ကိုယ်စား ရန်ဖြစ်ပေးမယ့်သူကို ငှားရမ်းနိုင်မယ့် အွန်လိုင်းပေါ်က နေရာတစ်နေရာ

တကယ်လို့ စာဖတ်သူဟာ ကိုယ်ကိုတိုင်က ရန်မဖြစ်ချင်ဘူး၊ ဒါပေမယ့် ကိုယ်စား ရန်ဖြစ်ပေးမယ့်သူတစ်ယောက်လိုချင်တယ်ဆိုရင်တော့ တရုတ်နိုင်ငံက ၀က်ဆိုက်ဒ်တစ်ခုဖြစ်တဲ့ Tabao ဟာ အကောင်းဆုံးနေရာတစ်ခုပါ။ ခေါင်းမာတဲ့ လုပ်ဖော်ကိုင်ဖက်နဲ့ အချင်းများရတာ၊ မိသားစုဝင်တွေ သို့မဟုတ် သူငယ်ချင်းတွေနဲ့ ကြုံတွေ့ရတဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာကိစ္စတွေကို ဖြေရှင်းချင်တယ်ဆိုရင်တော့ Tabao က ကူညီပေးဖို့ အသင့်ဖြစ်နေပါပြီ။

Shutterstock

စဉ်းစားကြည့်မယ်ဆိုရင်တော့ လူစားထိုးရန်ဖြစ်တာဟာ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းအင်တွေကို မဆုံးရှုံးစေတဲ့အတွက် ကောင်းတယ်လို့ ဆိုရမလိုပါ။ ကိုယ်စားရန်ဖြစ်ပေးတဲ့သူဟာ ဖုန်းကတဆင့်ဖြစ်စေ၊ WeChat ကတဆင့်ဖြစ်စေ တစ်ဖက်လူကို ရန်တွေ့ပေးသွားမှာ ဖြစ်ပါတယ်။ ကျသင့်ငွေကတော့ (၅) ယွမ်ကနေ ယွမ်(၂၀) အထိ ရှိနိုင်ပါတယ်။ တကယ်လို့ ကိုယ့်မှာသာ ပိုက်ဆံရှိရင် ကိုယ်မကျေနပ်တဲ့သူကို တစ်နေ့လုံး ဖုန်းတွေခေါ်၊ စာတွေပို့တာလုပ်ပြီး နှိပ်စက်တာကို ကိုယ်စားလူက လုပ်ကိုင်ပေးပါလိမ့်မယ်။

READ
သေနတ်၊မူးယစ်ဆေးနှင့်ကားတိုက်မှုကြောင့် အမေရိကန်မှာလူငယ်များသေဆုံးမှုမြင့်တက်
Photo: Red Star News

သင်ဟာ ၀န်ဆောင်မှုငှားရမ်းလိုက်တဲ့အခါ သင့်ကိုယ်စားရန်ဖြစ်ပေးမယ့်သူက မေးပါလိမ့်မယ်။ ဘယ်လို အငြင်းအခုန်မျိုးကို လိုချင်တာလဲ။ ဘာအကြောင်းအရာနဲ့ ပတ်သက်ပြီးတော့လဲ။ ဘယ်လိုစကားမျိုးတွေကို သုံးစေချင်လဲ။ အချိန်ဘယ်လောက်ကြာကြာ ငြင်းခုန်ပေးရမှာလဲ။ စသဖြင့်ပါ။ ၀န်ဆောင်မှုအပေါ်မှာ နှစ်ဖက်စလုံးက စိတ်တိုင်းကျ ဆွေးနွေးပြီးလို့ အဆင်ပြေတဲ့အခါ WeChat သို့မဟုတ် QQ ကို သုံးပြီး အခကြေးငွေပေးချေနိုင်မှာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံမှာတော့ တစ်ဖက်သားကို အနှောင့်အယှက်ပေးခြင်းဟာ ရာဇ၀တ်မှုမြောက်တာကြောင့် လက်တွေ့မှာ ကိုယ်မကျေနပ်တာကို သူများဆီ ဖုန်းနဲ့ဖြစ်စေ ၊ စာနဲ့ဖြစ်စေ ပြောဆိုရန့်တုံ့ပြန်ဖို့ ဘယ်သူမှ ထိပ်တိုက်မလုပ်ရဲကြပါဘူး။ ဒါပေမယ့်လည်း အခုလို ကိုယ်စားရန်ဖြစ်ပေးတဲ့ ၀န်ဆောင်မှုအနေနဲ့ အချိန်အတိုင်းအတာ ဘယ်လောက်ကြာကြာခံမယ်ဆိုတာ သေချာမသိရပါဘူး။ ဒီဝန်ဆောင်မှုထဲမှာတော့ ဥပဒေအရရော၊ ကိုယ်ကျင့်ရေးရာအရပါ ပြန်လည်သုံးသပ်မှုတွေ အများကြီးလိုအပ်နေသေးကြောင်းလည်း သိရပါတယ်။

Photo: Red Star News

လင်းလင်း (ShweMom)

Ref: radiichina, asiaone

SHARE