Valentine’s Day မှာ လက်ဆောင်ပေးတဲ့ဓလေ့ ပေါ်ပေါက်လာခဲ့ပုံသမိုင်းကြောင်း

Valentine’s Day (ချစ်သူများနေ့) ဟာ ကမ္ဘာတဝှမ်း လူသိအများဆုံး အထိမ်းအမှတ်နေ့များထဲမှာ တစ်နေ့အပါအဝင်ဖြစ်ပါတယ်။ နှစ်စဉ် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ ကျင်းပကြပြီး ချစ်သူများအချင်းချင်း လက်ဆောင်လဲလှယ်တဲ့ကြတဲ့ ဓလေ့လည်း ရှိပါတယ်။

Valentine’s Day မှာ ပေးကြတဲ့ အဓိကလက်ဆောင်တွေကတော့ ၃ မျိုးရှိပါတယ် – ပန်းတွေ၊ ကတ်တွေနဲ့ ချောကလက်ဖြစ်ပါတယ်။ ဒါဆို ဒီလက်ဆောင် ၃ မျိုးက ဘယ်အစဉ်အလာကနေ ဆင်းသက်လာခဲ့တာလဲ။ အောက်မှာတော့ ဗယ်လင်တိုင်းဒေးရဲ့ အပေးများဆုံး လက်ဆောင် ၃ မျိုးရဲ့ သမိုင်းကြောင်းကို ရှင်းပြထားပါတယ်။

Pixabay

Valentine’s Day မှာ ပန်းပေးကြတဲ့ ဓလေ့ကတော့ ၁၇ ရာစုက စတင်ခဲ့တာပါ။ နှင်းဆီပန်းတွေဟာ အချစ်နတ်ဘုရားမ ဗီးနပ်စ်ရဲ့ အနှစ်သက်ဆုံးပန်းဖြစ်တဲ့အလျောက် အချစ်နဲ့ပတ်သက်တဲ့ ခံစားမှုတွေကို ဖော်ပြလို့ အကောင်းဆုံး ပန်းတွေ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် ထိုနေ့မှာ နှင်းဆီပန်းတွေကို ရွေးချယ်မှု များလာကြတာပါ။ ကိုယ်ချစ်တဲ့သူကို ကိုယ်ဘယ်လောက်ချစ်ကြောင်း ဖော်ပြဖို့အတွက် ပန်းပေးကြတဲ့ ဓလေ့ဖြစ်လာခဲ့ပါတယ်။

READ
ပြောင်လက်တောက်ပတဲ့ မြေဘောလုံးလေးတစ်လုံးရဖို့ စိတ်ဝင်စားဖွယ်ပြုလုပ်နည်း

ကတ်တွေ ပေးတာကရော ဘယ်လိုခေတ်စားလာခဲ့သလဲဆိုတော့.. ၁၄၁၅ ခုနှစ်တုန်းက ပြင်သစ်နိုင်ငံ Orleans မြို့ရဲ့ မြို့စား Charles ဟာ သူ့ရဲ့ ဇနီးသည်ဆီကို Valentine’s Day မှာ ကဗျာလေး ရေးပြီး ပို့ခဲ့ပါတယ်။ ထိုစဉ်တုန်းက သူဟာ လန်ဒန်မျှော်စင်မှာ အချုပ်ကျနေခဲ့တာပါ။ ၁၆ ရာစုလောက်မှာတော့ Valentine’s Day နေ့မှာ ပို့စကတ်တွေ ပေးကြတဲ့ ဓလေ့ဟာ သိပ်ကို ခေတ်စားလာခဲ့လို့ ဘာသာရေးခေါင်းဆောင်တွေကတောင် တားမြစ်ခဲ့ကြရပါတယ်။ ၁၉ ရာစုလောက်မှာတော့ ဒါဟာ V Day မှာ အချစ်ကို ဖော်ပြဖို့ အကောင်းဆုံးနည်းဖြစ်လာခဲ့ပါတယ်။

Pixabay

Valentine’s Day မှာ ချောကလက် ပေးကြတဲ့ သမိုင်းကြောင်းကတော့ ဒီလိုပါ။ ၁၇ ရာစုလောက်က စပိန်ကုန်သည်ကြီး တစ်ဦးဟာ ချောကလက်ဆိုတဲ့ အချိုခဲလေးတွေကို ဥရောပကနေ အမေရိကဘက်သို့ စတင်သယ်ယူ မိတ်ဆက်ပေးခဲ့ပါတယ်။ ဥရောပမှာရော အမေရိကမှာပါ ခေတ်စားလာခဲ့တဲ့ ချောကလက်တွေဟာ ချစ်သူများနေ့မှာ ကိုယ့်ချစ်သူကို လက်ဆောင်ပေးဖို့ ရွေးချယ်လို့ အကောင်းဆုံး မုန့်အချိုတစ်မျိုး ဖြစ်လာခဲ့ပါတယ်။

READ
အိပ်ယာဝင်ခါနီးစာဖတ်ရင် ရရှိလာမယ့်အကျိုးကျေးဇူးများ
Pixabay

ယခုခေတ်မှာတော့ ချစ်သူကောင်လေးတွေ၊ ခင်ပွန်းတွေက Valentine’s Day နေ့မှာ သူတို့ရဲ့ ချစ်သူ၊ ဇနီးတွေကို အပေါ်က အခြေခံအကျဆုံး လက်ဆောင်သုံးမျိုးကို အဓိက ပေးလာကြပါတယ်။ ဒါဆို V Day ရဲ့ ပေါ်ပြူလာအဖြစ်ဆုံး လက်ဆောင်သုံးမျိုးအကြောင်းကို သိသွားကြပြီဟုတ်..? ဒါပေမယ့် အဲ့ဒီ့နေ့မှာ အဲ့လိုတွေပဲ ပေးရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူးနော်။ ကိုယ်လည်း ကိုယ့်အိုင်ဒီယာအတိုင်း စိတ်ကြိုက်လက်ဆောင်လေးတွေကို ပေးလို့ရပါတယ်။ ဘယ်သူပြောနိုင်မလဲ.. ကိုယ်စပေးခဲ့တဲ့ လက်ဆောင်ဓလေ့က နောက်နှစ်ပေါင်း ၃၀၀ လောက်မှာလည်း V Day လက်ဆောင်အဖြစ် တစ်ကမ္ဘာလုံးက လိုက်လုပ်နေကြမလားဆိုတာ..။ <3

Ref: Street Directory

SHARE