၁၉၆၀ ပြည့်နှစ်တွေက ခေတ်မီလွတ်လပ်တဲ့ အာဖဂနစ္စတန်နိုင်ငံရဲ့ သမိုင်းဝင် ပုံရိပ်များ

yazaratakanbuyukdag/facebook

ဒီနေ့ခေတ်မှာအာဖဂန်နစ္စတန်လို့ပြောရင် တာလီဘန်တွေရဲ့ထိန်းချုပ်မှုအောက်မှာစစ်ပွဲတွေကြောင့် မွမွကြေနေတဲ့နိုင်ငံကိုပဲပြေးမြင်ယောင်မိကြမှာပါ။ဒါပေမယ့် အာဖဂန်နစ္စတန်ဟာလည်းတစ်ချိန်တုန်းကငြိမ်းချမ်းပျော်ရွှင်ဖွယ်ကောင်းတဲ့နိုင်ငံလေးတစ်ခု ဖြစ်ခဲ့ပါတယ်။ တက္ကသိုလ်ပါမောက္ခ ဒေါက်တာဘေလ်ပေါ့(ဒ်)လစ်(ခ်ျ)က ဇနီးသည် မာဂရက်ရယ်၊ ဆယ်ကျော်သက် သမီးလေးနှစ်ယောက်ဖြစ်တဲ့ ဂျန် ၊ ပါ့ဂ်ျ တို့နဲ့အတူ ဒီလို ငြိမ်းချမ်းပျော်ရွှင်ဖွယ်ကောင်းတဲ့ ၁၉၆၇ ပြည့်နှစ်က အာဖဂနစ္စတန်နိုင်ငံရဲ့ပုံရိပ်တွေကို ဓာတ်ပုံရိုက်ပြီး မှတ်တမ်းတင်ထားခဲ့ပါတယ်။ဒေါက်တာဘေလ်ပေါ့(ဒ်)လစ်(ချ)ဟာ ကဘူး(လ်)မြို့ ဆရာဖြစ်ကောလိပ်မှာ ပညာရေးဆိုင်ရာကျွမ်းကျင်သူအဖြစ် ပြောင်းရွှေ့ခဲ့ရပြီး တစ်ဖက်မှာစာလည်းသင်ရင်း သူ့ရဲ့ဖလင်ကင်မရာလေးနဲ့ ၁၉၆၀ ပြည့်နှစ်ကအာဖဂန်နစ္စတန်ကိုဓာတ်ပုံရိုက်ယူထားခဲ့တာပဲ ဖြစ်ပါတယ်။

