ကမ္ဘာကြီးရဲ့လျှို့ဝှက်ချက်တွေကိုဖော်ထုတ်ပေးခဲ့တဲ့ လိင်တူချစ်စိတ်နဲ့သိပ္ပံပညာရှင်များ

Sally_Ride_in_1984/Wiki, Florence_Nightingale_(H_Hering_NPG_x82368)/Wiki, Somer_Francis_Bacon/Wiki

LGBT Pride Month လို့ သတ်မှတ်ထားတဲ့ ဇွန်လကုန်ခါနီးလေးဆိုတော့ ကမ္ဘကြီးကို လျှို့ဝှက်ချက်တွေအဖြေရှာရင်း အကျိုးပြုသွားခဲ့ကြတဲ့ သမိုင်းဝင် လိင်စိတ်တိမ်းညွန့် သိပ္ပံပညာရှင်တွေအကြောင်း ဗဟုသုတအနေနဲ့ Curiosity မှ ကောက်နုတ် ဖော်ပြပေးသွားချင်ပါတယ်။

Sally Ride (၁၉၅၁-၂၀၁၂)

Sally_Ride_in_1984/Wiki

ကမ္ဘာမြေဆွဲအားရဲ့ အပြင်ဖက်ကို ပထမဆုံးရောက်ဖူးခဲ့တဲ့ အမျိုးသမီးဟာ Sally Ride ပါ။ ၁၉၈၃ ခုနှစ် ဇွန်လ ၁၈ ရက်နေ့မှာ Sally Ride ဟာ နာဆာမှတစ်ဆင့် Challenger ဆိုတဲ့ အာကာသယာဉ်ပေါ်လိုက်သွားခဲ့ဖူးပါတယ်။ အဲဒီကပြန်လာပြီးမျာတော့ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ အာကာသဌာနမှာ ဒါရိုက်တာအဖြစ် ထမ်းဆောင်ခဲ့ပြီး ကလေးတွေနဲ့သိပ္ပံပညာကို မိတ်ဆက်ပေးဖို့အတွက် အမြတ်ကြေးငွေမယူတဲ့ Sally Ride Science ဆိုတဲ့ ပရဟိတအဖွဲ့အစည်းကို ၂၀၀၁ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။ Sally ရဲ့ အရည်အချင်းရှိပုံတွေကိုတော့ ထင်ထင်ရှားရှားဖော်ပြခံရပေမယ့်လို့ Tam O’Shaughnessy ဆိုတဲ့ အမျိုးသမီးနဲ့ချစ်ကျွမ်းဝင်နေတဲ့ အကြောင်းကိုတော့ လူတွေသိပ်မသိခဲ့ကြပါဘူး။ လူသိပ်မသိဘူးဆိုပေမယ့်လည်း Sally နဲ့ Tam တို့ဟာ ပုန်းလျှိုးကွယ်လျှိုးမဟုတ်ဘဲ ပေါ်ပေါ်တင်တင်တွဲခဲ့ကြတာပါ။

Florence Nightingale (၁၈၂၀- ၁၉၁၀)

Florence_Nightingale_(H_Hering_NPG_x82368)/Wiki

ဂရုဏာရှင်သူနာပြုမလေး Florence Nightingale ဟာ လိင်စိတ်တိမ်းညွန့်တတ်သူဖြစ်တယ်ဆိုပြီး ၂၀၀၈ ခုနှစ်လောက်ကနေစကာ သို့လောသို့လောတွေ ထွက်လာခဲ့ပါတယ်။ သူမဘဝမှာ ရိုးရိုးသသားသားချစ်ခြင်းထက်ပိုတဲ့ မေတ္တာတွေနဲ့ ပတ်သက်ဖူးတဲ့လူဆိုလို့ သူမရဲ့အဒေါ်လ Mai Smith နဲ့ ဝမ်းကွဲ Marianne Nicholson တို့ပဲရှိခဲ့တယ်လို့လည်း တချို့တွေက ဝေဖန်ကြပါတယ်။ ဒီအပြင် သူမကိုယ်တိုင်ကလေည်း Marianne Nicholson ကို “I have never loved but one person with passion in my life, and that was her.” ဆိုပြီး ညွှန်းခဲ့ဖူးတာကြောင့် ဒီထငင်မြင်ချက်ဟာ ပိုပြီး ခိုင်မာလာတယ်လို့ ယူဆခဲ့ကြတာပါ။

READ
လူမျက်နှာပုံကျောက်တုံးတွေကို ပြသထားတဲ့ ဂျပန်ကထူးထူးဆန်းဆန်း ပြတိုက်တစ်ခု

Sir Francis Bacon (၁၅၆၁-၁၆၂၆)

