Lesbian တစ်ယောက်ဖြစ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ဟီလာရီကလင်တန် ငြင်းဆို

Twitter / SBS Pride

အမေရိကန် နိုင်ငံရေးနယ်ပယ်မှာ သြဇာကြီးမားလှတဲ့ First :Lady ဟောင်း ဟီလာရီကလင်တန်က သူမကို lesbian တစ်ယောက်လို့ စွပ်စွဲနေမှုများအပေါ် ငြင်းဆန်လိုက်ပြီး၊ သူမအနေနဲ့ ဘယ်တုန်းကမှ အခြားအမျိုးသမီးတစ်ယောက်ကို မပြစ်မှားခဲ့ဖူးဘူးလို့ ပြောပါတယ်။

ဟီလာရီဟာ ပြီးခဲ့တဲ့အမေရိကန်သမ္မတလောင်း ရွေးကောက်ပွဲတုန်းက ရေပန်းအစားဆုံး ဖြစ်ခဲ့သော်လည်း ဒေါ်နယ်ထရမ့်ကို မကျော်နိုင်ခဲ့ပါဘူး။ ဟီလာရီကို မကြာသေးခင်ကာလအတွင်း lesbian တစ်ယောက်ဖြစ်ကြောင်း စွပ်စွဲခဲ့မှုတွေ ထွက်ပေါ်လာခဲ့ရာ၊ သူမက အတိအလင်း ငြင်းပယ်ခဲ့ပါတယ်။

 

ဒီအကြောင်းကို ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ထုတ်လွှင့်ခဲ့တဲ့ DJ Howard Stern နဲ့ အင်တာဗျူးမှာ သူမက ငြင်းဆိုခဲ့တာပါ။ သူမက “ ရှင်တို့ ဘယ်လိုကောလာဟလတွေပဲ ကြားခဲ့ရ ကြားခဲ့ရ .. ကျွန်မကတော့ အမျိုးသားတွေကိုပဲ သဘောကျပါတယ် … ”လို့ ပြောတော့ Stern က “ ဒါဆို ခင်ဗျားညာဘက်လက်ကို မြှောက်ပြီး (ကျိန်ဆိုခြင်းကို ရည်ညွှန်းဟန်ရှိ) ခင်ဗျား lesbian လို တစ်ခါမှ မနေခဲ့ဖူးဘူးလို့ ပြောရဲလား ”လို့ မေးခဲ့ပါတယ်။

ဟီလာရီက အေးအေးဆေးဆေးပဲ “ တစ်ခါမှကို မတစ်ခါဖူးတာပါ ”လို့ ယတိပြတ် ငြင်းဆိုခဲ့ပါတယ်။ သူမက ဆက်လက်ပြီး “ တစ်ခါမှကို ဒီလိုစိတ် စိတ်မကူးဖူးဘူး … ကျေးဇူးတင်ပါတယ် ”လို့ ပြောခဲ့ပါတယ်။ ဟီလာရီရဲ့ခင်ပွန်း ဘီလ်လင်တန်ဟာ (၁၉၉၃)ခုနှစ်နဲ့ (၂၀၀၁)ခုနှစ်အတွင်းမှာ ကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူပါ။

 

ဘီလ်ကလင်တန်ဟာ သမ္မတသက်တမ်းအတွင်းမှာ အိမ်ထောင်ရေးဖောက်ပြန်မှုတွေအကြောင်း သတင်းစာတွေမှာ မကြာခဏ ခေါင်းစည်းတပ်ခံခဲ့ရသူဖြစ်ပေမယ့်၊ ကလင်တန်အနေနဲ့ ခင်ပွန်းရဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုများအကြောင်း ဘာလို့ မသိကျိုးကျွန်ပြုနေတာလဲဆိုပြီး မကြာခဏ မေးခွန်းထုတ်ခံခဲ့ရပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ ဟီလာရီကလင်တန်ဟာ ခင်ပွန်းရဲ့အိမ်ထောင်ရေးဖောက်ပြန်မှုတွေကို မသိကျိုးကျွန်ပြုနိုင်ရခြင်းရဲ့ အဓိကအချက်က သူမကိုယ်တိုင်က Gay သို့မဟုတ် Lesbian ဖြစ်နေလို့သာ ဒီလိုနေနိုင်တာလို့ ဆိုလာကြကြပါတယ်။ နောက်ထပ် ကောလဟလတွေက သူမရဲ့ဦးနှောက်နဲ့ အမေရိကန်သမ္မတအပေါ် စိုးမိုးခြယ်လှယ်ဖို့ ကတိကဝတ်တွေ ထားခဲ့ကြလို့ အခုလို မသိကျိုးကျွန် ပြုနိုင်တာဆိုတဲ့အချက်ပါ။

ဟီလာရီကတော့ သူမရဲ့ (၄၄)နှစ်ကြာ လက်တွဲဖော် ဘီလ်ကလင်တန်အပေါ် လုံးဝ မေတ္တာမပျက်ဘဲ၊ တကယ့်ကို တည်ကြည်ခန့်ညားသူ၊ ဂရိနတ်ဘုရားနဲ့တောင် တူတယ်လို့ ပြောခဲ့ကြောင်း သတင်းတွေက ဆိုပါတယ်။ ဒါဖြင့်ဘာလို့ လူတွေက Lesbian လို့ ထင်ကြတာလဲလို့ မေးတော့-

သူမက အမျိုးသမီးတွေနဲ့ ခိုင်မာတဲ့ဆက်ဆံရေးကြောင့် ဖြစ်နိုင်တယ်လို့ ကောက်ချက်ချခဲ့ပါတယ်။ သူမက “ ကြည့်ရတာ ကျွန်မတို့ လုပ်သမျှတွေဟာ အများအတွက် သံယယတွေ ဖြစ်စေနိုင်ပါတယ် … ”လို့ ပြောခဲ့ပါတယ်။ ဟီလာရီဟာ အခုဆိုရင် (၇၂)နှစ်ရှိပြီဖြစ်ပြီး၊ လာမယ့်နှစ်ရွေးကောက်ပွဲကို ဝင်မှာမဟုတ်ကြောင်း နီးစပ်တဲ့ သတင်းအသိုင်းအဝိုင်းထံမှ သိရပါတယ်။

လင်းသုတ

SHARE