ပန်းခြံထဲကခေတ်မီတဲ့အမျိုးသမီးငယ်များ

yazaratakanbuyukdag/facebook

လွတ်လပ်စွာ ၀တ်ဆင်မှုနဲ့ စာသင်ခန်းကအမျိုးသမီးငယ်များ

yazaratakanbuyukdag/facebook

ပြုံးပျော်နေတဲ့ အာဖဂန်လူငယ်များ

yazaratakanbuyukdag/facebook

အနောက်တိုင်းပုံစံလွှမ်းမိုးတဲ့ အာဖဂန်စာသင်ခန်း

yazaratakanbuyukdag/facebook

တူညီဝတ်စုံနဲ့ အာဖဂန်ကကျောင်းသူတွေ

yazaratakanbuyukdag/facebook

ဒေါက်တာမှတ်တမ်းတင်ထားတဲ့ ဓာတ်ပုံတွေထဲမှာစာသင်ခန်းထဲကပြုံးပျော်နေတဲ့ မိန်းမပျို၊ ယောင်္ကျားပျိုလေးတွေ၊ စကတ်တိုဝတ်ပြီးသွားလာနေတဲ့ အမျိုးသမီးတွေ၊ လမ်းမပေါ်မှာပျော်ရွှင်စွာကစားနေကြတဲ့ ကလေးတွေ၊ မိသားစုတွေစသည်ဖြင့် အနောက်တိုင်းနေထိုင်မှုပုံစံလွှမ်းမိုးတဲ့ လွတ်လပ်တဲ့နိုင်ငံအဖြစ် အာဖဂန်ကိုတွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ဆယ်စုနှစ်တစ်စုကုန်လွန်ပြီးဒီနေ့ခေတ်မှာတော့ အရာရာအားလုံးပြောင်းလဲသွားတာက ၀မ်းနည်းစရာပါပဲ။ ခုချိန်မှာတော့ အာဖဂန်ဟာ ကျူးကျော်ဝင်ရောက်မှုတွေကြောင့် နေရာအနှံမှာစစ်ပွဲတွေနဲ့ တာလီဘန်တွေရဲ့စည်းမျဉ်းနဲ့ အုပ်ချုပ်တဲ့နိုင်ငံတစ်ခု ဖြစ်နေပါပြီ။

READ
ဒုတိယကမ္ဘာစစ်အတွင်း Bulge တိုက်ပွဲမှ အရောင်သွင်းပြီးမှတ်တမ်းဓာတ်ပုံများ

ကျေးလက်စာသင်ကျောင်းတစ်ခု

yazaratakanbuyukdag/facebook

၁၉၆၀ က ဘတ်စ်ကားအတွင်းပိုင်းနဲ့ လူတွေရဲ့ဝတ်စားဆင်ယင်မှု 

yazaratakanbuyukdag/facebook

အာဖဂန်ဈေးထဲက ခေတ်မီတဲ့မိန်းမပျို

yazaratakanbuyukdag/facebook

အေးချမ်းတဲ့ အာဖဂန်မြင်ကွင်း

yazaratakanbuyukdag/facebook

အာဖဂန်က ရိုးရာမုန့်သည်တဦး

yazaratakanbuyukdag/facebook

အေးချမ်းပျော်ရွှင်နေတဲ့ အာဖဂန်လူငယ်များ

yazaratakanbuyukdag/facebook

ကျား၊မတန်းတူပညာသင်ကြားခွင့်ကိုထင်ဟပ်နေတဲ့ အာဖဂန်ကစာသင်ကျောင်း

yazaratakanbuyukdag/facebook

သန်ရှင်းခေတ်မီတဲ့ အဆောက်အဦနဲ့ ခေတ်မှီမော်တော်ယာဉ်တွေ

yazaratakanbuyukdag/facebook

 

“ကျွန်မအဖေရဲ့ဓာတ်ပုံတွေကို ကြည့်မိတော့ အာဖဂန်နစ္စတန်ကို နှစ်ပေါင်းထောင်ချီတဲ့သမိုင်းနဲ့ ယဉ်ကျေးမှုတွေရှိတဲ့နိုင်ငံအဖြစ် အမှတ်ရမိတယ်”လို့ ဒေါက်တာဘေလ်ပေါ့(ဒ်)လစ်(ချ)ရဲ့သမီးဖြစ်သူ ပါ့(ခ်ျ)က ဒန်ဗာပို့စ်ကို ပြောပြခဲ့ပါတယ်။ ပါ့(ခ်ျ)ဟာကဘူး(လ်)မြို့က အမေရိကန်နိုင်ငံတကာကျောင်းမှာတက်ရောက်ခဲ့ပါတယ်။ ပါ့(ခ်ျ)က “နှစ်ပေါင်း (၄၀)ကြာအောင် အာဖဂန်မှာဖြစ်ပေါ်နေတဲ့စစ်ပွဲတွေနဲ့ စစ်ဒဏ်ကိုအကြီးအကျယ်ခံစားနေရတာတွေ မြင်ရကြားရတာဟာ မနှစ်မြို့စရာပါပဲ။ ရက်စက်တဲ့စစ်ဒဏ်ကြောင့် ပျော်ရွှင်မှုကိုခုံမင်တဲ့လူတွေ ပျောက်ဆုံးသွားခဲ့ပါပြီ။ ခုတော့ ပျော်ရွှင်မှုဟာဓာတ်ပုံတွေထဲမှာပဲရှင်သန်နေပါတော့တယ်”တဲ့။

KYM

Ref : Boredpanda

 

SHARE