Somer_Francis_Bacon/Wiki

နိုင်ငံရေးအမြင်ကျယ်သူပညာရှင်၊ ရှေ့နေ၊ အတွေးအခေါ်ပညာရှင်အဖြစ် ထင်ရှားခဲ့တဲ့ Sir Francis Bacon ကတော့ တစ်ခတ်တစ်ခါတုန်းက သိပ်ကိုနာမည်ကျော်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ စာအုပ်တိုင်းနီးပါးမှာ Sir Francis Bacon ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ အရည်အချင်းတွေအကြောင်း ဖော်ပြထားခဲ့ပေမယ့် လိင်တူစိတ်ဝင်စားတယ်ဆိုတဲ့အချက်ကိုတော့ သိမ်ငယ်စရာအဖြစ် ထင်မှတ်ရလို့လားမသိပါဘူး၊ တော်ရုံမဖော်ပြခဲ့ကြပါဘူး။ တကယ်တော့ LGBT လောကထဲမှာလည်း ဒီလိုသိပ်ထူးချွန်တဲ့ လူတွေရှိနေတယ်ဆိုတာကို အကြီးဆုံးသက်သေသာကတွေထဲ ဒီပုဂ္ဂိုလ်လည်း ပါဝင်လို့နေခဲ့ပါတယ်။ Sir Francis Bacon ဟာ သူ့ရဲ့အိမ်မှာရှိတဲ့ အစေခံပေါင်း ၇၅ ယောက်စလုံးဟာ သန့်သန့်ပြန့်ပြန့် အမျိုးသားတွေဖြစ်ပြီး အဲဒီအထဲက Tobie Matthew နဲ့ တော်တော်ရင်းနှီးခဲ့ကြပါတယ်။ ဒါပေမဲ့လည်း Sir Francis Bacon ကြောင့်သာမဟုတ်ရင် ကျွန်တော်တို့တွေ စကြာဝဠာအကြောင်း ဒီလောက်အထိ ထဲထဲဝင်ဝင် သိနိုင်ဦးမှာမဟုတ်ဘူးလို့တော့ ယူဆမိပါတယ်။

Alan Hart (၁၈၉၀-၁၉၆၂)

Alan_L_Hart/Wiki

Alan Hart ကတော့ သိပ်ပြီးနာမည်ကြီးလှတဲ့ သိပ္ပံပညာရှင်တော့ မဟုတ်ခဲ့ပါဘူး။ Yale တက္ကသိုလ်ထွက် ကျန်းမာရေးကျွမ်းကျင်ပညာရှင်နဲ့ သုတေသီတစ်ယောက်အဖြစ် ဖော်ပြခြင်းခံခဲ့ရပြီး အဲဒီခေတ်တုန်းက အမေရိကနဲ့ ဥရောပတို့မှာ အသက်ဆုံးရှုံးသည်အထိ ဖြစ်ခဲ့ရတဲ့ တီဘီရောဂါအတွက် ကုသပေးတဲ့နေရာမှာ ထင်ရှားခဲ့ပါတယ်။ ပုံကိုကြည့်လိုက်မယ်ဆိုရင်တော့ အမျိုးသားတစ်ယောက်လို့ ထင်နိုင်ကြပေမယ့် တကယ်တမ်းတော့ Alan Hart ဟာ transgender အမျိုးသမီးတစ်ဦးပါ။ Transgender ဆိုတာ လိင်ပြောင်းသူကိုမဟုတ်ဘဲ အဝတ်အစားနဲ့နေပုံထိုင်ပုံတွေကို ဆန့်ကျင်ဖက်လိင်အဖြစ် ခံယူထားသူတွေလို့ ဆိုလိုတာပါနော်။ အမေရိကရဲ့ပထမဦးဆုံးသော transgender အမျိုးသမီးတစ်ယောက်အဖြစ် အသိအမှတ်ပြုခြင်းခံခဲ့ရပါတယ်။ အိမ်ထောင် ၂ ဆက်ကျခဲ့ပြီး ဝတ္ထုပေါင်းများစွာကို ရေးသားခဲ့ကာ လူ့လောကထဲက မထွက်ခွာခင်အထိ Connecticut ပြည်နယ်က တီဘီအဖွဲ့အစည်းက ပြည်လည်ထူထောင်ရေးနဲ့ ဆေးကုသရေးအပိုင်းတို့မှာ တာဝန်ထမ်းဆောင်သွားခဲ့ပါတယ်။

Alan Turing (၁၉၁၂-၁၉၅၄)

