လက်ပွားမင်းသား Hrithik Roshan ကို ကြိုက်လွန်းသူ ဇနီးကို သ၀န်တိုကာ သတ်ခဲ့တဲ့ အမျိုးသား

Twitter/Dineshwar Budhidat_Twitter/Hrithik Roshan

အမေရိကန်နိုင်ငံမှာ အသက်(၃၃)နှစ်အရွယ်ခင်ပွန်းက ချောမောလှတဲ့ အသက်(၂၇)နှစ်အရွယ် ဇနီးကို လက်ပွားမင်းသားလို့ လူသိများတဲ့ ဘောလိဝုဒ်မင်းသား Hrithik Roshan ကို ကြိုက်ရကောင်းလားဆိုပြီး မနာလိုဖြစ်ကာ ဓားနဲ့ထိုးသတ်ခဲ့ပါတယ်။ သူ့အမျိုးသမီးကို သတ်ပြီး သူ့ကိုယ်တိုင်ကလည်း သစ်ပင်မှာ ကြိုးဆွဲချသေဆုံးသွားခဲ့တာဖြစ်တယ်လို့ နယူးယောက်စ်ပို့စ်သတင်းစာမှာ ဖော်ပြထားပါတယ်။

အမျိုးသားအမည်ကတော့ Dineshwar Budhidat ဖြစ်ပါတယ်။ သူ့ အမျိုးသမီး Donne Dojoy ဟာ မင်းသားHrithik ရဲ့ ဖန်အကြီးစားဖြစ်တဲ့အပေါ် အပြင်းအထန်ကို မနာလိုဖြစ်ခဲ့တာပါ။ ဒီကိစ္စအတွက်နဲ့သူတို့ လင်မယား မကြာခဏလည်း ရန်ဖြစ်ခဲ့ရပါတယ်။  ကောင်မလေးကလည်း Hrithik ရဲ့ဇာတ်ကားတွေဆို မလွတ်တမ်းကြည့်တတ်ပြီးတော့ ကြည့်တဲ့အချိန်တိုင်းလည်း သ၀န်တွေတို၊ တီဗွီတွေ ပိတ်ပစ်ပြီး ပြဿနာတွေရှာတော့တာပါ။ နောက်ဆုံး ကိုယ်ထိလက်ရောက် ရိုက်နှက်တဲ့အထိပါပဲ။ ကောင်မလေးကတော့ ချစ်တဲ့စိတ်နဲ့သီးခံခဲ့ပါတယ်။

Twitter/Hrithik Roshan

Budhidat က ဇနီးဖြစ်သူကို အရူးအမူးချစ်သူဖြစ်ပေမယ့် ကောင်မလေးဟာ ဘားမှာ အလုပ်လုပ်တဲ့သူဖြစ်တာကြောင့် အမြဲတမ်းသံသယတွေနဲ့ ကြည့်နေတတ်သူပါ။ ရုပ်ရည်ချောမောပြီး ငွေလည်းရှာနိုင်တဲ့ဇနီးအပေါ် အရမ်းချုပ်ချယ်ကာ အမြဲလိုလို သ၀န်တို ပြဿနာရှာပြီး ခနခန အကြမ်းဖက်တယ်လို့ Dojoyရဲ့သူငယ်ချင်းဖြစ်သူက ပြောပါတယ်။

သူတို့နှစ်ဦးဟာ (၂၀၁၉)ဇူလိုင်လက လက်ထပ်ခဲ့ကြပြီး တစ်လအတွင်းမှာပဲ Budhidat ဟာ ကောင်မလေးကို ကိုယ်ထိလက်ရောက်ရိုက်နှက်မှုတွေကြောင့်  သြဂုတ်လမှာ Budhidat ကို တရားရုံးကနေ Dojoy အနားမချည်းကပ်ရ အမိန့်ထုတ်ခဲ့တာဖြစ်ပါတယ်။

ကောင်မလေးက အတူနေနေတဲ့ တိုက်ခန်းကနေပြောင်းသွားခဲ့ပြီးနောက်  Budhidatက သူအားလုံးကို နားလည်ပေးပါမယ်ဆိုပြီး ရုပ်ရှင်အတူကြည့်ဖို့ တိုက်ခန်းကိုခေါ်တဲ့အခါ Dojoy က ယုံကြည်ပြီး သွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ညနေခင်းလောက်မှာတော့ ကောင်မလေးရဲ့ညီမဆီ Budhidatက နင့်အမကို အိမ်ထဲမှာ ငါသတ်လိုက်ပြီ၊ တိုက်ခန်းတံခါးသော့ ပန်းအိုးအောက်မှာ ရှိတယ်ဆိုပြီး မက်ဆေ့ပို့ခဲ့ကာ၊ သူကိုယိတိုင်လည်း အနီးအနားရှိကွင်းပြင်ကတစ်ပြင်တစ်ပင်မှာ ကြိုးဆွဲချသေခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်ရပ်အတွက် ကောင်မလေး မိသားစုတွေက အင်မတန်ဝမ်းနည်းကြေကွဲနေကြပြီး ၊ ငယ်ရွယ်ချောမောပြီး ထက်မြက်တဲ့ Dojoyရဲ့သေဆုံးမှုအတွက် နှမြောမဆုံးဖြစ်နေကြပါတယ်။ သရဲဘောကြောင်ပြီး၊ စိတ်ထားသေးသိမ်တဲ့ Budhidat ကိုလည်း ခွင့်မလွှတ်နိုင် ဖြစ်နေခဲ့ကြပါတယ်။

Khaing Sandar

SHARE