ဆေးလိပ်အစား Vape ထွင်ကာမှ ဆေးလိပ်ရော Vape ပါ သုံးစွဲလာပြီး ဆိုးကျိုးတွေပိုများလာ

Twitter / Slate

လူတွေဟာ နှစ်ပေါင်းထောင်နဲ့ချိီကြာ နီကိုတင်းပါတဲ့ ဆေးရွက်ကြီးဆေးလိပ်တွေကို ခံစားချက်ကောင်းတဲ့အရာအဖြစ် နှစ်ခြိုက်စွာ သောက်လာခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ နှစ်(၂၂၀)တုန်းကမှ ဆေးလိပ်သောက်ခြင်းဟာ ဘယ်လောက် အန္တရာယ်များတယ်ဆိုတာကို ဆရာဝန်တွေက သိရှိလာခဲ့ကြတာပါ။ 

ဆေးလိပ်သောက်ခြင်းဟာ ကုသလို့မရတဲ့ ရောဂါတွေနဲ့ကင်ဆာ ဖြစ်စေနိုင်တယ်ဆိုပြီး၊ ဒေါက်တာ Benjamin Rushက (၁၇၉၈)ခုနှစ်မှာ ပထမဆုံးဖော်ပြခဲ့သူ တစ်ဦးဖြစ်ပါတယ်။ (၁၈၀၀)ခုနှစ်မှာ ဆေးလိပ်သောက်သူတွေမှုာ ပါးစပ်ကင်ဆာတွေ၊ တစ်ချို့ဆို အဆုတ်ကင်ဆာတွေဖြစ်လာပြီး (၁၉၂၀)ခုနှစ်မှာ လူ(၁၀၀၀)နီးပါး အထိဖြစ်လာခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာ ပညာရှင်တွေက အနံ့နံတဲ့ စီးကရက်တွေ မပါဘဲ နီကိုတင်း အတော်အသင့်ပါတဲ့ နည်းလမ်းသစ်တစ်ခုကို တီထွင်ခဲ့ပါတယ်။ အဲဒါကတော့ vapeဖြစ်ပါတယ်။  ဒါပေမယ့်လို့ လူတွေက ဆေးလိပ်ကိုပဲ ဆက်လက်သောက်သုံးနေကြပြီး၊ (၁၉၅၀)ပြည့်နှစ်နဲ့(၆၀)ခုနှစ်လောက်ကျမှ အများစုက စီးကရက်ရဲ့ကျန်းမာရေးဆိုးကျိုးတွေအကြောင်း စိုးရိမ်စပြုလာခဲ့ကြပါတယ်။

(၁၉၆၃)ခုနှစ်မှာ Herbert Gilbert ဆိုသူက မီးခိုးမထွက်တဲ့ စီးကရက်ကိုစထွင်ခဲ့ပါတယ်။ ဒါပေမယ့်လို့ ပစ္စည်းထုတ်လုပ်ဖို့အတွက် ရင်းနှီးမြှုပ်နှံမယ့်သူတစ်ယောက်မှမရှိခဲ့လို့ မအောင်မြင်ခဲ့ပါဘူး။ (၂၀၀၃)ခုနှစ်မှာတော့ ယနေ့ခတ်လူသိများတဲ့ vape ဆိုတာကို တရုတ်ဆေးလိပ်သမားနဲ့ ဆေးဝါးဆရာHon Lik ကတီထွင်ခဲ့ပါတယ်။ သူကိုယ်တိုင်ကလည်း တစ်နေ့ဆေးလိပ်(၃)လိပ် သောက်သူဖြစ်သလို၊ ဖခင်ဖြစ်သူက ဆေးလိပ်ကြောင့် ကင်ဆာနဲ့သေဆုံးသွားရာက သူဒီပစ္စည်းသစ်ကိုတီထွင်ဖို့ ဖြစ်လာခဲ့တာလို့ဆိုပါတယ်။ စီးကရက်ငွေ့တွေအစား ရေခိုးငွေ့တွေကို သုံးမယ်ဆိုရင် အကူအညီဖြစ်နိုင်တယ်ဆိုပြီး တီထွင်ခဲ့တာပါ။ ဒါပေမယ့်လို့ လူတော်တော်များများက နှစ်မျိုးသုံးတွေပါ။ ကျွန်တော်ကိုယ်တိုင်ကိုက စီးကရက်ရော ၊ vape ရောနှစ်ခုလုံးသုံးနေတာလို့ဆိုပါတယ်။

အမေရိကန်နိုင်ငံမှာ ယနေ့ခေတ်မှာ ဆယ်ကျော်သက်တော်တော်များများက နီကိုတင်း ပါတဲ့ vaping တွေကို အသုံးပြုနေကြပြီး၊ အထက်တန်းကျောင်းသူကျောင်းသား(၆)ရာခိုင်နှုန်းခန့် ပုံမှန်vape သုံးစွဲနေကြပါတယ်။

နီကိုတင်းပါဝင်တဲ့ vape ရော၊ စီးကရက်ရော နှစ်မျိုးစလုံးသောက်သုံးမှုတွေရှိလာတာကြောင့် အမေရိကန်နိုင်ငံတစ်ဝန်း လူ(၃၇)ဦးသေဆုံးသွားခဲ့ပြီး ၊ အမေရိကန်သမ္မတဒေါ်နယ်လ်ထရမ့်က ဒီ vapingတွေကြောင့် လူတွေသေတာလို့ဆိုပြီး vape အများစုကို ပိတ်ဖို့ အစီအစဉ်ရှိတယ်လို့ ပြောသွားခဲ့ပါတယ်။

Khaing

SHARE