ဝန်ထမ်းတွေကို တစ်နှစ်တာအတွက် အနားယူခွင့် (၃) လပေးနေတဲ့ သြစတေးလျကုမ္ပဏီ

ကုမ္ပဏီဝန်ထမ်းအများစုဟာ တစ်နှစ်တာလုံးမှာ ခွင့်ရက်(၁၄)ရက်နီးနီးသာ ခံစားခွင့်ရရှိကြပါတယ်။ ဒါပေမယ့် အခုဖော်ပြမယ့် ကုမ္ပဏီကတော့ သူ့ကုမ္ပဏီမှာလုပ်နေတဲ့ ၀န်ထမ်းတွေကို တစ်နှစ်တာအတွက် ခွင့်တွေကို ခွင့်ရက်(၁၂) ပတ်နဲ့အထက် ခံစားခွင့်ပေးတယ်လို့ သိရပါတယ်။ ကုမ္ပဏီကတော့ ဒီခွင့်ရက်ရှည်တွေကို ရှင်သန်ခြင်းခွင့်ရက်လို့ ခေါ်ကြပါတယ်။ ခွင့်ဟာ (၁၂)ပတ်ဖြစ်တာကြောင့် တစ်နှစ်လုံးမှာ (၃) လတာ အနားယူခွင့်ရမှာ ဖြစ်ပါတယ်။

BTI Consulting

Business Insider ရဲ့ ဖော်ပြချက်အရ ၄င်းကုမ္ပဏီဟာ သြစတေးလျစာရင်းကိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီး Ernst & Young ကုမ္ပဏီလို့ သိရပါတယ်။ ကုမ္ပဏီဝန်ထမ်းတွေအနေနဲ့ ခွင့်(၃) လတာကို ခရီးသွားချင်လည်း သွား၊ အချိန်ပိုင်းအလုပ်လုပ်ချင်လည်း လုပ်နိုင်တဲ့အပြင် ကြိုက်သလို အနားယူခွင့်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုရှိတာက ခွင့်ယူတုန်းမှာ လုပ်ခလစာ ရရှိမှာတော့ မဟုတ်ပါဘူး။

READ
သွေးလုံးဝနီးပါးမပါတဲ့ ခန္ဓာကိုယ်နဲ့ မွေးဖွားလာခဲ့တဲ့ ကောင်မလေး

ဒါ့အပြင် ကုမ္ပဏီဟာ လပိုင်းအလိုက် အလုပ်လုပ်တဲ့ ၀န်ထမ်းနဲ့ ယာယီဝန်ထမ်းတွေကို ခေါ်ယူဖို့ ပေါ်လစီချမှတ်ပြီးပြီလို့ သိရပါတယ်။ ပေါ်လစီကတော့ (၂၀၁၉) ခုနှစ် ဧပြီလကနေစပြီး အကျိုးသက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။ ၄င်းပေါ်လစီကို အကောင်အထည်ဖော်တဲ့ အချိန်ရောက်ရင် ၀န်ထမ်းတွေဟာ ကုမ္ပဏီမှာ အချိန်ပိုင်းအနေနဲ့လည်း အလုပ်လုပ်နိုင်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကျောင်းသားကျောင်းသူတွေအနေနဲ့ ကျောင်းတက်နေချိန်မှာ အလုပ်ကို အချိန်ပြည့်ဝန်ထမ်းအဖြစ် လုပ်နိုင်မှာ ဖြစ်ပြီး ကျောင်းပိတ်တဲ့အခါကျရင် အလုပ်ကနေ ခွင့်ယူပြီး အနားယူနိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။

The independent

ကုမ္ပဏီအနေနဲ့ အခုလို အစီအစဉ်ကို ဖော်ဆောင်ရခြင်းဟာ ၀န်ထမ်းတွေကို မဆုံးရှုံးချင်လို့ ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိတဲ့သူတစ်ဦးက ရှင်းပြပါတယ်။ ၀န်ထမ်းတွေဟာ အလုပ်ချည်းပဲ ဖိလုပ်နေတာမျိုးကို မလိုလားပဲ အလုပ်ချိန်ပြင်ပမှာလည်း ကိုယ်ဝါသနာပါရာကို လုပ်နိုင်ခွင့်ရှိအောင်၊ သင်တန်းတွေတက်ချင်လည်း တက်လို့ရအောင်၊ အခြားစေတနာ့လုပ်အားပေးအဖွဲ့တွေမှာ ပါဝင်ချင်လည်း ပါဝင်ခွင့်ရအောင် ကုမ္ပဏီက ရည်ရွယ်ကြောင်း ပြောပြခဲ့ပါတယ်။

လင်းလင်း (ShweMom)

READ
အိမ်ရိုက်သံ (၆၀၀)ကျော်ကို ဗိုက်ထဲမြိုချခဲ့သူ

Ref: worldofbuzz, businessinsider

SHARE