လုပ်ထုံးလုပ်နည်းတွေကိုမျက်ကွယ်မပြုဖို့ Melania ကို တစ်ဖက်လှည့်နဲ့ Hillary Clinton သတိပေး

Image:IG/Melania & Hillary Clinton

ဒီနှစ်ရဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲက တော့ ဂယက် ပေါင်း များစွာနဲ့ ရင်ဆိုင်နေရပါတယ် ။ရွေးေ ကာက်ပွဲမှာ အရှုံးကို လက်ခံ ဖို့ ငြင်း ဆန် နေတဲ့ ထရမ့် ကြောင့် အသွင်ကူးပြောင်းရေး ကိစ္စ တွေ က မလုပ်နိုင်သေးပဲ နှောင့်နှေးကြန့်ကြာ နေရပါတယ်။ပုံမှန် ဆိုရင် အခု လောက် ဆို ရွေးေ ကာ က်ပွဲ ရလဒ်ကို အတည်ပြု ပြီး သမ္မ တ သစ်၊ သမ္မတ ဟောင်း အကူးအပြောင်း ကိစ္စ တွေ၊သမ္မတ ကေ တာ် အချင်းချင်း လည်း တွေ့ဆုံ ပြီး ကူးပြောင်းရေး တွေ ကို လုပ် နေရမှာပါ။ဒါပေမယ့် မဲလိမ်တ ယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ အတူ အရှုံး ကို လက်ခံ ဖို့ ငြင်းနေတဲ့ ထရမ့် ကြောင့် လက်ရှိ အခြေအ နေက ရှေ့ မတိုးသာ မဆုတ်သာ အ နေ အထားမျိုး ဖြစ် နေပါတယ်။ Hillary Clinton က တော့ အစဉ်အလာ လုပ်ထုံး လုပ်နည်းတွေကို  မျက်ကွက်ပြုနေတဲ့ Melania ကို တစ်ဖက်လှည့် နဲ့ သတိပေး လိုက်ပါတယ်။ဒီအ ကြော င်းကိုတော့ Yahoo မှာဖော်ပြထားပါတယ်။

 

View this post on Instagram

 

A post shared by Hillary Clinton (@hillaryclinton)

Jill Biden ကို ဖိတ်ကြား ပြီး လက်ခံ တွေ့ ဆုံ နေ သင့်တဲ့ အချိန် ရောက် နေပေမယ့်လ ည်း အခုထိ အဆ က်အသွယ် မလုပ် သေးတဲ့ Melania Trump ကို Hillary Clinton က သွယ်ဝိုက် သတိ ပေးတဲ့ အနေနဲ့ သူမရဲ့ အ ကောင့်မှာ Post တင်ခဲ့ပါတယ်။First Lay အချင်းချင်း ကူးပြောင်းရေးမှာ တွေ့ ဆုံ ကြတဲ့ ပုံတွေ ပါ။သူမက First Lady နေရာကို ဆက်ခံ စဉ် တုန်းနဲ့ ပြန်လွှဲ ပြောင်း ပေးခဲ့တဲ့ တုန်း က ပုံတွေပါ။ပထမ ပုံ က တော့ 1989 က နေ  1993 အထိ First Lady တာဝန်ကို ထမ်းဆောင် ခဲ့တဲ့ Barbara Bush နဲ့ သူမ တို့ အိမ်ဖြူတော်မှာ တွေ့ ဆုံ တဲ့ ပုံပါ။နောက်ထပ်ပုံက တော့ သက်တမ်း ကုန်လို့ နောက်တက်လာမယ့် Laura Bush နဲ့ ရင်းရင်းနှီးနှီး တွေ့ ဆုံ ခဲ့တုန်းက ပုံပါ။ Clinton က တော့ Caption နေရာမှာ..“Barbara က ၁၉၉၂ နိုဝင်ဘာမှာ ကျွန်မကို ကြိုဆို ခဲ့တယ်။ကျွန်မက ၂၀၀၀ ဒီဇင်ဘာမှာ Laura ကို ကြို ဆို ခဲ့တယ်.” ဆိုပြီး ရေး ထားပါတယ်။

 

View this post on Instagram

 

A post shared by First Lady Melania Trump (@flotus)

ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ရွေးကောက်ခံ သမ္မတ ရဲ့ဇ နီးနဲ့ လက်ရှိ သမ္မတရဲ့ ဇနီးတို့ တွေ့ ဆုံ ကြတာဟာ အစဉ်အလာ လုပ် ထုံး လုပ်နည်း တစ်ခုပါ။ Melania Trump အလှည့်မှာတော့ အခုထိ Jill Biden ကို ဆက်သွယ် တာ မျိုး အခုထိ မရှိသေးပါဘူး။ထရမ့် (၂၀၁၆) ရွေးကောက်ပွဲမှာ နိုင်ခဲ့တုန်းက Melania ကို Michelle Obama က အိမ်ဖြူတော်ကို ဖိတ်ခေါ်ပြီး လက်ခံ တွေ့ ဆုံခဲ့ကာ အိမ်ဖြူ တော်ကို လှည့်ပတ် ပြခဲ့ပါတယ်။ရှေ့မှာ ဘယ်လို လုပ်ထုံးလုပ်နည်းတွေပဲ ရှိခဲ့ရှိခဲ့ အခုထိ Melania Trump က တော့ Jill နဲ့ ဆက်သွယ် ဖို့ အရိပ် အယောင် တောင် မရှိသေးပါဘူး။

 

View this post on Instagram

 

A post shared by Hillary Clinton (@hillaryclinton)

Hillary Clinton တစ်ယောက်တည်းပဲ Melania ကို သတိပေးနေတာ တော့ မဟုတ်ပါဘူး။ အရင် သမ္မတ ဟောင်း George W. Bush ရဲ့ သမီး Jenna Bush Hager ကလည်း (၂၀၀၈)က သမ္မတ ကူးပြောင်း ကာလ တုန်းက ပုံ ကို သူမ အကောင့်မှာ တင်ထားပါတယ်။ အိုဘားမားရဲ့ သမီး Malia နဲ့  Sasha  တို့ကို အိမ်ြ ဖူတော်ကို ဖိတ်ခေါ် ကြိုဆိုပြီး လှည့်ပတ် ပြ နေတဲ့ ပုံပါ။

 

View this post on Instagram

 

A post shared by Jenna Bush Hager (@jennabhager)

#SHWEMOM

SHARE