Alan_Turing_Aged_16/Wiki

Alan Turing ဟာ ယနေ့ဘာသာရပ်တစ်ခု၊ အသက်မွေးဝမ်းကျောင်းတစ်ခုအနေနဲ့ ရပ်တည်နေတဲ့ ကွန်ပြုတာသိပံ္ပနဲ့ cryptology တို့ကို မွေးထုတ်ပေးခဲ့တဲ့ ဖခင်ကြီးလို့ တင်စားခံနေရတဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ဒီလိုသမိုင်းတွင်စေဖို့အတွက် အရာအားလုံးကတော့ ဒုတိယကမ္ဘာစစ်ကာလမှာ အစပြုခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်း ဂျာမန်တွေရဲ့ Enigma Code ကို ဖော်လိုက်တာဟာ Turing အတွက်တော့ သမိုင်းတွင်စေမယ့် လုပ်ရပ်တစ်ခုကို လုပ်လိုက်သလိုပါပဲ။ Enigma Code ဆိုတာဟာ ဂျာမန်တွေရဲ့ ရေငုတ်သင်္ဘောလိုမျိုးမှာ အချင်းချင်းလျှို့ဝှက်စွာဆက်သွယ်နိုင်ဖို့ အသုံးတဲ့အချက်ပြစနစ်တစ်ခုပါ။ ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့မှာ စလုပ်ဆောင်ခဲ့ပြီး Enigma Code က စာတွေကို အတိအကျပြန်ဖော်ပြနိုင်မယ့် စက်တစ်ခုကို တည်ထွင်ခဲ့တာပါ။ ဒါကြောင့်လည်း ဒုတိယကမ္ဘာစစ်ကြီးကို ပိုစောစောပြီးသွားစေခဲ့တယ်လို့ ယူဆရပြီး သေချာတာတော့ ဂျာမန်တွေလက်ထဲကနေ ထောင်ချီတဲ့အသက်တွေကို ကယ်တင်ပေးခဲ့တာပဲဖြစ်ပါတယ်။ Alan Turing အကြောင်း ပြောမယ်ဆိုရင် သူ့ရဲ့ လိင်တူချစ်စိတ်ရှိတယ်ဆိုတာကိုလည်း ဖယ်ထုတ်ထားလို့ မရပါဘူး။ Alan Turing ရဲ့ အချစ်ဦးဟာ တီဘီရောဂါတစ်မျိုးဖြစ်ကာ ၁၉၃၀ မှာပဲ အသက်ဆုံးရှုံးခဲ့ရတဲ့ Christopher Morcom ဆိုတဲ့ အမျိုးသားတစ်ယောက်ပါ။

READ
ကမ္ဘာကြီးနဲ့သဟဇာတဖြစ်စေမယ့် Recyclingနည်းလမ်းတွေ အကြောင်း

Alan Truing ဟာ သူ့ရဲ့ဖုံးကွယ်လို့တဲ့ အပြုအမူတွေကြောင့်ပဲ လိင်တူချစ်ကြိုက်သူမှန်း အလုပ်ထဲကလူတွေ သိသွားခဲ့ကြပြီး သတင်းပြန့်ကုန်ကာ အရွယ်ရောက်ပြီးသား လူအချင်းချင်းတောင်မှပဲ ခွဲခြားဆက်ဆံမှုတွေနဲ့ အနိုင်ကျင့်တာတွေလုပ်ခဲ့ကြပြီး အလုပ်ထုတ်ပစ်ခဲ့ပါတယ်။ အသက် ၄၁ နှစ်အရွယ် ၁၉၅၄ ခုနှစ် ဇွန်လ ၇ ရက်နေ့မှာတော့ သေဆုံးသွားခဲ့ရပြီး သေဆုံးစဉ် သူ့ရုပ်အလောင်းဘေးမှာ တစ်ဝက်လောက်နီးနီးစားထားတဲ့ ပန်းသီးတစ်လုံးကို တွေ့ခဲ့ရပါတယ်။ ရင်ခွဲစစ်ကြည့်တဲ့အခါမှာတော့ အစာအိမ်ထဲ ဆိုင်ယာနိုက်အဆိပ်ကို တွေ့ခဲ့ရတာကြောင့် ကိုယ့်ကိုကိုယ်သတ်သေဖို့အတွက် ပန်းသီးမှာ အဆိပ်ရည်သုတ်စားခဲ့တယ်လို့ ယူဆခဲ့ကြပါတယ်။ ဒါပေမဲ့လည်း တချို့ကျတော့လည်း Alan Turing ဟာ အစိုးရအဖွဲ့အစည်းမှာ အလုပ်လုပ်နေသူဖြစ်ပြီး လိင်တူချစ်ကြိုက်သူအဖြစ် သေချာသွားတာကြောင့် အရှက်ရစေမှာဖြစ်လို့ သတ်ပစ်လိုက်ကြတယ်လို့လည်း ထင်ကြေးတွေရှိနေခဲ့ပါတယ်။

Penny

SHARE