါတယ်။

viralhog

သူဟာ စတိုးတစ်ဆိုင်မှာထိုင်ရင်း ကော်ဖီသောက်နေတဲ့အချိန် ကားဟွန်းသံတစ်သံကို ကြားလိုက်ရပါတယ်။ (၂) မိနစ်လောက် ကြာတဲ့အထိ ဟွန်းသံက မရပ်သေးတာမို့ ထိုသူက ကားဒရိုင်ဘာနဲ့ထိပ်တိုက်စကားပြောဖို့ဆိုပြီး ထွက်လာခဲ့ပါတယ်။ ထရပ်ကားဆီလည်း ရောက်ရော ဟွန်းတီးနေတဲ့သူက လူတစ်ယောက်မဟုတ်ပဲ ခွေးတစ်ကောင် ဖြစ်နေတာပါ။ ခွေးဟာ ဟန်ကျပန်ကျနဲ့ ယာဉ်မောင်းနေရာမှာ ထိုင်နေပါတယ်။

viralhog
viralhog

လူတစ်ယောက်က သူ့နားရောက်လာပေမယ့် ခွေးက မှင်သေသေနဲ့ ကြည့်လိုက်ပြီး ဟွန်းကို ဆက်နှိပ်ထားတုန်းပါပဲ။ ဒါနဲ့ အဲဒီအမျိုးသားက “ဟေ့ ရပ်စမ်း..” လို့ ခွေးကို အော်နေပေမယ့် ခွေးက ဖြုံပုံတောင် မရပါဘူး။ သူ့ကို လာအော်နေတဲ့သူကို ခပ်တွေတွေကြည့်ပြီး ဟွန်းဖိထားတုန်းပါပဲ။ ဒါနဲ့ အဲဒီအမျိုးသားဟာ ပြတင်းပေါက်တံခါးကို နောက်တစ်ကြိမ်ထပ်ခေါက်လိုက်ပါသေးတယ်။ ခွေးကတော့ ဆက်ပြီး ဂရုမစိုက်မြဲ ဂရုမစိုက်လျက် ဟွန်းဖိထားဆဲပါပဲ။ ဟွန်းသံဟာ ဘယ်လောက်အချိန်ကြာကြာထိ ရှိနေခဲ့လဲဆိုတာတော့ မသိရပါဘူး။  အောက်မှာတော့ ရယ်စရာကောင်းတဲ့ ၄င်းခွေးလေးရဲ့ ဗီဒီယိုဖိုင်လေးကို ဖော်ပြပေးထားပါတယ်။

READ
အံ့သြဖွယ် ဆန်းကြယ်တဲ့ ပုံသဏ္ဍာန်အမျိုးမျိုးကို ပိုင်ဆိုင်ထားကြတဲ့ သစ်သီးဝလံများ

လင်းလင်း (ShweMom)

Ref: Dailymail

SHARE