ဘရားဇီးမှာကျင်းပတဲ့Tattooပွဲတော်က ထွက်ပေါ်လာတဲ့ဓာတ်ပုံများ

ဘရားဇီးနိုင်ငံ São Paulo မြို့တော်မှာ ပြီးခဲ့တဲ့ စနေတနင်္ဂနွေက ကျင်းပခဲ့တဲ့ ခြောက်ကြိမ်မြောက် Tattoo ပွဲတော်မှာ ကမ္ဘာအနှံ့က Tattoo ချစ်သူတွေနဲ့ Tattoo ပညာရှင်တွေ 55000 လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ သုံးရက်
ကြာ ကျင်းပခဲ့တဲ့ အဲဒီပွဲဟာ လက်တင်အမေရိကရဲ့ အလားတူပွဲမျိုးမှာတော့ အကြီးအကျယ်ဆုံး ဖြစ်ခဲ့ပါတယ်။

အဲဒီ Tattoo ပွဲတော်ကနေ ထွက်ပေါ်လာတဲ့ ပုံတွေမှာတော့ Tattoo ထိုးခံနေတဲ့ သူတွေရဲ့ စိတ်မနှစ်သက်ဖွယ် ဓာတ်ပုံ
တွေလည်း ပါဝင်ခဲ့ပြီး အချို့ကတော့ ရင်သားတွေ၊ တင်ပါးတွေပ်ါမှာအထိ အသားအနာခံကာ Tattoo ထိုးခံနေတာကို
လည်း တွေ့မြင်ရပါတယ်။ တစ်ချို့မှာ နာကျင်မှုကို အောင့်အည်းသည်းခံနေပုံရသလို၊ အချို့ကတော့ အသံကုန် အော်ဟစ်နေတဲ့ ပုံတွေကိုလည်း တွေ့ရပါတယ်။

READ
အကုန်အကျ သက်သာအောင် တစ်ရက်တည်း မင်္ဂလာပွဲအတူဆင်နွှဲခဲ့ကြတဲ့ မောင်နှစ်မနှစ်ဦး

ဒီပွဲကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာ့အနှံ့ Tattoo ချစ်သူတွေအချင်းချင်း တွေ့ဆုံနိုင်ရန်၊ Tattoo ပညာရှင် အချင်းချင်း ပညာယူဖလှယ်မှုတွေ ပြုလုပ်နိုင်ရန်၊ Tattoo ယဉ်ကျေးမှု ကမ္ဘာပေါ်မှာ လွှမ်းခြုံစေရန် ရည်ရွယ်တယ်လို့ သိရ
ပါတယ်။

ဒီပွဲမှာ Miss Tattoo Week ဆုပေးပွဲလည်း ပါဝင်ပြီး စံကာတင်အမျိုးသမီး ဆယ်ဦးဟာ မိမိတို့ခန္ဓာကိုယ်ပေါ်မှာ ရေးခြယ်ထားတဲ့ Tattoo အလှအပတွေကို Tattoo ချစ်သူများရှေ့မှာ Catwalk လျှောက်ပြရတာ ဖြစ်ပါတယ်။ ဒီပွဲနဲ့ပတ်သက်လို့
အမြင်ကွဲပြားမှုတွေနဲ့ ဝေဖန်မှုတွေ အသီးသီး ထွက်ပေါ်နေပြီး Tattoo ဆန့်ကျင်သူများအတွက်တော့ အကြီးအကျယ်
စိတ်ပျက်စရာ ဖြစ်စေခဲ့သလို၊ Tattoo ချစ်သူတွေအတွက်တော့ ပညာနဲ့ အသွင်အသစ်အမြင်သစ်တွေကို ဝေမျှနိုင်ခဲ့
တယ်လို့ ဆိုရမှာဖြစ်ပါတယ်။

READ
ကောင်လေးတစ်ဦးရဲ့ ဦးနှောက်ထဲက 4 လက်မအရွယ် သန်ကောင်ကို ခွဲစိတ်ဖယ်ရှားခဲ့ရ

ညီလင်းထက် (Shwemom)

sm

source : thesun.co.uk

SHARE