ကမ္ဘာကျော်အစားအစာများရဲ့ နောက်ကွယ်ကသမိုင်းကြောင်းများ

လူတွေဟာအသက်ရှင်ရပ်တည်နိုင်ဖို့အတွက် အစာအာဟာရဆိုတာ လိုအပ်ပါတယ်။ သို့ပေမယ့် နှစ်တွေကြာလာတာနဲ့အမျှ အစားအသောက်တွေကို အသက်ရှင်ရုံသက်သက်သာ မစားသုံးကြတော့ဘဲ စိတ်ချမ်းသာမှုတစ်ခုအတွက်ပါ ထပ်တိုးပြီး အရသာခံစားသောက်လာကြပါတယ်။

အခုကျွန်တော်တို့စားသောက်နေကြတဲ့ ချောကလတ်တို့၊ ပေါင်မုန့်တို့လို အစားအစာတွေဟာ သဘာဝကနေ တိုက်ရိုက်ရပြီး စားသောက်နေတဲ့ အစားအစာတွေမဟုတ်ပါဘူး။ သဘာဝကြီးထံမှရတဲ့ပစ္စည်းတွေကို အချိုးကျပြန်လည်ပေါင်းစပ်ဖန်တီးပြီးမှ ရရှိလာတဲ့ လူလုပ်အစားအသောက်တွေပဲဖြစ်ပါတယ်။

သူတို့ရဲ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကိုတော့ တော်ရုံလူသိကြမှာမဟုတ်တဲ့အတွက် ကမ္ဘာကျော်အစားအသောက်တချို့ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

Caviar

pixabay

Caviar ကိုမြင်သာအောင်ပြောမယ်ဆိုရင်တော့ ငါးဥဆားနယ်လိုပုံစံမျိုးပါ။ နှစ်ပေါင်း (၆၀၀၀) လောက်ကတည်းကိုက ဒီအမယ်ဟာ ကိုရီးယားတို့၊ ထိုင်းတို့ရဲ့ဟင်းလျာတွေထဲ တွေ့ခဲ့ရပါတယ်။ အခုအခါမှာတော့ တစ်ကမ္ဘာလုံးရဲ့ ဈေးကြီးဟင်းလျာတွေထဲမှာ အမျိုးအမယ်တစ်ခုအဖြစ်ပါဝင်နေပါပြီ။

pixabay

Vanilla

pixabay

Vanilla ရေခဲမုန့်၊ vanilla ကိတ်မုန့်၊ vanilla အရသာစသည်ဖြင့် အချိုပွဲမျိုးစုံမှာတွေ့နေကျဖြစ်တဲ့ vanilla ကိုတော့ တောင်အမေရိကတိုက်ရဲ့ရိုးရာစားစရာအဖြစ် အစောပိုင်းတုန်းက သတ်မှတ်ထားခဲ့ကြပါတယ်။ သို့ပေမယ့် အစ္စရေးမှာရှိတဲ့ Megiddo မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃၆၀၀) လောက်က သိုလှောင်ထားခဲ့တဲ့ vanilla အိုးလေး သုံးအိုးကို တွေ့ခဲ့တဲ့အတွက် vanilla ဟာ အစ္စရေးမှဆင်းသက်လာတယ်လို့ ပြောင်းလဲကာသတ်မှတ်ခဲ့ကြပါတယ်။

READ
ကိုယ်တိုင်အားထုတ်ထားတဲ့ အောင်မြင်မှုတွေကို အခိုးခံခဲ့ရတဲ့ နာမည်ကျော်မိန်းမသား ၄ ဦး
pixabay

ဝိုင်

ခရစ်တော်ရဲ့ကြီးမြတ်တဲ့အစားသောက်တွေထဲမှာတောင် ဝိုင်ဟာပါဝင်နေတဲ့အတွက် ခရစ်တော်မတိုင်ခင် B.C ခုနှစ်တွေကတည်းကိုက ဝိုင်ကိုစပြီး သောက်သုံးနေကြတာ ခန့်မှန်းမိကြမှာပါ။ သက်တမ်းအကြာဆုံးဝိုင်ဝိုင်ကို စတင်တွေ့ရှိခဲ့တာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၁၀၀) လောက်က အာမေးနီးယားမှာ တွေ့ခဲ့တာပါ။ ခန့်မှန်းချက်အရ ရေခဲခေတ်ဖြစ်ပြီးနောက်ပိုင်းB.C ၆၀၀၀ မှ ၅၈၀၀ ခုနှစ်အတွင်း ဂျော်ဂျီယာလူမျိုးများမှ စတင်တီထွင်ခဲ့တယ်လို့ သိရပါတယ်။

pixabay

ပေါင်မုန့်

လယ်ယာစိုက်ပျိုးရေးအသိကို မသိခင်ကတည်းကပေါင်မုန့်ကိုပြုလုပ်ခဲ့တယ်လို့ပြောရင် သင်ယုံကြည်နိုင်ပါ့မလာား။ တွေ့ရှိချက်အရ ကမ္ဘာ့သက်တမ်းအကြာဆုံးပေါင်မုန့်ဟာ ဂျော်ဒန်မှာတွေ့ခဲ့ပြီး နှစ်ပေါင်း (၁၄,၀၀၀) လောက်ကြာနေပြီလို့ ခန့်မှန်းရပါတယ်။ သဘာဝအလျောက်ပေါက်နေတဲ့ ဂျုံရိုင်းတွေ၊ သစ်ဥသစ်ဖုတွေ၊ စပါးမျိုးတွေ၊ ဘာလီနဲ့ einkorn လို့ခေါ်တဲ့ ရှေးဟောင်းဂျုံမျိုးစိတ်တို့ကို သုံးကာ ပေါင်မုန့်ပြုလုပ်ခဲ့ပါတယ်။

pixabay

ချောကလတ်

pixabay

ကမ္ဘာ့အနှစ်သက်ဆုံး အချိုးတည်းစရာအစားအစာကိုပြပါဆိုရင် ချောကလတ်ကိုပြရမှာပါပဲ။ အမေရိကလူနေမှုဖြစ်တဲ့ Olmec နဲ့ Aztec တို့မှ ချောကလတ်ကို စတင်တီထွင်ခဲ့တယ်လို့သိရပါတယ်။ ၁၉၀၀ B.C လောက်တုန်းက အဲဒီလူမျိုးစုတွေဟာ အခါးအရသာရှိတဲ့ ဟင်းခတ်အမွှေးအကြိုင်ကို တီထွင်ရင်းနဲ့ ချောကလတ်ဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။ ချောကလတ်ရယ်လို့ မယ်မယ်ရရဖြစ်တာကို တွေ့ရတာကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၃၀၀) လောက်တုန်းက Ecuador ဒေသမှာ တွေ့ခဲ့တာပါ။ Ecuador ဒေသဟာာ ချောကလတ်ပြုလုပ်တဲ့ Theobroma cacao အပင်တွေ စပေါက်ခဲ့တဲ့ ဒေသလည်းဖြစ်ပါတယ်။

READ
မထင်မှတ်ထားနည်းလမ်းလေးများနဲ့ အကြီးအကျယ် ထောင်ဖောက်ပြေးကြသူများ (၂)
pixabay

Source: Elite Readers , wikipedia

Penny

SHARE