အခန်းတွေရဲ့ အနုစိတ်ပုံရိပ်တွေကို လက်ရာမြောက်စွာ ဖန်တီးထားတဲ့ အံ့ဖွယ်ပါရမီရှင်

ibuildsmallthings

အနုပညာရှင်တစ်ဦးဖြစ်တဲ့ ခရစ္စတိုလာဒိုဟာ အရာဝတ္ထုသေးသေးလေးတွေကို ဖန်တီးနေသူဖြစ်ပါတယ်။ သူဟာ သမိုင်းဝင်အဆောက်အဦးတွေရဲ့ အတွင်းပိုင်းအပြင်အဆင်နဲ့ အခန်းလေးတွေကို (၁း၁၂) အချိုးနဲ့ အသေးစိတ်ဖန်တီးနေတာ ဖြစ်ပါတယ်။

ခရစ္စဟာ အရမ်းစိတ်ရှည်တဲ့သူတစ်ယောက်ဖြစ်တာကို သူ ဖန်တီးထားတဲ့ အခန်းငယ်လေးတွေကို ကြည့်ရင် သိနိုင်ပါတယ်။ သူက ငယ်ငယ်ကတည်းက အနုပညာနဲ့ ဗိသုကာပညာရပ်ကို နှစ်ခြိုက်ခဲ့သူတစ်ဦးပါ။ ဒါကြောင့် အခုအခါမှာတော့ လူထောင်ပေါင်းများစွာကို အံ့အားသင့်လေးစားအားကျစေခဲ့တဲ့ ခရစ္စရဲ့ လက်ရာကောင်းတွေကို boredpanda က တဆင့် တွေ့မြင်ရတာပဲ ဖြစ်ပါတယ်။

“ကျွန်တော်ဖန်တီးထားတဲ့ ပုံစံတွေက သေချာသုတေသနပြုပြီးမှ ပြန်လည်ဖန်တီးတာပါ။ (၂၀) ရာစုနှစ် အစောပိုင်းကစလို့ အိမ်ဒီဇိုင်းတွေနဲ့ အဆောက်အဦးဂိုက်ဒ်လိုင်းတွေကို သေသေချာချာ စုဆောင်းခဲ့တာပါ။ ဒါမှ ကျွန်တော်ဆောက်ထားတဲ့ အခန်းလေးတွေက အတိတ်ကို ပြန်ထင်ဟပ်စေမယ်လေ…” လို့ ပြောပြခဲ့ပါသေးတယ်။

ibuildsmallthings
ibuildsmallthings
ibuildsmallthings
ibuildsmallthings
ibuildsmallthings

Im so happy with how my 1920s fridge turned out! For this piece, I started with a Monitor Top Refrigerator by Dee’s Delights. The existing hinges and hardware were all removed using a disk sander and the side seams were filled in with Bondo Body Filler. The whole thing was then sanded and repainted in a white enamel. The new hardware was made from brass, plated in nickel and aged a bit before installing.

Posted by Chris Toledo Miniatures on Wednesday, May 15, 2019

ibuildsmallthings
ibuildsmallthings

 

ibuildsmallthings
ibuildsmallthings

ibuildsmallthings
ibuildsmallthings
ibuildsmallthings

လင်းလင်း (ShweMom)

SHARE